ပြည်မြို့က မုန့်မျိုးစုံအရောင်းဆိုင်တခု အနုကြမ်းစီး ခံရပြီး တဦးဒဏ်ရာရရှိ၊ လုယက်သူကို ဖမ်းမိ

ဇွန် ၂၃-၂၀၂၂
VOM (GG)

ပြည်မြို့၊ကျောင်းကြီးအိုးတန်းရပ်ကွက် ကုန်သည်လမ်းကမုန့်မျိုးစုံ​ရောင်းချတဲ့ဆိုင်တဆိုင် ဒီကနေ့ မနက် ၁၀ နာရီခန့်က အနုကြမ်းစီးခံရပြီး လုယက်သူကိုဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဝင်ရောက်လုယက်စဥ် ဆိုင်ပိုင်ရှင် မိသားစုဝင်တဦး ကတ်ကြေးနဲ့အထိုးခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။

” မုန့်ဆိုင်ထဲမှာ ကျမအမ တယောက်ပဲရှိနေတာ၊ အဲ့ဒီအချိန်မှာ ဘာမပြောညာမပြောနဲ့ အနားမှာရပ်​နေတဲ့အမကို ဇာတ်ခနဲပါးစပ်ကို သူ့လက်နဲ့ လှမ်းပိတ်လိုက်ပါတယ် ၊ ပါးစပ်ကိုပိတ်ထားတဲ့အချိန်မှာ​​ပဲ အသင့်ယူဆောင်လာတဲ့ ကပ်ကျေးနဲ့ ညာဖက် နားရွက်အနောက်နားက လည်ပင်းနေရာကို ထိုးပါတယ်၊ကျမ အမက ပါးစပ်ကိုအုပ်လိုက်တဲ့အချိန်မှာပဲ အနုကြမ်းသမားရဲ့လက်ကို အားကုန်သုံးပြီး ဆွဲဖယ်ပါတယ် အော်နိုင်သလောက်လည်း အော်ဖို့ကြိုးစားပါတယ်၊ ရုန်းရင်းဆန်ခတ်ဖြစ်နေတာမို့ အနုကြမ်းသမားက ချက်ကောင်းကိုမထိုးနိုင်ခဲ့ပါဘူး “လို့ ဆိုင်ပိုင်ရှင်ကပြောပါတယ်။

ဆိုင်ထဲကို ဝင်ရောက်လုယက်သူဟာ အသက် ၁၇ နှစ်အရွယ် လူငယ်တဦးဖြစ်ကြောင်း၊ ဆိုင်ထဲကနေ ထွက်ပြေးစဥ် ဆိုင်ပိုင်ရှင် အမျိုးသားဖြစ်သူက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ​ပြောပါတယ်။

လက်ရှိမှာ လုယက်သူကို သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်ပြီး အရေးယူမှုပြုလုပ်နေတယ်လို့သိရပါတယ်။

ပြည်မြို့မှာ ရွှေဆိုင်ဓားပြတိုက်ခံရတာ၊ ဆိုင်ကယ်နဲ့ဖုန်းလုယက်ခံရတာ၊ ဝတ်ဆင်ထားတဲ့ရွှေလုခံရတာ ၊နေအိမ်က ရေမော်တာစက်တွေ ဖြုတ်ခိုးခံရတာတွေရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ပြည်မြို့ #အနုကြမ်းစီးခံရသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW