ဘီးလင်းမြို့နယ် NLD ပါတီိ ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်အမတ် ဦးကျော်မျိုးမင်း ဖမ်းဆီးခံရ

ဇွန် ၂၃-၂၀၂၂ VOM (GG) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးကျော်မျိုးမင်းဟာ မနေ့ ဇွန်လ ၂၂ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ ဦးကျော်မျိုးမင်းဟာ ပုဒ်မ ၅၀၅ (က) အပါအဝင် အကြမ်းဖက််တွေနဲ့ အမှုဖွင့်ထားရလို့ နေအိမ်ကနေ တိမ်းရှောင်နေစဉ် အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ” သူက ရှောင်နေရင်းကနေ မနေ့ကမြို့ထဲကို ဆိုင်ကယ်နဲ့လာတာမှာအဖမ်းခံလိုက်ရတာ။သူ့ကိုဖမ်းတော့ သေနတ်နဲ့ပစ်ဖမ်းတာလို့ကြားတယ်။လူတယောက်ကျည်ထိပြီး ဒဏ်ရာရသွားတယ်လို့လည်းကြားပါတယ်”လို့ မိသားးစုနဲ့နီးစပ်တဲ့ ဒေသခံတဦးကပြောပါတယ်။ လက်ရှိ ဦးကျော်မျိုးမင်းကို ဘယ်နေရာမှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။ ဦးကျော်မျိုးမင်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားပြုပြီး ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ်နေရာက ဝင်ရောက်ယှဉ်ပြိုင်ကာ မဲအနိုင်ရခဲ့သူဖြစ်ပါတယ်။ #voiceofmyanmar #VOM #ဘီးလင်း #NLDဥက္ကဋ္ဌ #ဖမ်းဆီးခံရ

Read More

ပြည်မြို့က မုန့်မျိုးစုံအရောင်းဆိုင်တခု အနုကြမ်းစီး ခံရပြီး တဦးဒဏ်ရာရရှိ၊ လုယက်သူကို ဖမ်းမိ

ဇွန် ၂၃-၂၀၂၂ VOM (GG) ပြည်မြို့၊ကျောင်းကြီးအိုးတန်းရပ်ကွက် ကုန်သည်လမ်းကမုန့်မျိုးစုံ​ရောင်းချတဲ့ဆိုင်တဆိုင် ဒီကနေ့ မနက် ၁၀ နာရီခန့်က အနုကြမ်းစီးခံရပြီး လုယက်သူကိုဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဝင်ရောက်လုယက်စဥ် ဆိုင်ပိုင်ရှင် မိသားစုဝင်တဦး ကတ်ကြေးနဲ့အထိုးခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ” မုန့်ဆိုင်ထဲမှာ ကျမအမ တယောက်ပဲရှိနေတာ၊ အဲ့ဒီအချိန်မှာ ဘာမပြောညာမပြောနဲ့ အနားမှာရပ်​နေတဲ့အမကို ဇာတ်ခနဲပါးစပ်ကို သူ့လက်နဲ့ လှမ်းပိတ်လိုက်ပါတယ် ၊ ပါးစပ်ကိုပိတ်ထားတဲ့အချိန်မှာ​​ပဲ အသင့်ယူဆောင်လာတဲ့ ကပ်ကျေးနဲ့ ညာဖက် နားရွက်အနောက်နားက လည်ပင်းနေရာကို ထိုးပါတယ်၊ကျမ အမက ပါးစပ်ကိုအုပ်လိုက်တဲ့အချိန်မှာပဲ အနုကြမ်းသမားရဲ့လက်ကို အားကုန်သုံးပြီး ဆွဲဖယ်ပါတယ် အော်နိုင်သလောက်လည်း အော်ဖို့ကြိုးစားပါတယ်၊ ရုန်းရင်းဆန်ခတ်ဖြစ်နေတာမို့ အနုကြမ်းသမားက ချက်ကောင်းကိုမထိုးနိုင်ခဲ့ပါဘူး “လို့ ဆိုင်ပိုင်ရှင်ကပြောပါတယ်။ ဆိုင်ထဲကို ဝင်ရောက်လုယက်သူဟာ အသက် ၁၇ နှစ်အရွယ် လူငယ်တဦးဖြစ်ကြောင်း၊ ဆိုင်ထဲကနေ ထွက်ပြေးစဥ် ဆိုင်ပိုင်ရှင် အမျိုးသားဖြစ်သူက…

Read More

မုံရွာ -သာစည်အကျဥ်းထောင်သစ် တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင် မိုင်းခွဲခံရ

ဇွန် ၊ ၂၃-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ သာစည်ကျေးရွာနဲ့ အင်တိုင်းရွာ လမ်းခွဲမှာ တည်ဆောက်နေတဲ့ သာစည် အကျဥ်းထောင်သစ် တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းကို မနေ့ ဇွန် ၂၂ ရက် မနက်ပိုင်းက မိုင်းခွဲခံရတယ်လို့ သာစည်ရွာခံဆီက သိရပါတယ်။ ” မနေ့က မနက်အစောပိုင်းမှာဖြစ်တယ် ၊ နေ့ခင်းပိုင်းကြားရတာက ထိခိုက်ပျက်စီးမှုရှိတယ်” လို့ သာစည်ရွာခံတစ်ယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်တဦး​က ” မိုင်းခွဲခံရလို့ ကင်းမျှော်စင် ထိခိုက်ပျက်စီးသွားတယ် ” လို့ ပြောပါတယ်။ အခု မိုင်းခွဲတိုက်ခိုက်ခံရတယ်ဆိုတဲ့ သာစည် အကျဥ်းထောင်သစ် လုပ်ငန်းခွင်ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ချင်းတွင်းမြစ်ကြောင်းမှာ အကြီးဆုံး ထောင်ကြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မနေ့မနက်ပိုင်းကလည်း ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ၊…

Read More

ဒေါက်တာမျိုးအောင်ကို ထောင် ၁၅ နှစ်ထပ်ချပြီး ဦးရဲမင်းဦးနဲ့ ဦးမင်းသူကို ထောင်၃ နှစ်စီအမိန့်ချ

ဇွန် ၂၃-၂၀၂၂ VOM (GG) နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင် ကို အဂတိမှုနဲ့ ထောင် ၁၅ နှစ်ချပြီး ဒုတိယမြို့တော်၀န်ဟောင်း ဦးရဲမင်းဦး အပါအဝင်နဲ့ ဦးမင်းသူတို့ကို ထောင် ၃ နှစ်စီချလိုက်တယ်လို့သိရပါတယ်။ မနေက ဇွန်လ ၂၂ ရက်နေ့က နေပြည်တော် အချုပ်ထောင်တွင်း အထူးတရားရုံးမှာ ထောင်ဒဏ်ချလိုက်တာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့က အမိန့်ချလိုက်တာဟုတ်တယ်။ ဒေါက်တာမျိုးအောင်က အဂတိငါးမှုအတွက် တမှုကို ၃ နှစ်နဲ့ ၁၅ နှစ်ချလိုက်တာ ၊အသေးစိတ်ကတော့ မသိရသေးဘူး “လို့တရားလွှတ်တော်ရှေ့နေတဦးကပြောပါတယ်။ ဒေါက်တာမျိုးအောင် အနေနဲ့ အရင်ကလည်း ရာဇသတ်ကြီးဉပဒေပုဒ်မ ၅၀၅(ခ) နဲ့ ၂နှစ်ချမှတ်ခံထားရတာကြောင့် စုစုပေါင်းထောင်ဒဏ် ၁၇ နှစ်အထိ ချမှတ်ခံထားရပြီဖြစ်ပါတယ်။ အလားတူ ဦးရဲမင်းဦးသည်လည်း ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က အဂတိအမှုငါးမှုအတွက် ထောင်ဒဏ် ၁၅နှစ် ချမှတ်ခံထားရတာဖြစ်လို့…

Read More

လက်တလော ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းထဲက မြို့နယ်ပေါင်း ၁၆ ခုမှာ မီးလောင်တာတွေဖြစ်ခဲ့

ဇွန် ၊ ၂၃-၂၀၂၂ SP (VOM) လက်တလောဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၆ ခုက ကျေးရွာတွေမှာ မီးလောင်တာတွေဖြစ်ခဲ့ပြီး မီးဘေးသင့် အိုးအိမ်မဲ့ ဒုက္ခသည်အရေအတွက်ဟာလည်း ထောင်နဲ့ချီပြီး ရှိနေတယ်လို့ မီးဘေးသင့်ရာနယ်ခံတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့နှစ် ၂၀၂၁ ၊ အောက်တိုဘာက စလို့ ရွာတွေ မီးလောင်တာ ၊ အခုဆိုရင် ရွာပေါင်း ၂ ရာနီးပါးရှိတယ် ၊ ပြန်လည်ထူထောင်နိုင်ဖို့ အခြေအနေဆိုတာထက် အဲ့ဒီ မီးဘေးသင့်တွေဟာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်”လို့ မီးဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဆောင်းတွင်းပိုင်းက အရာတော်မြို့နယ် သလဲဘာရွာ မီးစတင်လောင်ခဲ့ပြီးနောက် အရာတော်နယ်ထဲမှာ ရွာ ၄ ရွာထက်မနည်း အိမ်ခြေ ၂ ရာကျော် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယင်းမာပင်ခရိုင် ပုလဲမြို့နယ်…

Read More

မလေးရှားမှာ မတော်တဆမှုကြောင့် ၁လအတွင်း မြန်မာအလုပ်သမား အမျိုးသမီး ၃ ဦးသေဆုံး

ဇွန် ၂၃-၂၀၂၂ VOM ( GG) မလေးရှားနိုင်ငံ ၊ပီနန်းဘာတာဝပ်​မြို့မှာ မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီးသေဆုံးမှု ဒီနေ့ ဇွန်လ ၂၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ သေဆုံးသူဟာ အသက် ၂၄ နှစ် အရွယ် မပြည်ခင်မယ် ဆိုသူဖြစ်ပြီး ဇာတိက ပဲခူးတိုင်း၊ပေါက်ခေါင်းမြို့နယ် ၊ နတ္တလင်းရွာကဖြစ်တယ်လို့ သိရပါတယ်။ ” လမ်းဖြတ်ကူးတာမှာ ကားတိုက်ခံရတာ ။မနက်ဖြန်မှာ သဂြိုလ်မှာပါ။ သူသေဆုံးသွားတော့ အလုပ်သမားတယောက်ရပိုင်ခွင့်တွေကို ဆက်လုပ်ပေးသွားမယ် “လို့ အလုပ်သမားအရေးလုပ်ကိုင်နေသူတဦးကပြောပါတယ်။ မပြည်ခင်မယ် ရုပ်အလောင်းကို စူဘာရမ်ဂျာယာဆေးရုံအအေးတိုက်မှာပို့ဆောင်ထားပြီး ဇွန်လ ၂၅ ရက်နေ့ ဘာရပ်ပစ်သုသာန်မှာသဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတစ်ဦး ကားတိုက်ခံရပြီးသေဆုံးခဲ့သလို ငါးဖမ်းစက်လှေပေါ်မှာမတော်တဆဖြစ်ပြီးလည်း မြန်မာအလုပ်သမားတဦး သေဆုံးတဲ့​ဖြစ်စဥ်ရှိ ခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မလေးရှား #မြန်မာလုပ်သား #သေဆုံးမှု

Read More

မုံရွာက ရှေ့နေတချို့ အကြမ်းဖက်သူတွေနဲ ဆက်နွယ်တယ်ဆိုပြီး အဖမ်းခံရ

ဇွန် ၊ ၂၃-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်က အမှုလိုက်ရာမှာ ထင်ပေါ်ကျော်ကြားတဲ့ ရှေ့နေတချို့ ဒီရက်ပိုင်းမှာ အဖမ်းခံရတယ်လို့ မုံရွာခရိုင်ရှေ့နေများ အသိုင်းအဝိုင်းဆီက သိရပါတယ်။ “လတ်တလော သိရတာက တရားလွှတ်တော်ရှေ့နေ ၂ ဦးနဲ့ အထက်တန်းရှေ့နေ ၁ ဦးဖြစ်တယ် ၊ တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်း ၊ တရားလွှတ်တော် ရှေ့နေ ဦးမိုးဇော်ထွန်း နဲ့ အထက်တန်းရှေ့နေ ဦးအောင်ချမ်းမြေ့တို့ဖြစ်တယ် ” လို့ မုံရွာ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။ ဒါ့အပြင် အမျိုးသမီး ရှေ့နေ ၂ ဦးလည်း နေအိမ်ကနေ ပျောက်ဆုံးနေတယ်လို့ သိရတဲ့အတွက် အဖမ်းခံထားရတာဖြစ်နိုင်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ယူဆထားပါတယ်။ အဲ့ဒီလို ရှေ့နေတွေ ဖမ်းဆီးခံထားရတာနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစက်သူတဦးက ” ပြီးခဲ့တဲ့ရက်ပိုင်းက မုံရွာခရိုင်အဖွဲ့ဝင်တဦး လုပ်ကြံသတ်ဖြတ်ခံရတယ် ၊…

Read More

ဖျာပုံမြို့က ဒေသခံ ၅ ဦးကို စစ်ဆေးဖို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွား

ဖျာပုံ ၊ ဇွန်၂၃-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ဖျာပုံမြို့နယ်က ဒေသခံ ၅ ယောက်ကို ရဲတပ်ဖွဲ့က မနေ့ဇွန် ၂၂ရက် ညသန်းခေါင်းကျော်လောက်မှာ လုံခြုံရေးကိစ္စနဲ့မသင်္ကာလို့စစ်ဆေးဖို့ဆိုပြီး လာရောက်ဖမ်းသွားတာလို့ ဒေသခံတွေဆီကသိရပါတယ်။ ”ညသန်းခေါင်းယံအချိန် လာဖမ်းသွားတာပါ။ မာဂလမ်းနဲ့ ပဒုံမာလမ်းမှာနေထိုင်တဲ့လူငယ်တွေကို ဖမ်းသွားတာ။စစ်ကြောရေးကိုခေါ်သွားတာ စိတ်ပူတယ် အပြစ်ဘာမှမလုပ်ထားဘဲ ရုတ်တရက်လာဖမ်းသွားတာ။”လို့ ပတ်ဝန်းကျင်မှ မျက်မြင်တွေ့ရှိသူတယောက်ကပြောပါတယ်။ အဲ့ဒီအဖမ်းခံရသူတွေဟာ လူလတ်ပိုင်းအမျိုးသား ၃ ယောက်နဲ့ လူငယ်ပိုင်းအမျိုးသား ၂ ယောက်ဖြစ်ပြီး လက်တွေကိုကြိုးတုပ်ဖမ်းသွားတာလို့ ဒေသခံတွေဆီက သိရပါတယ်။ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က”စစ်ကြောရေးကိုခေါ်သွားတာလို့သိရတယ်။ဘာကြောင့်ဖမ်းဆီးတာလည်းဆိုတာကတော့ မပြောတတ်ဖူး အပြစ်မလုပ်ထားရင် စိတ်မပူဖို့ ပြောချင်တယ်။စစ်ဆေးဖို့ဖြစ်လိမ့်မယ်။”လို့ ပြောပါတယ်။ ဒါ့အပြင် ဖျာပုံမြို့ပေါ်မှာ ရဲနဲ့စစ်တပ်က လှည့်လည်စစ်ဆေးတာတွေလည်းလုပ်နေပြီး လူစိမ်းတွေ တွေ့ရင် ချက်ချင်းအကြောင်းကြားဖို့ နဲ့ လက်ခံမထားဖို့ အသိပေးပြောသွားတယ်လို့ သိရပါတယ်။ ဖျာပုံမြို့နယ်မှာတော့ ၂၀၂၁ ဖေဖော်၀ါရီလနောက်ပိုင်း အဖမ်းခံရသူအယောက် ၈၀၀ ကျော်လောက်ရှိပြီး ပြန်လွတ်လာသူ ၁၀၀…

Read More

အာဖဂန် မြေငလျင်ကြောင့် သေဆုံးသူ ၁၀၀၀ ထက် ပိုများလာနိုင်၊ နိုင်ငံတကာအကူအညီတွေ တာလီဘန်အဖွဲ့ တောင်းခံထား

ကဘူးလ်၊ ဇွန်-၂၃-၂၀၂၂ မျိုးဆက်(VOM) အာဖဂန်နစ္စတန်မှာ ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိ အင်အားပြင်းမြေငလျင် လှုပ်ခတ်ပြီးနောက် နိုင်ငံတကာက ပံ့ပိုးကူညီမတွေပေးဖို့ တာလီဘန်တို့က တောင်းခံလိုက်ပါတယ်။ အဲဒီမြေငလျင်ကြောင့် လူ ၁၀၀၀ ထက်မနည်းသေဆုံးပြီး ၁၅၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ အပျက်အစီးတွေကြားမှာ နစ်မြုပ်ပျောက်ဆုံးနေသူ အရေအတွက်ကိုတော့ မသိရှိရသေးပါဘူး။ နိုင်ငံအရှေ့တောင်ပိုင်း ပါကစ်တာပြည်နယ်ဟာ ငလျင်ဒဏ်ကို အဆိုးရွားဆုံးထိခိုက်ခဲ့ပြီး ကုလသမဂ္ဂက အမိုးအကာနဲ့ စားနပ်ရိက္ခာအကူအညီတွေ အရေးပေါ်ပေးအပ်နေပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး ပစ္စည်းကိရိယာအရင်းအမြစ်များချို့တဲ့မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေလျှက်ရှိပါတယ်။ ငလျင်ဗဟိုချက်အနီးရှိ ကျေးရွာတွေဟာ လုံး၀ပျက်ဆီးသွားပြီး လမ်းတွေနဲ့ ဖုန်းတာဝါတိုင်တွေလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူတွေနဲ့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ လက်ရှိမှာ သေဆုံးသူအရေအတွက် မြင့်တက်လာမှာကို တာ၀န်ရှိသူတွေက စိုးရိမ်နေသည်။ နိုင်ငံမှာ ဆယ်စုနှစ်နှစ်ခုအတွင်း အသေအပျောက်အများဆုံး ငလျင်လှုပ်ခတ်မှုဟာ အနောက်အုပ်စု ကျောထောက်နောက်ခံပြုထားတဲ့ အာဖဂန်အစိုးရ ပြိုလဲပြီးနောက် ယမန်နှစ်က…

Read More

ကံတလူတိုးလ်ဂိတ်မှာ ကုန်တင်ကား ၁ စီးပေါ်ကနေ လက်နက်ခဲယမ်းတွေ ဖမ်းမိ

ဇွန် ၊ ၂၃ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ၊ မန္တလေး – မုံရွာ ကားလမ်း ၊ ကံတလူတိုးလ်ဂိတ်မှာ မနေ့ ဇွန် ၂၂ ရက် ညပိုင်းက လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ကုန်တင်ကား ၁ စီး ဖမ်းဆီခံခဲ့ရတယ်လို့ တိုးလ်ဂိတ် ဝန်ထမ်းအသိုင့်းအဝိုင်းကနေ သိရပါတယ်။ .” ဖမ်းခံရတဲ့ကားက ၁၂ ဘီး ၊ ကုန်တင်ကားဖြစ်တယ် ၊ ကားနံပါတ်က MDY 2D / 67….ဖြစ်တယ် ၊ မန္တလေးဘက်ကနေ မုံရွာဘက်ကို ဦးတည်အလာ ဖမ်းမိတာပါ”လို့ အဲ့ဒီတိုးလ်ဂိတ်နဲ့ နီးစပ်သူတယောက်ကပြောပါတယ်။ စစ်ကိုင်းခရိုင် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်​က ” အထူးစစ်ဆေးရေးအဖွဲ့ (အထက်မြန်မာပြည်)က စစ်ဆေးတဲ့အခါ ယာဉ်နောက်ခန်းအတွင်းက တူရကီနိုင်ငံထုတ် PANZER…

Read More
VOM News

FREE
VIEW