ရေးမြို့နယ်မှာ ပြည်သူ့စစ် ၅ ဦးအသတ်ခံရပြီး သေနတ်တွေ ပျောက်ဆုံးနေ

ဇွန် ၊ ၂၈ ၊ ၂၀၂၂
SP(VOM)

မွန်ပြည်နယ် ၊ ရေးမြို့နယ် ၊ အစင်စံပြကျေးရွာရဲ့ ရွာဝင်တံတားမှာ လုံခြုံရေးကျနေတဲ့ ပြည်သူ့စစ် ၅ ဦးဟာ မနေ့ ဇွန် ၂၇ ရက် ညပိုင်းက အသတ်ခံရပြီး သူ့တို့ကိုင်ဆောင်ထားတဲ့ သေနတ်တွေလည်း ပျောက်ဆုံးနေတယ်လို့ အစင်စံပြကျေးရွာခံတွေဆီက သိရပါတယ်။

” သေဆုံးသူ ၅ ဦးက ၊ ရွာက ပြည်သူ့စစ်တွေဖြစ်တယ် ၊ ရွာအဝင်တံတားမှာ လုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့အချိန် ဆိုင်ကယ် ၃ စီးနဲ့ လူ ၆ ယောက်က လာပစ်သွားတာပါ ၊ သေနတ် ၄ လက်လည်း သူတို့ရသွားတယ် “လို့ အစင်ရွာခံတယောက်က ပြောပါတယ်။

ရေးမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က” ပြည်သူ့စစ်တွေဖြစ်ကြတဲ့ ဦးသန်းဌေး ၊ ဦးမြင့်စိုး ၊ ဦးမင်းမင်း ၊ ဦးတင်ဦးနဲ့ ဦးကိုကို တို့ ၅ ဦးကျပြီး သေနတ် ၄ လက် ပျောက်ဆုံးနေတာပါ ” လို့ ပြောပါတယ်။

ဒီမနက်မှာတော့ ရေးမြို့နယ် လုံခြုံရေးအဖွဲ့ဟာ အစင်ရွာဘက်ကို နယ်မြေရှင်းလင်းရေး လုပ်ဖို့ အင်အားအများအပြားဝင်ရောက်လာတယ်လို့ သိရပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်ဟာ ဘယ်အဖွဲ့စည့်းက ပစ်ခတ်သွားတယ်ဆိုတာ ဒီကနေ့ နေ့လယ်ပိုင်းအထိတော့ အတည်ပြုနိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေး #ပြည်သူ့စစ်၅ဦးအသတ်ခံရ #လက်နက်တွေပျောက်ဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW