မုံရွာ -သာစည်အကျဥ်းထောင်သစ် တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင် မိုင်းခွဲခံရ

ဇွန် ၊ ၂၃-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ သာစည်ကျေးရွာနဲ့ အင်တိုင်းရွာ လမ်းခွဲမှာ တည်ဆောက်နေတဲ့ သာစည် အကျဥ်းထောင်သစ် တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းကို မနေ့ ဇွန် ၂၂ ရက် မနက်ပိုင်းက မိုင်းခွဲခံရတယ်လို့ သာစည်ရွာခံဆီက သိရပါတယ်။

” မနေ့က မနက်အစောပိုင်းမှာဖြစ်တယ် ၊ နေ့ခင်းပိုင်းကြားရတာက ထိခိုက်ပျက်စီးမှုရှိတယ်” လို့ သာစည်ရွာခံတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်တဦး​က ” မိုင်းခွဲခံရလို့ ကင်းမျှော်စင် ထိခိုက်ပျက်စီးသွားတယ် ” လို့ ပြောပါတယ်။

အခု မိုင်းခွဲတိုက်ခိုက်ခံရတယ်ဆိုတဲ့ သာစည် အကျဥ်းထောင်သစ် လုပ်ငန်းခွင်ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ချင်းတွင်းမြစ်ကြောင်းမှာ အကြီးဆုံး ထောင်ကြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့မနက်ပိုင်းကလည်း ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ မဇွပ်ယန်ကျေးရွာနားက မဇွပ်ယန် အချုပ်ထောင့ကြီးဟာ လက်နက်ကြီးကျည် ၂ ဒါဇင်နီးပါးနဲ့ ပစ်ခတ်ခံရတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #သာစည်အကျဥ်းထောင်သစ် #စီမံကိန်းလုပ်ငန်းခွင် #မိုင်းခွဲခံရ

Related posts

Leave a Comment

VOM News

FREE
VIEW