ကျိုက်လတ်မှာ စက်လှေနဲ့ဝင်ထားတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၂၈ ဦး ဖမ်းမိ

ကျိုက်လတ်၊ ဇွန် ၂၄-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ကျိုက်လတ်မြို့နယ်၊ကညင်ကိုင်းကျေးရွာအုပ်စု၊ဝဲစွန်းကျေးရွာအနီးကမ်းစပ်မှာ ဇွန် ၂၁ ရက်က စက်လှေနဲ့ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၂၈ ဦးကို ဖမ်းဆီးရမိထားပြီး လက်ရှိမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

အဲ့ဒီ ဖမ်းဆီးရမိတဲ့ ၂၈ ဦးမှာ ကျား ၁၇ ယောက် ၊မ ၁၁ ယောက်ဖြစ်ပြီး သူတို့ကို စက်လှေနဲ့မောင်းလာပြီးလာပို့တဲ့ ၃ ယောက်ကတော့ ထွက်ပြေးသွားတယ်လို့သိရပါတယ်။

“နိုင်ငံသားအထောက်အထားမဲ့တွေကိုလာပို့တဲ့ ၃ ယောက်ကလွတ်သွားတယ်။ ရဲတွေနဲ့ စစ်သားတွေကလိုက်ဖမ်းတာမမိလိုက်ဘူး။ ကျား ၁၇ ယောက်နဲ့ မ ၁၁ ယောက်တော့ မိသွားတာတွေ့ရတယ်။”လို့ ဖြစ်စဉ်ကိုတွေ့တဲ့သူတယောက်ကပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက” ၂၈ ယောက်ဖမ်းမိတာဟုတ်တယ်။ဝဲစွန်းကျေးရွာကမ်းစပ်မှာမိတာပါ။ဖမ်းမိတဲ့သူတွေကို ရဲစခန်းမှာ စစ်ဆေးနေပါတယ်။ဥပဒေနဲ့အညီဆောင်ရွက်သွားမှာပါ။”လို့ ပြောပါတယ်။

ဖမ်းမိသူတွေကို ရဲနဲ့ စစ်တပ်ကစစ်ဆေးနေပြီး ဖမ်းမိတဲ့သူတွေထဲမှာ အသက်ငယ်တဲ့သူတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်က ရေကြည်မြို့နယ်၊ ရေနံသာစစ်ဆေးရေးဂိတ်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၁၀၄ ယောက်ကို
ဖမ်းမိခဲ့ပြီး အဲ့ဒီအထဲက ၅၃ ယောက်ကို ရဲတပ်ဖွဲ့က တရားစွဲဆိုပြီး ရေကြည်မြို့နယ်တရားရုံးကနေထောင်ဒဏ် ၂ နှစ်စီချမှတ်ထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ကျိုက်လတ် #နိုင်ငံသားအထောက်အထားမဲ့သူ #ဖမ်းဆီးရမိ

Related posts

Leave a Comment

VOM News

FREE
VIEW