ဇွန် ၊ ၁၀-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့၊ ပြည်တော်သာ ( အက်တော) ရပ်ကွက်မှာရှိတဲ့ ကုန်စုံဆိုင်တဆိုင်ဟာ ဒီကနေ့ ၊ နေ့လယ် ၁၂ နာရီဝန်းကျင်က အနုကြမ်းစီးခံရတဲ့ဖြစ်စဥ်တခု ဖြစ်ပွားခဲ့တယ်လို့ ပြည်တော်သာရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ” ဆိုင်ပိုင်ရှင် လင်မယားနဲ့ အိမ်အကူကောင်မလေးတို့ဟာ ဆိုင်ရှေ့ထွက်ပြီး ထိုင်နေတဲ့အချိန် မျက်နှာဖုံးစွပ် လူငယ် ၅ ယောက်က ဆိုင်ထဲကိုဝင်လာပြီး အိမ်အကူကောင်မလေးကို ဓားနဲ့ထောက်ပြီး အိမ်ရှင် လင်မယား ၂ ယောက်ရော ထိုင်ခိုင်းထားတယ် ၊ ကျန်တဲ့လူတွေ စျေးရောင်းရငွေတွေကို ရှာဖွေပြီး ယူဆောင်ထွက်ပြေးသွားတာပါ ၊ အဲ့ဒီအချိန် အနီးက မြင်လိုက်တဲ့သူတွေက ဝိုင်းဖမ်းလိုက်တော့ အနုကြမ်းစီးတဲ့ လူ ၅ ယောက်စလုံးကို ဖမ်းမိတာ”လို့ ပြည်တော်သာရပ်ကွက်နေတဲ့ ဒေသခံတယောက်က ပြောပါတယ်။ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက” အဲ့ဒီ ကုန်စုံဆိုင်ကို…
Read MoreMonth: June 2022
ဧရာဝတီတိုင်းမှာ ငါးရှဉ့်ဈေး ထိုးကျသွားလို့ ငါးရှဉ့်ရှာဖွေသူတွေနဲ့မွေးမြူသူတွေ အခက်အခဲဖြစ်နေ
ပုသိမ်၊ဇွန် ၁၀-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းမှာ ငါးရှဉ့်ဈေးနှုန်းထိုးကျသွားလို့ ငါးရှဉ့်မွေးမြူသူတွေနဲ့ငါးရှဉ့်ရှာဖွေသူတွေအခက် အခဲဖြစ်နေကြတယ်လို့ ငါးရှဉ့်မွေးမြူသူတွေနဲ့ငါးရှဉ့် ရှာဖွေသူတွေဆီကနေသိရပါတယ်။ ဧရာဝတီတိုင်းမှာ အရင်က ငါးရှဉ့်တပိသာကို ငွေကျပ် ၈၅၀၀ အထိ ဈေးရှိခဲ့ပြီး တရုတ်နိုင်ငံဘက်က ငါးရှဉ့်ကို ဇွန်လပထမအပတ်ကနေစတင်ပြီး ဝယ်ယူတာရပ်လိုက်တဲ့အတွက် ငါးရှဉ့်တပိသာကို ငွေကျပ် ၃၀၀၀ အထိသာ ဈေးရှိတော့တာကြောင့် မွေးမြူသူတွေနဲ့ငါးရှဉ့်ရှာဖွေသူတွေအခက်အခဲဖြစ်နေရတာလို့ သိရပါတယ်။ “ဒီလိုမိုးတွင်းအချိန် ချောင်း၊မြောင်းတွေမှာ ငါးရှဉ့်ထောင်တဲ့မြုံးတွေနဲ့ထောင်ပြီး ဖမ်းရတယ်။ဒီနှစ်အဖို့ ငါးရှဉ့်ဖမ်းဆီးရမိမှုကတော့ မဆိုးပါဘူး။လက်ရှိ ငါးရှဉ့်ဈေးက တအားထိုးကျနေတယ်။ဈေးကထိုးကျနေတော့ အရင်တုန်းက တနေ့ရှာ တပိသာရရင် ၈၅၀၀ အထိရတယ်။အခုတရက်ရှာလို့ ၃ ပိသာအထိက ၃ထောင်ဝန်းကျင်လောက်ပဲရတော့တယ်။ကုန်သည်တွေပြောတာကတော့ တရုတ်ကနေ အဝယ်ရပ်ထားတာမို့တဲ့။”လို့ မအူပင်မြို့၊ မလတ်တိုကျေးရွာက ငါးရှဉ့်ရှာဖွေတဲ့လုပ်ငန်း လုပ်ကိုင်သူတဦးကပြောပါတယ်။ ဧရာဝတီတိုင်းက ငါးရှဥ့်အဝယ်ဒိုင်တွေအနေနဲ့ ရန်ကုန်ကနေတဆင့် တရုတ်နိုင်ငံဘက်ကို စားသောက်ကုန်အဖြစ် တင်ပို့ရောင်းချနေပြီး လက်ရှိမှာ တင်ပို့မှုရပ်ထားရလို့ပြည်တွင်းမှာသာ ရောင်းချနေရတယ်လို့ သိရပါတယ်။ “ထိုင်းနိုင်ငံကလည်း…
Read Moreနိုင်ငံ ၉၈ နိုင်ငံမှ ပြည်ပခရီးသွားတွေကို ဂျပန်နိုင်ငံက ပြည်၀င်ခွင့်ပြုပြီ
တိုကျို၊ ဇွန်-၁၀-၂၀၂၂ မျိုးဆက်(VOM) ဂျပန်နိုင်ငံဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ချမှတ်ထားတဲ့ နယ်စပ်ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ပြီး နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်ပနိုင်ငံတွေမှ ခရီးသွားတွေကို ပြည်၀င်ခွင့်ပြုလိုက်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အနည်းဆုံးဖြစ်နိုင်ခြေရှိတယ်လို့ ယူဆရတဲ့ နိုင်ငံနဲ့ နယ်မြေ ၉၈ ခုမှ ပြည်ပခရီးသွားတွေအတွက် နိုင်ငံနယ်စပ်တွေကို ဇွန် ၁၀ ရက်မှာ ဂျပန်အစိုးရက ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ အမေရိကန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ ပါ၀င်ပါတယ်။ ခွင့်ပြုထားတဲ့နိုင်ငံတွေမှ ၀င်ရောက်လာတဲ့ခရီးသွားတွေဟာ ဗိုင်းရပ်စ်ကူးစက်မှုရှိမရှိ စစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်နဲ့ ကာကွယ်ဆေးမထိုးရသေးပေမယ့်် ကိုယ်တိုင်သီးခြားနေထိုင်ရခြင်းတွေကလည်း ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ပခရီးသွားတွေ၀င်ရောက်မှုကို တရက်မှာအယောက် ၂၀၀၀၀ သာ သတ်မှတ်ထားတာကြောင့် ခရီးသွား၀င်ရောက်မှုကို ကန့်သတ်ထားဆဲဖြစ်ပြီး ခရီးသွားလမ်းညွှန်ပါတဲ့ အဖွဲ့လိုက်ခရီးသွားတွေကိုသာ လက်ခံဦးမှာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်မှုဟာ ဂျပန်နိုင်ငံရဲ့ ပြည်တွင်းစီးပွားရေးကို အထောက်အကူဖြစ်ဖို့ မျှော်လင့်နေကြပေမယ့်လည်း…
Read Moreအာဆီယံ-အိန္ဒိယ ဆွေးနွေးပွဲ လာမယ့်အပတ်မှာ ကျင်းပဖို့စီစဉ်၊ မြန်မာနိုင်ငံခြားရေး၀န်ကြီးကို ဖိတ်ကြားဖွယ်မရှိ
ဒေလီ၊ ဇွန်-၁၀-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံဟာ အာဆီယံအဖွဲ့နဲ့ ဆက်ဆံရေးနှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံခြားရေး၀န်ကြီးတွေရဲ့ဆွေးနွေးပွဲကို ဇွန် ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ အဲဒီ အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာဘက်က နိုင်ငံခြားရေး၀န်ကြီးကို ဖိတ်ကြားဖို့ကတော့ အာဆီယံအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေအပေါ် မူတည်လိမ့်မယ်လို့ အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ်ဘက်ချီက ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက် အာဆီယံအဖွဲ့ရဲ့ အဓိကအစည်းအဝေးတွေမှာ မြန်မာဘက်က နိုင်ငံရေးသမားမဟုတ်သူကိုသာ ဖိတ်ကြားမှုပြုခဲ့ပါတယ်။ အစည်းအဝေးကိုတော့ အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးတို့နဲ့ စင်ကာပူနိုင်ငံခြားရေး၀န်ကြီးတို့က ပူးတွဲဥက္ကဌအဖြစ် တာ၀န်ယူမှာဖြစ်ပြီး စင်ကာပူနိုင်ငံခြားရေး၀န်ကြီးဟာ အာဆီယံအဖွဲ့ရဲ့ အိန္ဒိယဆိုင်ရာ ညှိနှိုင်းရေးမှူးလည်းဖြစ်ပါတယ်။ အာဆီယံအဖွဲ့နဲ့ အိန္ဒိယနိုင်ငံတို့အကြား ကဏ္ဍအလိုက်မိတ်ဖက်ဆက်ဆံရေးကို ၁၉၉၂ ခုနှစ် ဒီဇင်ဘာလမှာ ထူထောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်၊ ၂၀၀၂ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တို့မှာ အရေးပါတဲ့…
Read MoreKBZ ATM စက် ၅၀နီးပါးမှာ ငွေသားပြန်ထုတ်နိုင်ပြီလို့ အသိပေးထားပေမယ့် တချို့ထုတ်မရဖြစ်နေသေး
ဇွန် ၁၀-၂၀၂၂ VOM (GG) နေပြည်တော်အပါအဝင် ရန်ကုန် ၊မန္တလေး၊တောင်ကြီးမြို့တွေက ATM စက်တချို့မှာ ငွေသားပြန်လည် ထုတ်ယူနိုင်ပြီလို့ KBZ ဘဏ်က အသိပေးကြေညာလိုက်ပါတယ်။ ဒါပေမယ့်ကြေငြာထားတဲ့ ATM စက်တွေထဲမှာမှ လိုင်းကျတာတွေရှိနေသေးတာကြောင့် ငွေထုတ်ရခက်တဲ့စက်တချို့နဲ့ ငွေထုတ်မရတာတွေ ကြုံနေရတယ်လို့ KBZဘဏ်သုံးစွဲသူတွေကပြောပါတယ်။ ” ထုတ်ရပြီဆိုလို့ မနက်က ရန်ကင်းဘက်ရောက်တာနဲ့ ရန်ကင်းစင်တာမှာထုတ်တာမရဘူး၊ Unable to dispense တဲ့ ၊ ထုတ်မရဘူး၊ စိတ်မရှည်လို့ စောင့်မထုတ်ခဲ့ဘူး”လို့ KBZ bank သုံးစွဲသူတဦးကပြောပါတယ်။ KBZ ဘဏ်ကတော့ ဇွန်လ ၉ ရက်နေ့က စပြီး ရန်ကုန်မြို့က ကမာရွတ် ဘဏ်(၁)၊ ဆူးလေဘုရားလမ်း ဘဏ်ခွဲ၊ ကျောက်မြောင်းဈေးဘဏ်ခွဲ၊ကိုးမိုင် ဘဏ်ခွဲ၊ Junction square ဘဏ်ခွဲ၊ ဦးဝိဇာရဘဏ်ခွဲ၊ MICT Park၊ ရန်ကင်းစင်တာ၊ ကျိုက္ကစံ စူပါဝမ်း၊…
Read Moreမလေးရှားမှာ မဖြစ်မနေသေဒဏ်ပေးမှု ဖျက်သိမ်းဖို့ အစိုးရအဖွဲ့သဘောတူ
ကွာလာလမ်ပူ၊ ဇွန်-၁၀-၂၀၂၂ မျိုးဆက်(VOM) မလေးရှားအစိုးရဟာ မဖြစ်မနေသေဒဏ်ပေးမှုကို ဖျက်သိမ်းဖို့ သဘောတူလိုက်ကြောင်း ၀န်ကြီးချုပ်ရုံးမှ ၀န်ကြီးတစ်ဦးဖြစ်သူ ၀မ်ဂျန်နာဒီတွမ်ကူဂျာဖာက အတည်ပြုပြောဆိုလိုက်ပါတယ်။ တရားရုံးကဆုံးဖြတ်လိုက်တဲ့ သေဒဏ်ကဲ့သို့သော ကြီးလေးသောပြစ်ဒဏ်ကို အခြားသောပြစ်ဒဏ် အမျိုးအစားတွေနဲ့ အစားထိုးသွားမယ်လို့ ဇွန် ၁၀ ရက်တမှာ မလေးရှားအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဇွန် ၈ ရက်ကပြုလုပ်တေဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ မဖြစ်မနေသေဒဏ်ပေးရမယ့်အစား အစားထိုးပြစ်ဒဏ်ဆိုင်ရာ လေ့လာမှုအစီရင်ခံစာတရပ်ကို တင်ပြပြီးနောက် မလေးရှားအစိုးရက အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ သေဒဏ်ပေးရမယ့် ပြစ်မှုတွေနဲ့ပတ်သက်ပြီး အဆိုပြုထားတဲ့ အစားထိုးစီရင်ချက်တွေကို ဆက်လက်လေ့လာ သုတေသနပြုသွားမှာဖြစ်ကြောင်း မလေးရှားအစိုးရက သဘောတူညီခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ လက်ရှိသေဒဏ်ပေးနိုင်တဲ့ ပြစ်မှုတွေကတော့ လူသတ်မှု၊ မူးယစ်ဆေးဝါး ရောင်း၀ယ်ဖောက်ကားမှု၊ အကြမ်းဖက်မှု၊ ပြန်ပေးဆွဲမှုနဲ့ သေနတ်လက်၀ယ်ထားရှိ ကိုင်ဆောင်မှုတို့ဖြစ်ပါတယ်။ Ref: CNA Photo:TRP #voiceofmyanmar #VOM #ကွာလာလမ်ပူ
Read Moreသီပေါမြို့ကို ညမထွက်အမိန့် ထုတ်ပြန်
ဇွန် ၁၀-၂၀၂၂ KK(VOM) သီပေါမြို့နယ်မှာ ဇွန်လ ၈ ရက်ကစလို့ ညရှစ်နာရီကနေ မနက်လေးနာရီထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်လို က်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ သီပေါမြို့နယ်အတွင်းရှိ လူအချို့ဟာ အများပြည်သူတို့ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူဆောင်ရွက်နေလို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ရတာဖြစ်တယ်လို့ ထုတ်ပြန်လိုက်တဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။ အဲ့ဒီလူပုဂ္ဂိုလ်အချို့ရဲ့ပြုမူဆောင်ရွက်မှုကြောင့် အများပြည်သူတို့ရဲ့လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့အပြင် ရုန်းရင်းဆန်ခတ်ဖြစ်နိူင်တယ်လို့ ယုံကြည်ယူဆပြီး သီပေါ်မြို့နယ်မှာ စုဝေးခြင်း ယာဥ်တစ်မျိုးမျိုးကိုဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း လှူံဆော်ဆန္ဒပြခြင်းများမပြုလုပ်ဖို့ တားမြစ်လိုက်တာဖြစ်ပါတယ်။ “သီပေါမှာတော့ ပုံမှန်အတိုင်းသွားလာနေကြတာပါပဲ၊ ဘာကြောင့် အခုလိုအမိန့်ထုတ်လဲမသိဘူး၊ ကျနော်ရှိတဲ့နေရာမှာတော့ ထုတ်ပြန်ချက်ထဲကဖြစ်စဥ်တွေမရှိဘူး”လို့ နိူင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)က ပြောပါတယ်။ အခုလို အမိန့်ထုတ်ပြန်လိုက်ပြီးနောက် လူ၅ဦး(သို့ မဟုတ်)လူ၅ဦးထက် ပိုသူများသည် ည ရှစ်နာရီမှ မနက်လေးနာရီအတွင်း သီပေါမြို့နယ်အတွင်း လမ်းမကြီးများ လမ်းသွယ်များနဲ့အများပြည်သူနဲ့ဆိုင်သောနေရာတွေမှာ စုဝေးခြင်းပြုလုပ်ရမှာမဟုတ်ဘူးလို့…
Read Moreချောင်းသာကမ်းခြေက ဟိုတယ်ဝန်ထမ်း ၄၀၀ နီးပါးကို အလုပ်ရပ်နားထားဖို့ လုပ်ငန်းရှင်တွေကစီစဉ်နေ
ပုသိမ် ၊ ဇွန်လ ၁၀-၂၀၂၂ မင်းမြတ် ဧရာ၀တီတိုင်း၊ပုသိမ်မြို့ရှိ ချောင်းသာကမ်းခြေက ဟိုတယ်ဝန်ထမ်းတွေကို ဧည့်သည်လာရောက်မှု တစ်ရက်နဲ့ တစ်ရက်နည်းပါးလာလို့ ဝန်ထမ်းအယောက် ၄၀၀ နီးပါး အလုပ်ရပ်နားဖို့စီစဉ်နေတယ်လို့ ကမ်းခြေဝန်ထမ်း တွေဆီက သိရပါတယ်။ ချောင်းသာကမ်းခြေဟာ မေလမှစတင်ကာ ဧည့်သည်ဝင်ရောက်မှုနည်းပါးလာပြီး ဇွန်လမှာ ဧည့်သည်မရှိသလောဖြစ်လာလို့ ဟိုတယ်ပိုင်ရှင်တွေကဝန်ထမ်းတွေကိုအလှည့်ကျ စနစ်နဲ့ ခွင့်ရက်ရှည်ပေးပြီး ဝန်ထမ်းအင်အား ၄၀၀ နီးပါး ကို ဇွန်လအတွင်းမှာ လျော့ချဖို့အတွက်စီစဉ်နေတယ်လို့ သိရပါတယ်။ “နှစ်တိုင်းတော့ ဇွန်လမှာလည်း ဧည့်သည်ကလာလေ့ရှိတယ်၊ ဒီနှစ်တော့ မရှိသလောက်ဖြစ်နေလို့ ဝန်ထမ်းတွေလျော့ချမယ်ဆိုပြီးပြောတယ်။ဘာတတ်နိုင်မလည်း ဝန်ထမ်းက အလုပ်ရှင် ခန့်မှ နေရမှာလေ။အခက်အခဲကတော့ ဒီနှစ် ကုန်ဈေးနှုန်းတွေကြောင့် အလုပ်ရှိနေတာတောင် ခက်ခဲနေတာ အလုပ်တာမလုပ်ရင် ပိုကျပ်လာဖို့သာရှိတယ်။”လို့ အဲ့ဒီကမ်းခြေက ဟိုတယ်ဝန်ထမ်းတဦးက ပြောပါတယ်။ အဲ့ဒီကမ်းခြေက ဟိုတယ် လုပ်ငန်းရှင်တဦးကတော့” ဧည့်သည်မရှိတော့တဲ့အချိန် ဟိုတယ်မှာခန့်ထားတဲ့ ဝန်ထမ်းတွေကို ၃ ပုံ…
Read Moreမြစ်ငယ်မှာ တုတ်/ဓါးတွေကိုင်ဆောင်ပြီး လောင်းကစားဝိုင်းပြုလုပ်နေတယ်လို့ သိရ
ဇွန် ၁၀-၂၀၂၂ Voice Of Myanmar မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ် မြစ်လောင်းစက်ကွေ့ရပ်ကွက်၊ ရန်အောင်မြင်ဘုန်းကြီးကျောင်းအဝင် သရက်ခြံအနီးမှာ လေးကောင်ဂျင် လောင်းကစားဝိုင်းကို တုတ်/ဓားတွေကိုင်ဆောင်ပြီး လုံခြုံရေးယူကာ လုပ်ကိုင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ လေးကောင်ဂျင်လောင်းကစားဝိုင်းကိို ရန်အောင်မြင် ဘုန်းကြီးကျောင်း ဆိုင်းဘုတ်မုဒ်ဦးကနေဝင်ကာ သရက်ခြံအတွင်းအနီးမှာ မုန့်စျေးတန်းတွေနဲ့ တုတ်/ဓါးလက်နက်ကိုင်ကာ လုံခြုံရေးယူထားသူတွေနဲ့ပြုလုပ်နေတယ်လို့ သိရပါတယ်။ “လောင်းကစားဒိုင်ကတော့ ကိုလင်း ဗျ၊ သူတပည့်တွေက တုတ်/ဓါးတွေနဲ့ လောင်းကစားဝိုင်းကို လုံခြုံရေးယူထားတာ၊ ရဲလည်းဂရုမစိုက်ဖူး၊ နောက်ပြီး အဲ့ဒီလောင်းကစားဝိုင်းအနီးတဝိုက် မြစ််ငယ်လမ်းပေါ်မှာလည်း လုယက်မှုတွေမကြာခဏဖြစ်တယ်၊ ကျနော်တို့ အဲ့ဒီလောင်းကစားဝိုင်းကို နေရာရွေ့ပေးဖို့၊ နောက်ပြီး မပြုလုပ်ဖို့တိုင်တယ် အရေးယူခြင်းလည်းမရှိဘူး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ဒီလိုမင်းမဲ့စရိုက်ဆန်စွာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းတွေကို ထိရောက်စွာအရေးယူပေးစေခြင်တယ်လို့”လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံအချို့ကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၅ရက်နေ့လည်ပိုင်းက မန္တလေးမြို့ စက်မှုဇုံ ၂၊ ကနောင်မင်းသားကြီးလမ်း(၁၃၉)လမ်းနဲ့ (၅၉)လမ်းဒေါင့်မှာရှိတဲ့ မဟာဓါတ်အားလိုင်းအများပိုင်နေရာကို ဝင်းခတ်ကာရံပြီး…
Read Moreမြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ အာဆီယံအထူးသံတမန်ရဲ့ ဒုတိယမ္ပိ ဝိရောဓိခရီးစဉ်
ဇွန် ၁၀-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ရည်ရွယ်ကာ အာဆီယံအထူးသံတမန်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီး ပရက်ခ်ဆိုခွန်ဟာ အခုလထဲမှာ မြန်မာနိုင်ငံကို ဒုတိယကြိမ်အဖြစ် လာရောက်ဖို့ရှိနေပါတယ်။ ဒီခရီးစဉ်မှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေထွက်ပေါ်ဖို့၊ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ပါ၀င်သူတွေအားလုံးနဲ့ ပိုမိုကျယ်ပြန့်စွာတွေ့ဆုံနိုင်မယ်လို့ မျှော်လင့်ကြောင်း အထူးသံတမန်က ထုတ်ဖော်ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေ၊ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး၊ ဆိုးရွားလာနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေစတဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အာဆီယံအထူးသံတမန်က မေ ၂၇ ရက်က ရှင်းလင်းတင်ပြခဲ့ပါတယ်။ အာဆီယံအထူးသံတမန် ပရက်ခ်ဆိုခွန်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် နိုရယ်လင်းဟေဇာပါတက်ရောက်ခဲ့တဲ့ ဒီအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကြေညာချက်တစောင်ကို လုံခြုံရေးကောင်စီက ထုတ်ပြန်ချက်ထုတ်ဖို့ ဗြိတိန်ရဲ့အဆိုပြုမှုဟာ တရုတ်နဲ့ရုရှားတို့ရဲ့ ကန့်ကွက်မှုကြောင့် အကောင်အထည်မပေါ်ခဲ့ပါဘူး။ အဓိကအားဖြင့် အာဆီယံ ဘုံသဘောတူညီချက်တွေကို မြန်မာဘက်က…
Read More