၁သောင်းတန် အတုပြုလုပ်သူတွေကို ဖမ်းဆီးပြီး တနှစ်အကြာမှာ ထောင် ၁၂ အမိန့်ချ

ဇွန် ၂၁-၂၀၂၂
VOM (GG)

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊အင်္ဂပူမြို့နယ်က ငွေစက္ကူအတုပြုလုပ်သုံးစွဲမှုနဲ့ဖမ်းခံထားရသူ ၄ ဦးအနက် ၃ ဦးကို အမြင့်ဆုံး ထောင် ၁၂ နှစ်အထိ အမိန့်ချလိုက်တယ်လို့သိရပါတယ်။

မနေ့က ဇွန်လ ၂၀ ရက်နေ့မှာပဲ ဟင်္သာတခရိုင်တရားရုံးကနေ အမိန့်ချလိုက်တာဖြစ်ပြီး ၂ ယောက်က ထောင်ဒဏ် ၁၀ နှစ်စီ၊ ၁ ယောက်က ထောင်ဒဏ် ၁၂ နှစ်၊ ကျန်တယောက်ကိုတော့ အပြီးပြတ်လွှတ်လိုက်တယ်လို့ သိရပါတယ်။

“သူတို့ကို ဖမ်းဆီးထားပြီး တစ်နှစ်ကျော်အကြာမှ အမိန့်ချလိုက်တာဖြစ်ပါတယ်၊မျိုးမြင့်ဇော်နဲ့အေးသန်းကကို ၁၀ နှစ်စီချတယ်။ကျော်သူရထွန်း က ၁၂ နှစ်၊ ဟိန်းထက်စံကိုအပြီးပြတ်လွှတ်လိုက်တယ်။မနေ့ကအမိန့်ချတာပါ ” လို့ ရှေ့နေတဦးကပြောပါတယ်။

ဗဟိုဘဏ် ဥပဒေ ပုဒ်မ-၁၀၆ အရ ထောင်၁၀နှစ် ၊ ဗဟိုဘဏ်ဥပဒေပုဒ်မ -၁၀၅ အရ ထောင် ၂ နှစ်ချခဲ့တာဖြစ်ကြောင်းနဲ့ ကျင့်ထုံးပုဒ်မ -၂၅၈/(၁)အရ အပြီးအပြတ်လွှတ်ခဲ့တာဖြစ်တယ်လို့သိရတယ်။

ဇွန်လ ၁၉ ရက်နေ့ကလည်း သထုံမြို့နယ်မှာ ၁သောင်းတန် ငွေစက္ကူအတု ၁၇၁ ရွက်၊ ငါးထောင်တန်ငွေစက္ကူအတု ၁၂၆၅ ရွက်၊ တထောင်တန်ငွေစက္ကုအတု ၁၅ ရွက်နဲ့ ငွေစက္ကူအတုထုတ်တဲ့ ပရင်တာတွေနဲ့ဆက်စပ်ပစ္စည်းတွေနဲ့အတူ ပြုလုပ်သူတွေကိုပါ ဖမ်းဆီးရမိခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းထဲက မရမ်းကုန်း၊ ရွှေပြည်သာ၊ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့လပိုင်းတွေက ငွေစက္ကူအတုတွေ ဆက်တိုက်ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

Photo-ရန်ကုန်မှာဖမ်းမိခဲ့တဲ့ ငွေစက္ကူအတု(ပုံဟောင်း)
#voiceofmyanmar #VOM #ငွေစက္ကူအတုလုပ်သူတွေ #ထောင်၁၂နှစ်ချ

Related posts

Leave a Comment

VOM News

FREE
VIEW