မုံရွာက ရှေ့နေတချို့ အကြမ်းဖက်သူတွေနဲ ဆက်နွယ်တယ်ဆိုပြီး အဖမ်းခံရ

ဇွန် ၊ ၂၃-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်က အမှုလိုက်ရာမှာ ထင်ပေါ်ကျော်ကြားတဲ့ ရှေ့နေတချို့ ဒီရက်ပိုင်းမှာ အဖမ်းခံရတယ်လို့ မုံရွာခရိုင်ရှေ့နေများ အသိုင်းအဝိုင်းဆီက သိရပါတယ်။

“လတ်တလော သိရတာက တရားလွှတ်တော်ရှေ့နေ ၂ ဦးနဲ့ အထက်တန်းရှေ့နေ ၁ ဦးဖြစ်တယ် ၊ တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်း ၊ တရားလွှတ်တော် ရှေ့နေ ဦးမိုးဇော်ထွန်း နဲ့ အထက်တန်းရှေ့နေ ဦးအောင်ချမ်းမြေ့တို့ဖြစ်တယ် ” လို့ မုံရွာ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

ဒါ့အပြင် အမျိုးသမီး ရှေ့နေ ၂ ဦးလည်း နေအိမ်ကနေ ပျောက်ဆုံးနေတယ်လို့ သိရတဲ့အတွက် အဖမ်းခံထားရတာဖြစ်နိုင်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ယူဆထားပါတယ်။

အဲ့ဒီလို ရှေ့နေတွေ ဖမ်းဆီးခံထားရတာနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစက်သူတဦးက ” ပြီးခဲ့တဲ့ရက်ပိုင်းက မုံရွာခရိုင်အဖွဲ့ဝင်တဦး လုပ်ကြံသတ်ဖြတ်ခံရတယ် ၊ အဲ့ဒီအမှုနဲ့ပတ်သက်ပြီး စစ်ဆေးပေါ်ချက်အရ အထက်တန်းရှေ့နေ အောင်ချမ်းမြေ့ကို ဖမ်းဆီးရမိတယ် ၊ အဲ့ဒီနောက် မုံရွာမြို့ ၊ မြို့သစ်ရပ် ၊ စိန်ပန်နီလမ်းမှာနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမိုးဇော်ထွန်း နဲ့ မုံရွာမြို့ အလယ်ရပ်ကွက် ၊ ကျောက္ကာလမ်းမှာနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်း ဖမ်းဆီရမိတယ် ၊ အဲ့ဒီအပြင် အမျိုးသမီးထဲက ဖမ်းဆီးရမိတာလည်း ရှိတယ် ၊ သူတို့အားလုံးဟာ အကြမ်းဖက်သူတွေနဲ့ ဆက်နွယ်နေတယ်ဆိုတာပဲ ပြောလို့ရသေးတယ် ” လို့ ပြောပါတယ်။

ဖမ်းခံရတယ်ဆိုတဲ့ တရားလွှတ်တော်ရှေ့နေတွေဆိုတာ ပြီးခဲ့တဲ့ နှစ် ၂၀၂၁ ဖေဖော်ဝါရီက စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင် ဖမ်းဆီးခံရစဥ်က ဒေါက်တာမြင့်နိုင်ရဲ့အမှုကို လိုက်ပါ အကျိုးဆောင်ပေးဖို့ ကိုယ်စားလှယ်လွဲအပ်ပေးခြင်း ခံထားရဖူးသူတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မုံရွာမြို့ ပြည်တော်သာရပ်ကွက်မှာနေတဲ့ ရှေ့နေ ဦးဇင်မင်းထွန်းဆိုသူဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက အမှုလိုက်ပြီး အပြန် သူရဲ့နေအိမ်ရှေ့မှာ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW