ကြံခင်းမှာ အိမ်စီးကားနဲ့ ကုန်ကားတိုက်မိပြီး တယောက်သေ၊ ၃ ယောက်ဒဏ်ရာပြင်းထန်ရရှိ

ဇွန် ၁၉-၂၀၂၂
VOM (GG)

ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ် ၊ ကံဆယ်လမ်းဆုံ မှာ အိမ်စီးကားနဲ့ ကုန်တင်ယာဥ်တိုက်မှုဖြစ်ပြီး တဦးသေ၊ ၃ ဦး ဒဏ်ရာ​ပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဇွန်လ ၁၉ ရက်နေ့ မနက် ၆ နာရီလောက်မှာ ကံဆယ်ကျေးရွာအနီး ၊ကံဆယ်လမ်းဆုံ ၊ပုသိမ်-မုံရွာလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေထဲက ခေါင်းထိသူတဦးက စိုးရိမ်ရတယ်လို့ သိရပါတယ်။

” မနက်အစောကဖြစ်တာ ၊ သေချာတာက ၁ ဦး ကွယ်လွန်တယ်၊တဦးခေါင်းထိတယ်။အမျိုးသမီးပေါင်ကျိုးတယ်။ တဦးကထွက်ပြေးတယ်။ထွက်ပြေးတာကယာဥ်မောင်းဖြစ်လိမ့်မယ် ” လို့ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတဦးကပြောပါတယ်။

အိမ်စီးကားဟာ မြန်အောင်မြို့က ဖြစ်ပြီး ကုန်တင်ကားဟာ ဂဏန်းတွေတင်လာတဲ့ကား ဖြစ်တယ်လို့ သိရပါတယ်။

” အိမ်စီးကားလေးကတော့စုတ်ပြတ်သတ်လို့၊ကုန်ကားကလည်းမှောက်၊ သေတဲ့သူက ကားပေါ်ကနေ လွင့်ကျပြီးသေနေတာ။ အဲ့နေရာကအမြဲကားတိုက်မှုဖြစ်တယ်။သတိထားသင့်တယ် ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရသူတွေကို ဟင်္သာတပြည်သူ့ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

#voicemyanmar #VOM #ကြံခင်း #ယာဥ်တိုက်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW