ဘုရားသုံးဆူကနေ ထိုင်းကိုပွဲစားနဲ့သွားတဲ့ မြန်မာ ၁၉ ဦး ဖမ်းဆီးခံရ

ကချနာဘူရီ၊ ဇွန်-၂၆-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံထဲကို တရားမ၀င်လာရောက်တဲ့ မြန်မာနိုင်ငံသား ၁၉ ဦးနဲ့ ပွဲစားထိုင်းခြောက်ဦးကို ဆောင်ခလာဘူရီခရိုင်က နေအိမ်တလုံးမှာ ထိုင်းရဲတွေက ဇွန် ၂၅ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ခုနှစ်ဦးတို့ပါ၀င်ပြီး နေအိမ်ထဲကနေ ဘတ်ငွေ ၅၃၆၆၀ ၊ မော်တော်ဆိုင်ကယ်တစီးနဲ့ ဖုန်း၅လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

ထိုင်းပွဲစား​ ၆ဦးဟာ မြန်မာနိုင်ငံသား ၁၉ ဦးကို ဆောင်ခလာဘူရီနဲ့ထိစပ်နေတဲ့ ဘုရားသုံးဆူကနေ ထိုင်းနိုင်ငံထဲကိုခေါ်ဆောင်လာတာဖြစ်တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

သူတို့ဟာ မော်တော်ဆိုင်ကယ်တွေ၊ စက်လှေတွေနဲ့ မြန်မာနိုင်ငံသားတွေကို ခေါ်ဆောင်လာတာဖြစ်ပြီး တယောက်ကို ဘတ်ငွေ ၃၂၀၀၀ စီရယူခဲ့တယ်လို့ ထိုင်းပွဲစားတွေက ၀န်ခံထွက်ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းရေးမငြိမ်သက်မှုတွေ၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံသားတွေဟာ အန္တရာယ်များတဲ့ လမ်းကြောင်းတွေကတဆင့် ထိုင်းနိုင်ငံထဲကို ၀င်ရောက်ဖို့ ကြိုးစားနေကြတယ်လို့ ထိုင်းရဲတွေက ပြောဆိုပါတယ်။

ဇွန် ၂၄ ရက်ကလည်း သောင်ဖဖမ်နဲ့ ဆောင်ခလာဘူရီရှိ နယ်စပ်နေရာငါးခုမှာ မြန်မာနိုင်ငံသား ၃၇ ဦးနဲ့လမ်းပြငါးဦးကို ထိုင်းတာ၀န်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။

Ref: Bangkok Post
Photo: Bangkok Post
#voiceofmyanmar #VOM #ကချနာဘူရီ

Related posts

Leave a Comment

VOM News

FREE
VIEW