တာချီလိတ်မှာ ပေ ၄၀ ခန့်နက်တဲ့ချောက်ထဲကနေ ပုတ်ပွနေတဲ့ အမျိုးသမီးအလောင်းတွေ့

ဇွန် ၂၁-၂၀၂၂
VOM( GG)

တာချီလိတ်မြို့နယ်၊ဝမ်လုံးကျေး ရွာအုပ်စု၊ပန်စလိ-ပလောင်ရွာအနီး၊ ပန်စလိ-ဝမ်ကျောက်လုံသွားကားလမ်းဘေးက ပေ၄၀ခန့့် နက်တဲ့ ချောက်ထဲမှာ ပုတ်ပွနေတဲ့အမျိုးသမီးအလောင်းတစ်ခုတွေ့ရှိရတယ်လို့ သိရပါတယ်။

သေဆုံးနေသူရုပ်အလောင်းဟာ ပုတ်ပွနေတဲ့အပြင် မှတ်ပုံတင် အထောက်အထားလည်းမတွေ့ရှိရတာကြောင့် အမည်၊နေထိုင်ရာတွေကို မသိရှိရဘဲ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးဆိုတာကိုသာသိရှိရတယ်လို့ သိရပါတယ်။

“ပြည်သူ့စစ်က ရဲကိုအကြောင်းကြား ရဲကမှအကိုတို့ကိုအကူညီတောင်းတာပေါ့ ။အလောင်းကပုတ်ပွနေလို့ အကိုတို့တောင် အသက်အောင့်လုပ်ရတယ်။သေတာက ၄ရက်၅ရက်လောက်ရှိပြီလို့ထင်တယ်၊ နာမည် လိပ်စာ ဘာအဆက်အသွယ်မှ မရဘူး။ဘယ်သူဘယ်ဝါဆိုတာလည်းမသိရဘူး။ ချောက် ပေ ၄၀ လောက်မှာတွေတာ ၊ပိုင်ရှင်လည်းမရှိဘူး၊ ပြင်ပဒဏ်ရာလည်းတွေ့ဘူး “လို့ တာချီလိတ်လူမှုကူညီရေးအသင်းဝင်တဦးကပြောပါတယ်။

အဲ့ဒီရုပ်အလောင်းတွေ့ရှိတဲ့နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ရုပ်အလောင်းတွေ့ရှိခဲ့တဲ့ မနေက ဇွန်လ ၂၀ ရက်နေ့မှာပဲ ဆရာဝန် ရဲ့ ဆေးစစ်ချက်၊ သက် ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက် နဲ့ မြို့မကျောက်တောင်သုသာန်မှာ မီးသဂြိုလ်ခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #တာချီလိတ် #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW