မန္တလေးမြို့KBZဘဏ်ခွဲ(၉)ကို ကျောက်ခဲတွေထည့်ထားတဲ့အိတ်အမဲနဲ့ သိန်း(၄၀၀)ခန့် ဓားမြတိုက်သွား

ဇွန် ၁၇-၂၀၂၂
Voice Of Myanmar

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်း ၆၂၆၃ကြားရှိ KBZဘဏ်ခွဲ(၉)မှာ ဒီကနေ့မနက်ပိုင်းက ဓားမြတိုက်ခံခဲ့ရပြီး ငွေကျပ် သိန်း(၄၀၀)ပါသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

” သေနတ်အတို ပါတယ် စုစုပေါင်း ၄၊၅ယောက်လောက်တော့ရှိတယ်၊ သူတို့တွေက လုံခြုံရေးတွေကို ဝပ်ခိုင်းထားပြီး သိန်း၄၀၀ကျော်ယူသွားတယ်၊ ကောင်တာပေါ်ကို ဗုံးပုံစံလုပ်ထားတဲ့ အိတ်အမဲတင်ပြီး ရဲတိုင်ရင် ဖောက်ခွဲမယ်လို့လည်း ခြိမ်းခြောက်သွားသေးတယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။

125ဆိုင်ကယ်နဲ့ အမျိုးသားတဦးက ဘဏ်ဝန်ထမ်းဖြစ်သူကို သေနတ်နဲ့ချိန်ကာ မလှုပ်ဖို့ပြောဆိုခဲ့ကြောင်း၊ နောက်ထပ် အမျိုးသား ၄ ဦးက ဘဏ်ကောင်တာကို သေနတ်နဲ့ချိန်ကာ ဝန်ထမ်းတွေကို ခေါင်းငုတ်ခိုင်းထားပြီး ငွေကျပ် သိန်း ၄၀၀ ခန့်ကို ကျောပိုးအိပ်ထဲထည့်ဓားမြတိုက်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘဏ်ကောင်တာပေါ်ကို ဗုံးပုံစံလုပ်ထားတဲ့ အမဲရောင်အထုပ် ၁ ထုပ်တင်ပြီး နာရီဝက်အတွင်း ရဲစခန်းကို အ​ကြောင်းကြားရင် ဖောက်ခွဲပစ်မယ်လို့ ပြောဆိုကာ ဆိုင်ကယ်တွေနဲ့ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဓားမြတိုက်မှုဖြစ်ပွားပြီးတဲ့အချိန် ဘဏ်ကောင်တာပေါ်က အထုပ်မဲကို စပ်တပ်ကရှင်းလင်းရာမှာတော့ အနက်ရောင်ကြွပ်ကြွပ်အိပ်ထဲ ကျောက်ခဲလုံးထည့်ပတ်တာကို တွေ့ခဲ့ရတယ်လို့လည်း သိရပါသည်။

#voiceofmyanmar #VOM #မန္တလေး #KBZ #ဓားမြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW