နန်းတွင်းထဲကို ပစ်ချမယ့် ရှော့တိုက်ဒုံးနဲ့အတူ လူငယ်(၁)ဦးကို ဖမ်းမိ

ဇွန် ၂၄-၂၀၂၂ Voice Of Myanmar မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟိရပ်ကွက်၊ ၂၆ ၂၇လမ်းကြား ၇၃ ၇၄လမ်းကြားရှိ သီရိမင်္ဂလာအိမ်ယာ အပေါ်ဆုံးထပ်မှာ နန်းတွင်းထဲကို ပစ်ချမယ် ရှော့ဆိုက်ဒုံး(၂)လုံးနဲ့အတူ လူငယ်တဦးကို ဒီကနေ့မနက်ပိုင်းက စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ “အဲ့ဒီအိမ်ယာ တိုက်အပေါ်ထပ်မှာ အဲ့ဒီကောင်လေးကို မသင်္ကကာလို့ စောင့်ဖမ်းတာမှာ မိလိုက်တာပါ၊ နန်းတွင်းထဲပစ်ချဖို့ လုပ်ထားတဲ့ သဲအိတ်ရယ်၊ ရှော့တိုက်ဒုံး ၂လုံးရယ် ဖမ်းမိပါတယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးကပြောပါတယ်။ ဖမ်းဆီးခံရသူဟာ အသက်(၂၀)အရွယ် အမျိုးသားတဦးဖြစ်ပြီး သူယူဆောင်လာတဲ့ ဂျပ်ဖာအတွင်းကနေ ၁၀၇မမ ရှော့တိုက်ဒုံး ၂ လုံး၊ ထိပ်ဖူး ၂ ခု တို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အိမ်ယာအတွင်းရှိ တိုက်ခန်း အပေါ်ဆုံး၆လွှာမှာလည်း နန်းတွင်းဖက်ကို ချိန်ရွယ်ကာ ရှော့တိုက်ဒုံးပစ်ဖို့ ပြင်ဆင်ထားတဲ့…

Read More

အရာတော်နယ်က ကျေးရွာချင်းဆက်လမ်းမှာ မိုင်းပေါက်ပြီး လူ၂ ဦးသေဆုံး

ဇွန် ၊ ၂၄ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ် ငွေတွင်းကျေးရွာနဲ့ မင်းရွာကျေးရွာအကြားမှာရှိ ကျေးရွာချင်းဆက်လမ်းမှာ မနေ့ ဇွန် ၂၃ ရက် ညနေပိုင်းက မိုင်းပေါက်ကွဲတဲ့အတွက် လမ်းသွားလမ်းလာ လူ ၂ ဦး မိုင်းထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” ဖြစ်တာက ညနေပိုင်း ၃ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ သေဆုံးသူ ၂ ဦးက ငွေတွင်းရွာက ဦးလှမျိုးဝင်းနဲ့ သူ့မိန်းမ ဒေါ်ခင်ပြုံးတို့ဖြစ်တယ် “လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ သေဆုံးသူ ရုပ်အလောင်းတွေကို လူမှုကူညီရေးအဖွဲ့က အရာတော် ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ” မိုင်းထိမှန်လို့ သေဆုံးသူ လင်မယားက ရွာကဲ့တောင်ဘက်ကို ဆိုင်ကယ်နဲ့အသွား ဖြစ်တာပါ ၊ အမှုဖွင့်…

Read More

တောင်ကြီးမြို့က မီးပွိုင့်ယာဉ်ထိန်းရုံးရှေ့ ဗုံးပေါက်၊ ယာဥ်ထိန်းနှစ်ဦး ထိခိုက်ဒဏ်ရာရ

ဇွန် ၂၄၊ ၂၀၂၂ KK(VOM) ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ စျေးပိုင်းရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းရှိ စျေးမီးပွိုင့်ယာဉ်ထိန်းရုံးရှေ့မှာ ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ယာဥ်ထိန်းရဲနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းက စျေးပွိုင့်မီးပွိုင့်ယာဉ်ထိန်းရုံးရှေ့က ပန်းခုံအနီးမှာ ဗုံးပေါက်ခဲ့တာဖြစ်ပြီး တာဝန်ကျယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “ကျနော်တို့ တွေ့တာတော့ ယာဥ်ထိန်းရဲနှစ်ဦး လဲကျနေတာတွေ့တယ်၊ စစ်တပ်ရော ရဲရောရောက်နေပြီ အဲ့ဒီအချိန်”လို့ သူကပြောပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်စဥ်မှာ ထိခိုက်ဒဏ်ရာရရှိတဲ့ယာဥ်ထိန်းရဲနှစ်ဦးကို တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံကို ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ “နေ့လယ် ၂ နာရီက ဗုံးပေါက်တာ ယာဥ်ထိန်းနှစ်ဦးထိတယ်၊ ဒဏ်ရာက သိပ် မစိုးရိမ်ရဘူး “လို့ သူကပြောပါတယ်။ လက်တလော စစ်တပ်နဲ့ရဲတွေဟာ တောင်ကြီးမြို့ပေါ်က လမ်းဆုံတွေမှာ ကားနဲ့ဆိုင်ကယ်တွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ တောင်ကြီးမြို့မှာ…

Read More

မုံရွာမြို့မှာ အကြမ်းဖက်သူတွေနဲ့ ဆက်နွယ်တယ်ဆိုတဲ့သံသယနဲ့ လူငယ် ၆ ဦး ဖမ်းဆီးခံရ

ဇွန် ၊ ၂၄ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ဒေါနခြံရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ ကန်သာယာအနီးက ဂရင်းသလ္လာဝတီ ဟိုတယ်မှာ မနေ့ ဇွန် ၂၃ ရက် မနက် ၄ နာရီဝန်းကျင်က တည်းခိုနေတဲ့ လူငယ် ၃ ဦးကို လုံခြုံရေးအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ကယ်ရီမောင်းသူတွေဆီက သိရပါတယ်။ .” စစ်ကားနဲ့ ရဲကားတွေ ဟိုတယ်ရှေ့မှာရောက်ပြီး ဝိုင်းထားတာ ၊ ဧည့်သည် လူငယ် ၃ ယောက်လည်း အဖမ်းခံရတယ် ” သုံးဘီးမောင်းသူ တယောက်က ပြောပါတယ် ။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာခရိုင် လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတယောက်က” ဂရင်းသလ္လာဝတီဟိုတယ်မှာ အကြမ်းဖက်နဲ့ ဆက်နွယ်နေတဲ့ လူငယ် ၃…

Read More

ချောင်းဦးမှာ လူနေအိမ်တွေပေါ်ကို လက်နက်ကြီးကျည်ကျ လူ ၂ ဦးသေ ၊ ၄ ဦး ဒဏ်ရာရ

ဇွန် ၊ ၂၄ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်ဦးမြို့ ၊ တမာမြိုင်ရပ်ကွက်က လူနေအိမ်တွေပေါ်ကို မနေ့ ဇွန် ၂၃ ရက်ညပိုင်းက လက်နက်ကြီးကျည်းတွေ ကျရောက်ပေါက်ကွဲလို့ လူ ၂ ဦး သေဆုံးကာ ၊ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ချောင်းဦးမြို့ခံတွေဆီက သိရပါတယ်။ “မနေ့က ညပိုင်း ၉ နာရီထိုးပြီးဖြစ်တာပါ ၊ လူနေအိမ် ၃ လုံးပေါ်ကို လက်နက်ကြီးကျည် ကျပြီး ပေါက်ကွဲတယ် ၊ ဒဏ်ရာရ လူ ၆ ယောက်ထဲက ၂ ယောက်​သေသွားတယ် “လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ မုံရွာခရိုင်လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတဦးက” လက်လုပ် လက်နက်ကြီးကျည် ၅ လုံးထက်မနည်း လူနေအိမ် ၃ လုံးပေါ်ကို…

Read More

ကျိုက်လတ်မှာ စက်လှေနဲ့ဝင်ထားတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၂၈ ဦး ဖမ်းမိ

ကျိုက်လတ်၊ ဇွန် ၂၄-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ကျိုက်လတ်မြို့နယ်၊ကညင်ကိုင်းကျေးရွာအုပ်စု၊ဝဲစွန်းကျေးရွာအနီးကမ်းစပ်မှာ ဇွန် ၂၁ ရက်က စက်လှေနဲ့ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၂၈ ဦးကို ဖမ်းဆီးရမိထားပြီး လက်ရှိမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။ အဲ့ဒီ ဖမ်းဆီးရမိတဲ့ ၂၈ ဦးမှာ ကျား ၁၇ ယောက် ၊မ ၁၁ ယောက်ဖြစ်ပြီး သူတို့ကို စက်လှေနဲ့မောင်းလာပြီးလာပို့တဲ့ ၃ ယောက်ကတော့ ထွက်ပြေးသွားတယ်လို့သိရပါတယ်။ “နိုင်ငံသားအထောက်အထားမဲ့တွေကိုလာပို့တဲ့ ၃ ယောက်ကလွတ်သွားတယ်။ ရဲတွေနဲ့ စစ်သားတွေကလိုက်ဖမ်းတာမမိလိုက်ဘူး။ ကျား ၁၇ ယောက်နဲ့ မ ၁၁ ယောက်တော့ မိသွားတာတွေ့ရတယ်။”လို့ ဖြစ်စဉ်ကိုတွေ့တဲ့သူတယောက်ကပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက” ၂၈ ယောက်ဖမ်းမိတာဟုတ်တယ်။ဝဲစွန်းကျေးရွာကမ်းစပ်မှာမိတာပါ။ဖမ်းမိတဲ့သူတွေကို ရဲစခန်းမှာ စစ်ဆေးနေပါတယ်။ဥပဒေနဲ့အညီဆောင်ရွက်သွားမှာပါ။”လို့ ပြောပါတယ်။ ဖမ်းမိသူတွေကို ရဲနဲ့ စစ်တပ်ကစစ်ဆေးနေပြီး ဖမ်းမိတဲ့သူတွေထဲမှာ အသက်ငယ်တဲ့သူတွေလည်းပါဝင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ…

Read More

အမေရိကန်မှာ သေနတ်ထိန်းချုပ်ရေးဥပဒေကြမ်း အထက်လွှတ်တော်အတည်ပြုပြီ

၀ါရှင်တန်၊ ဇွန်-၂၄-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်အထက်လွှတ်တော်ဟာ သေနတ်ထိန်းချုပ်ရေးဥပဒေကြမ်းကို ဇွန် ၂၃ ရက်မှာ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒီလိုအတည်ပြုလိုက်တာဟာ နှစ်ပေါင်း ၃၀ နီးပါးအတွင်း သေနတ်ဆိုင်ရာဥပဒေတွေနဲ့ ပတ်သက်ပြီး အထင်ကရ လုပ်ဆောင်မှုလည်းဖြစ်ပါတယ်။ ဥပဒေကြမ်းကို အတည်ပြုရာမှာ ရီပတ်ဘလီကန် အမတ် ၁၅ ဦးကလည်း ဒီမိုကရက်တစ်တွေနဲ့အတူ ပူးပေါင်းခဲ့ပြီး ထောက်ခံမဲ ၆၅ မဲ ၊ ကန့်ကွက်မဲ ၃၃ မဲဖြင့် အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဥပဒေကြမ်းကို သမ္မတဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးအတည်မပြုမီ အောက်လွှတ်တော်က အတည်ပြုရဦးမှာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အောက်အရွယ်တွေ သေနတ်၀ယ်ယူရမှာ သူတို့ရဲ့ နောက်ခံအကြောင်းရင်း အခြေအနေတွေကို ပိုမိုတင်းကြပ်စွာ စိစစ်ဖို့ ဥပဒေကြမ်းမှာ ပါ၀င်ပါတယ်။ ဒါ့အပြင် စိတ်ကျန်းမာရေးအစီအစဉ်၊ ကျောင်းလုံခြုံရေးအဆင့်မြှင့်တင်မှုတွေအတွက် ဒေါ်လာ ၁၅ ဘီလီယံ ရန်ပုံငွေတောင်းခံခြင်းလည်း ဥပဒေကြမ်းမှာ ပါ၀င်နေပါတယ်။ နယူးယောက်ပြည်နယ်ရှိ စျေး၀ယ်ကုန်တိုက်တခုနဲ့…

Read More
VOM News

FREE
VIEW