ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်ကြားက ရွာပေါင်း ၁ ဒါဇင်ကျော်က လူတွေ ထွက်ပြေးနေရ

ဇွန် ၊ ၂၀ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ်ရဲ့ မြောက်ပိုင်း ကျွန်းလှမြို့နယ်နဲ့ကြားက ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံပြည်သူ ၃ ထောင်ကျော်ဟာ ပစ်ခတ်တာတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကန့်ဘလူမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

” ပစ်ခတ်တာတွေကြောင့် ရွာထဲကို လက်နက်ကြီး ကျည်တွေကျတယ် ၊ ပစ်တာက ၂ ဖက် ပစ်တာဖြစ်လို့ ၊ ဘယ်အဖွဲ့က ပစ််တဲ့ လက်နက်ကြီး ကျည်မှန်း မသိရဘူး “လို့ မန်ကျည်းကုန်းရွာခံတစ်ယောက်က ပြောပါတယ်။

အဲ့ဒီလို ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ရွာခံတချို့ ထိမှန်ဒဏ်ရာရတဲ့အတွက် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင် နေရတာဖြစ်တယ်လို့ သိရပါတယ်။

” ညောင်ကုန်း ၊ ပလူသာ ၊ မန်ကျည်းကုန်း၊ သရက်တော ၊ တောင်ယာဆိပ် ၊ ဘအင်း ၊ ပေကုန်း ၊ လယ်လှ ၊ ကုက္ကိုလ်ကုန်း စတဲ့ ရွာတွေမှာ လူမရှိကြတော့ဘူး ၊ ပြေးကုန်ကြပြီး ရွာပေါင်း ၁ ဒါဇင်ကျော်က လူပေါင်း ၃ ထောင်ကျော်မယ် ” လို့ အမည်မဖော်လိုတဲ့ နယ်ခံတယောက်က ပြောပါတယ်။

ဒါ့အပြင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာသားတွေဟာ နီးစပ်ရာတောတိုက်တွေနဲ့ ကျွန်းလှဘက်က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရတာ ဖြစ်ပါတယ်။

ဒီလ ၁၀ ရက်ကစလို့ ကနေ့အထိ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်ကြားမှာရှိတဲ့ ရွာတွေဘက်ကို စစ်ကြောင်းဝင်ရောက်လာတာဖြစ်ပြီး ၊နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတာလို့ သိရပါတယ်။

#voiceofmyanmar #VOM #ကန့်ဘလူ #ကျွန်းလှ #စစ်ဘေးရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW