ရေဦးမြို့နယ် မုံတိုင်ပင်ရွာမှာ သတ်ဖြတ်စွန့်ပစ်ထားတဲ့ လူသေ အလောင်း ၃ လောင်းတွေ့

ဇွန် ၊ ၂၁-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ် ၊ မုံတိုင်ပင်ရွာဘက်က ပန်းကုံး – ကားဘိုး မူးဘောင်လမ်းပေါ်မှာ မနေ့ ဇွန် ၂၀ ရက် ၊ နေ့လယ်ပိုင်းက သတ်ဖြတ်စွန်ံ့ပစ်ထားတဲ့ လူသေ ရုပ်အလောင်း ၃ လောင်း တွေ့ရတယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က နေ့လယ် ၁ နာရီဝန်းကျင်မှာ တွေ့ရတာပါ ၊ အမျိုးသား ရုပ်အလောင်း ၃ လောင်း ဖြစ်တယ် ” လို့ နယ်ခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ သတ်ဖြတ်စွန့်ပစ်ခြင်း ခံထားရတဲ့ ရုပ်အလောင်းတွေဟာ ခရီးသွားလာရင်း အသတ်ခံရတာဖြစ်နိုင်တယ် ကူညီဆောင်ရွက်ပေးခဲ့တဲ့ ပရဟိတသမားတွေက ထင်မြင်ယူဆထားပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ရေဦးမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ” သေဆုံးသူတွေဟာ လူလတ်ပိုင်းတွေဖြစ်တယ် ၊ လည်ပင်းပြတ်ရှနဲ့ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးရတာပါ ၊ ပိုင်ရှင်မဲ့ အမည်မသိ လက်ခံစစ်ဆေးနေပါတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့ကလည်း ရေဦးမြို့နယ်၊ ရွာမိသာကျေးရွာနားမှာ သတ်ဖြတ်စွန့်ပစ်ထားတဲ့ လူသေရုပ်အလောင်း ၂ လောင်း တွေ့ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရေဦး #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW