အရာတော်နယ်က ကျေးရွာချင်းဆက်လမ်းမှာ မိုင်းပေါက်ပြီး လူ၂ ဦးသေဆုံး

ဇွန် ၊ ၂၄ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ် ငွေတွင်းကျေးရွာနဲ့ မင်းရွာကျေးရွာအကြားမှာရှိ ကျေးရွာချင်းဆက်လမ်းမှာ မနေ့ ဇွန် ၂၃ ရက် ညနေပိုင်းက မိုင်းပေါက်ကွဲတဲ့အတွက် လမ်းသွားလမ်းလာ လူ ၂ ဦး မိုင်းထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” ဖြစ်တာက ညနေပိုင်း ၃ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ သေဆုံးသူ ၂ ဦးက ငွေတွင်းရွာက ဦးလှမျိုးဝင်းနဲ့ သူ့မိန်းမ ဒေါ်ခင်ပြုံးတို့ဖြစ်တယ် “လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

သေဆုံးသူ ရုပ်အလောင်းတွေကို လူမှုကူညီရေးအဖွဲ့က အရာတော် ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

” မိုင်းထိမှန်လို့ သေဆုံးသူ လင်မယားက ရွာကဲ့တောင်ဘက်ကို ဆိုင်ကယ်နဲ့အသွား ဖြစ်တာပါ ၊ အမှုဖွင့် ဆောင်ရွက်ထားပါတယ်”လို့ အရာတော်မြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အရာတော်မြို့နယ် ဝါးတန်းကျေးရွာနဲ့ ကမ်းဖြူကျေးရွာကြား မုံရွာ-အရာတော်-ရွှေဘိုကားလမ်းမှာ မုံရွာကနေ ရွှေဘိုမြို့ဆီ မောင်းနှင်လာတဲ့ ခရီးသည် ၂၀ ဦးပါ ကံရာမင်း ခရီးသည်တင်ကားဟာ လမ်းဘေးထောင်ထားတဲ့ မိုင်း ၅ လုံးပေါက်ကွဲပြီး ထိမှန်ခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #အရာတော် #ပေါက်ကွဲမှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW