မြင်းမူမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း လင်မယား ၂ ယောက် အသတ်ခံရ

ဇွန် ၊ ၂၈ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ကံဖျားကျေးရွာနားမှာ မနေ့ ဇွန် ၂၇ ရက် မနက်ပိုင်းက ၂ လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” မနေ့က မနက် ၉ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ သေဆုံးသူ ၂ ယောက်က အုပ်ကြီးဟောင်း ကိုအောင်ခိုင်တို့ လင်မယားဖြစ်တယ် “လို့ နယ်ခံပရဟိတသမားတယောက်က ပြောပါတယ် ။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး မြင်းမူမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက ” ကံဖျားရွာက အုပ်ချုပ်ရေးမှူးဟောင်း ကိုအောင်ခိုင်နဲ့ သူ့မိန်းမ ပြည်ခိုင်ဖြိုး စည်းမှူး ဒေါ်အေးမာကြူတို့ ၂ ယောက်ကို အကြမ်းဖက်သူ လူ ၃၀ ကျော်က လက်ပြန်ကြိုတုပ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာအထွက်မှာ သတ်ဖြတ်သွားတာပါ ၊ အမှုဖွင့်ဆောင်ရွက်နေပါတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မြင်းမူမြို့နယ် ၊ ကင်းလေးတောကျေးရွာမှာ မနေ့ ဇွန် ၂၇ ရက် မနက်ပိုင်း ၁၁ နာရီဝန်းကျင်က သနပ်ခါးတောင်သူ ဦးထွန်းရွှေဆိုသူ အသတ်ခံရတာလည်း ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒါကြောင့် မြင်းမူမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ၂ လောင်းပြိုင် လူသတ်မှု ၂ ကြိမ်အပါအ၀င် လူသတ်မှု ၃ကြိမ် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

#voiceofmyanmar #VOM #မြင်းမူ #လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW