၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါ ဖမ်းဆီးရမိမှု နှစ်ဆမြင့်တက်လာ

မန္တလေး၊ ဇွန် – ၂၆- ၂၀၂၂
(VOM)

၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မှုးယစ်ဆေးဝါး တန်ဖိုးနဲ့ ၂၀၂၂ ခုနှစ်အတွင်းဖမ်းဆီးရမိခဲ့တဲ့ ပမာဏကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ၂၀၂၁ ခုနှစ်ထက် နှစ်ဆ မြင့်တက်လာတာဖြစ်တယ်လို့ ဖမ်းဆီးရမိတဲ့ မှုးယစ်ဆေးဝါတွေကို မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားမှာ အမှတ် ၁ မူးယစ် တပ်ဖွဲ့ခွဲမှာတာဝန်ထမ်းဆောင်နေတဲ့ ဒုတိယရဲမှူးကြီး ဦးအုန်းခိုင်ကပါတယ်။

၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ၃၆ မျိုးရှိပြီး တန်ကြေးငွေ ၁၈၆.၀၃၇၇ ဘီလျံကျပ်(အမေရိကန်ဒေါ်လာ ၁၁၆.၂၇၃၅ သန်း)ဖိုး ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ မူးယစ်ဆေးဝါး ၂၅ မျိုး တန်ကြေးငွေ ၃၁၆.၇၇၈၈ ဘီလျံကျပ်(အမေရိကန်ဒေါ်လာ ၁၇၁.၂၃၁ သန်း)ဖိုး ဖမ်းဆီးရမိတယ်လို့ အမှတ်(၁) မှုးယစ်တပ်ဖွဲ့ခွဲက ဒုတိယရဲမှူးကြီးဦးအုန်းခိုင်က ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ၃၅ ကြိမ်မြောက်အဖြစ် ၂၀၂၁ – ၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မှုးယစ်ဆေးဝါး၊ ဓာတုပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို မန္တလေးမြို့ ချမ်းမြသာစည် လေဆိပ်ဟောင်းမှာ ဒီကနေ့မနက်က ပြုလုပ်ခဲ့တာပါ။

ဖမ်းဆီးရမိခဲ့တဲ့ မှူးယစ်ဆေးဝါးတွေကို ရန်ကုန်ုမြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့တို့မှာလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မူးယစ်ဆေး #မူးယစ်ဆေးဝါးတိုက်ဖျက်ရေး #မီးရှို့ဖျက်ဆီး

Related posts

Leave a Comment

VOM News

FREE
VIEW