ချောင်းဦးမှာ လူနေအိမ်တွေပေါ်ကို လက်နက်ကြီးကျည်ကျ လူ ၂ ဦးသေ ၊ ၄ ဦး ဒဏ်ရာရ

ဇွန် ၊ ၂၄ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်ဦးမြို့ ၊ တမာမြိုင်ရပ်ကွက်က လူနေအိမ်တွေပေါ်ကို မနေ့ ဇွန် ၂၃ ရက်ညပိုင်းက လက်နက်ကြီးကျည်းတွေ ကျရောက်ပေါက်ကွဲလို့ လူ ၂ ဦး သေဆုံးကာ ၊ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ချောင်းဦးမြို့ခံတွေဆီက သိရပါတယ်။

“မနေ့က ညပိုင်း ၉ နာရီထိုးပြီးဖြစ်တာပါ ၊ လူနေအိမ် ၃ လုံးပေါ်ကို လက်နက်ကြီးကျည် ကျပြီး ပေါက်ကွဲတယ် ၊ ဒဏ်ရာရ လူ ၆ ယောက်ထဲက ၂ ယောက်​သေသွားတယ် “လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

မုံရွာခရိုင်လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတဦးက” လက်လုပ် လက်နက်ကြီးကျည် ၅ လုံးထက်မနည်း လူနေအိမ် ၃ လုံးပေါ်ကို ကျရောက်ပေါက်ကွဲတယ် ၊ သေဆုံးသူ ၂ ဦးကတော့ ဒေါ်ထားထားနွယ်နဲ့ ဒေါ်ဝါဝါမိုးတို့ဖြစ်ပြီး ဦးကြည်လွင် ၊ ဒေါ်နွယ်စန်း ၊ မမိုးမိုးအောင် နဲ့ ဦးမောင်မောင်ကျော်တို့ ၄ ယောက်က ဒဏ်ရာရတယ် “လို့ ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုဖြစ်ပြီးနောက် ၊ သေဆုံး ၊ ဒဏ်ရာရတဲ့သူတွေကို မုံရွာအခြေစိုက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့က ညတွင်းချင်း သွားရောက်ကူညီကယ်ဆယ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့ နေ့လယ်ပိုင်းကလည်း မကွေးတိုင်း ၊ မြိုင်မြို့နယ် ၊ ထန်းဘူးတောကျေးရွာမှာ လူနေအိမ်ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် လူ ၂ ဦးသေဆုံးပြီး ၆ ယောက်ဒဏ်ရာရတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ချောင်းဦး #လက်နက်ကြီးကျ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW