မောင်တောမြို့နယ်မှာ တောဆင်းရိုင်းကြီးတကောင် သေဆုံးနေလျက်တွေ့ရှိ

ဇွန် ၉-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာအနီးမှာ ဒီကနေ့ မနက်ပိုင်းက တောဆင်ရိုင်ကြီးတကောင် သေဆုံးလျက်တွေ့ရှိထားတယ်လို့ သစ်တောဌာနနဲ့ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးလျက်တွေ့ရှိတဲ့ တောဆင်ရိုင်းကြီးဟာ အလျားလိုက် အရှည် (၁၂) ပေ၊ လုံးပတ် (၁၈) ပေနဲ့ အမြင့် (၉) ပေရှိပြီး ဝမ်းဗိုက်ပေါက်ပြဲ ဒဏ်ရာတွေနဲ့ တွေ့ရှိကာ အနက် (၉)လက်မရှိတယ်လို့ မောတောမြို့နယ် သစ်တောဦးစီးဌာနက အတည်ပြုပြောပါတယ်။ မောင်တောမြို့နယ် သစ်တောဦးစီးဌာန ဦးမောင်လုံးက “အရွယ်အစားတွေကတော့ တိုင်းတာပြီးပြီ။ ဒေသခံတွေက သတင်းပေးပို့လာတယ်။ သစ်တောအဖွဲ့နဲ့ နယ်ခြားစောင့်အဖွဲ့နဲ့တော့ ဆွေးနွေးနေကြတယ်” လို့ ပြောပါတယ်။ ဆင်သေဆုံးနေတဲ့ အနီးအနားကျေးရွာတွေကလည်း ညဉ့်အချိန် ဆင်အော်သံကြားတဲ့အတွက် မနက်မိုးလင်းလို့ သွားကြည့်ကြတဲ့အခါ သေဆုံးပြီးတွေ့ရတယ်လို့ ကျေးရွာတာဝန်ခံကပြောပါတယ်။ အဲဒီ ဆင်သေဆုံးတဲ့နေရာဟာ ကျေးရွာအနီးက ရွာသားတွေရဲ့ ဥယျာဉ်ခြံတွေပတ်ဝန်းကျင်မှာဖြစ်ပြီး ဘာကြောင့်သေဆုံးသွားတယ်ဆိုတာကိုတော့ မသိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။…

Read More

မန္တလေးတိုင်းအတွင်းက ၃၁ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ဆုရခဲ့သူတွေကို ဂုဏ်ပြု

ဇွန် ၉-၂၀၂၂ Voice Of Myanmar မန္တလေးတိုင်းအတွင်းကနေ ဗီယက်နမ်နိုင်ငံမှာကျင်းပတဲ့ ၃၁ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ပြီး အောင်ပွဲရလာတဲ့ အားကစားသမားတွေနဲ့ နည်းပြတွေကို ဂုဏ်ပြုခြင်းအခမ်းအနားကို ဒီကနေ့မနက်ပိုင်းက မန္တလေးမြို့မှာပြုလုပ်ခဲ့ပါတယ်။ မန္တလေးတိုင်းအတွင်းကနေ အားကစားသမား (၃၃)ဦးနဲ့ နည်းပြ(၆)ဦး၊ အားကစားနည်း(၁၇)မျိုးကို သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၄)၊ ကြေးတံဆိပ်(၃)ခု ရရှိခဲ့တဲ့သူတွေကို ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ ဝူရှူးအားကစားနည်းမှာ ရွှေတံဆိပ်ဆုရခဲ့တဲ့ ကိုသိန်းသန်းဦးကတော့ “ကျွန်တော်ကတော့ ၃နည်းပြိုင်ရပါတယ်၊ ပထမ(၂)မျိုးမှာ ကျွန်တော်မရသေးဘူး၊ အဲ့ဒီတော့ ကျွန်တော့စိတ်တွေကို ပြန်ငြိမ်အောင်မို့ ယုံကြည်မှုရှိအောင်မို့ ကြိုးစားပြီးတော့ ပြန်လည်ယှဉ်ပြိုင်ခဲ့ပါတယ်၊ အခုလိုမျိုး ရွှေတံဆိပ်ဆုရတဲ့အတွက် အရမ်းပဲ အတိုင်းမသိပဲ ဝမ်းသာဂုဏ်ယူပါတယ်၊ အားပေးကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။ ​မန္တလေးတိုင်းအတွင်းက အောင်ပွဲရအားကစားတွေကို ဂုဏ်ပြုခြင်းအခမ်းအနားမှာ ဗထူးအားကစားကွင်းကနေ မော်တော်ယာဉ်တန်းနဲ့ လှည့်လည်ပြီး မန္တလေးမြို့တော်ခန်းမအတွင်းမှာ ဂုဏ်ပြုဆုတွေ ချီးမြင့်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အားကစားအမျိုး(၂၀)ကို…

Read More

ရေကြည်မြို့နယ်မှာ စေတီပတ်လမ်း တူးဖော်ရာကနေရှေးဟောင်း ဗုဒ္ဓဆင်းတုတော်တွေ ၁ ဒါဇင်နီးပါးတွေ့

  ဇွန် ၊ ၉-၂၀၂၂ မင်းမြတ်+ SP(VOM) ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင် ၊ ရေကြည်မြို့နယ် ကက္ကူကြီးကျေးရွာမှာ ရှေးဟောင်းစေတီတွေကို ပတ်လမ်းတူးဖော်ဆောက်လုပ်တဲ့အခါ မနေ့ ဇွန် ၈ ရက် မနက်ပိုင်းက ရှေးဟောင်းဗုဒ္ဓဆင်းတုတော် ၁ ဒါဇင်နီးပါး တွေ့ရှိခဲ့ရတယ်လို့ ရာဇသေနဆုတောင်းပြည့်ကျောင်းတိုက် ဆရာတော်ဆီက သိရပါတယ်။ ” ရှေးဟောင်းစေတီ ၉ ဆူကို ​ပတ်လမ်းဖောက်ရာကနေ အခုလို ဆင်းတုတော်တွေ တွေ့ရတာဖြစ်တယ် ၊ လက်တလော တွေ့ရတာက ၁၁ ဆူရှိသွားပြီ၊ ကိုယ်လုံးတော်တို့ ၊ ဉာဏ်တော်တို့ တိုင်းထွာ စီစစ်တာမလုပ်ရသေးဘူး “လို့ ရာဇသေနဆုတောင်းပြည့်ကျောင်းတိုက် ဆရာတော်က မိန့်တော်မူပါတယ်။ တွေ့ရှိတဲ့ ရှေးဟောင်းရုပ်ပွားတော်တွေဟာ ၁၄ ဆူဖြစ်ပြီး ရှေ့ဟောင်းစကျင်ဘုရား ၄ ဆူ၊ ရှေ့ဟောင်းစကျင်ရုပ်ပွားတော် ၆ ဆူ၊လျောင်းတော်မူ စကျင် ၁…

Read More

ဒလမြို့နယ်မှာ သမ္ဗန်စီးခွင့် ယာယီပိတ်

ဇွန် ၈-၂၀၂၂ KK(VOM) ရန်ကုန်မြို့မှာ ရေလမ်းခရီးကိုသာ အားကိုးပြီး ခရီးသွားလာနေရတဲ့ ဒလမြို့နယ်မှာတော့ ဒီကနေ့ကစလို့ သမ္ဗန်စီးခွင့်ကို ယာယီပိတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သမ္ဗန်တွေကို မနက်ဖြန်က စတင်ပြီး ဇွန်လ ၁၁ ရက်နေ့အထိပိတ်ထားမှာဖြစ်တယ်လို့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ ပိတ်ထားတဲ့ သမ္ဗန်ဆိပ်တွေကတော့ မှော်စက်၊ကမာကဆစ်၊စက်မြေ၊ကမာသွယ်၊ကားဂိတ်သမ္ဗန်ဆိပ်တို့ဖြစ်တယ်လို့ သမ္ဗန်မောင်းနှင်သူတဦးကပြောပါတယ်။ “လေးရက်လောက်ပဲ ပိတ်ရင်တော့ အကြောင်းမဟုတ်ဘူး အမြဲပိတ်မှာကို ကြောက်နေတာ အကုန်လုံးက”လို့ သူကပြောပါတယ်။ သမ္ဗန်တွေပိတ်ထားပြီး သင်္ဘောနဲ့သွားလို့ရယ်ဆိုပေမယ့် အများစုဟာ လုပ်ငန်းခွင်ကို လျှင်မြန်စွာရောက်ရှိစေဖို့အတွက် သမ္ဗန်တွေကိုသာ အားကိုးနေရတာဖြစ်တယ်လို့ ကမာကဆစ်ရပ်ကွက်နေသူတဦးက ပြောပါတယ်။ ရန်ကုန်နဲ့ဒလကကုန်စည်တွေကို ကူးသန်းရောင်းဝယ် ရေးလုပ်နေသူတွေအနေနဲ့လည်း လက်တလောအသိပေးကြေညာချက်ကြောင့် ကုန်သွယ်ရေးကိစွတွေမှာ ခေတ္တ နားထားတယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။ “အခုက ကုန်ရောင်းကုန်ဝယ်အဆင်မပြေဘူး ကယ်ရီလည်းမရှိဘူး၊ သမ္ဗန်တွေလည်းနားထားတယ်ဆိုတော့ စဥ်းစားစရာဖြစ်နေပြီ”လို့ သူကပြောပါတယ်။ ဒလမြို့နယ်မှာ မေလ ၂၆ ရက်…

Read More

ဖားကန့်မှာ ပျောက်ဆုံးနေတဲ့ ရေမဆေးကျောက်ရှာဖွေသူ အသက် ၁၈ နှစ်အရွယ် လူငယ်ရုပ်အလောင်းတွေ့ရှိ

ဇွန် ၈-၂၀၂၂ GG(VOM) ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ဆန်ခါကျေးရွာမှာ ပျောက်ဆုံးနေတဲ့ ရေမဆေးကျောက်ရှာဖွေသူ လူငယ်အမျိုးသားရုပ်အလောင်းကို ဒီနေ့ ဇွန်လ ၈ ရက် မနက်ပိုင်းက ရေကန်ထဲမှာ ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ သေဆုံးသူဟာ အသက် ၁၈ နှစ်အရွယ် မောင်သီဟနိုင်ဆိုသူ ဖြစ်ပြီး စစ်ကိုင်းတိုင်း ၊တန့်ဆည်မြို့နယ်ဇာတိဖြစ်တယ်လို့ သိရပါတယ်။ မနေ့ ဇွန်လ ၇ ရက်နေ့က ကိုသီဟနိုင်နဲ့အတူ ရေမဆေးကျောက်ရှာဖွေသူ အယောက် ၃၀ ခန့်ဟာ လုပ်ကွက်ကျင်းဟောင်းတစ်ခုကို ကျောက်ရှာဖွေဖို့သွားရောက်ချိန် လုပ်ကွက်ကျင်းတာဝန်ရှိသူတွေက တားမြစ်ခဲ့တာကြောင့် ထွက်ပြေးကြစဉ်လူစုကွဲကာ သီဟနိုင်က ပျောက်ဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ” သူတို့အဖွဲ့၃၀လောက်ရှိတယ်ပြောတယ်၊ကျောက်ရှာသွားတော့ ဟိုကအစောင့်တွေက မောင်းထုတ်ကြတာမှာ ထွက်ပြေးကြတော့၊ လမ်းမှာ ရေအိုင်ကိုဖြတ်ရတယ်၊အဲ့ဒီအပြီးမှာ သူကလူစုကွဲသွားတာလို့သိရတယ်။စသိတဲ့နေ့မှာ ရှာကြပေမယ့် မတွေ့ဘူး။ အခုဒီနေ့ မနက်ကျမှ အဲ့ဒီရေကန်ထဲမှာ အလောင်းကပေါ်လာတာ၊ သေတဲ့ကောင်လေးက ဆယ်တန်းကိုဂုဏ်ထူးနှစ်ဘာသာနဲ့ပါထားတာတဲ့။သူတို့ဘက်က အခြေအနေမကောင်းလို့ ဒီဘက်ကိုလာပြီး…

Read More

နေတိုးအဖွဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှု ဘောလ်တစ် ပင်လယ်မှာ ပြုလုပ်နေ

ဘရပ်ဆဲလ်၊ ဇွန်-၈-၂၀၂၂ မျိုးဆက်(VOM) နေတိုးအဖွဲ့ဟာ ဘောလ်တစ်ပင်လယ်ဒေသမှာ နှစ်စဉ်ရေတပ်စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေပြီး နေတိုးအဖွဲ့၀င်ဖြစ်ဖို့ လွန်ခဲ့တဲ့လက လျှောက်ထားခဲ့တဲ့ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့လည်း ပါ၀င်နေပါတယ်။ ဇွန် ၅ ရက်ကစတင်ခဲ့တဲ့ နှစ်ပတ်ကြာစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ ဂျာမနီနဲ့ တူရကီတို့အပါအ၀င် အဖွဲ့၀င် ၁၄ နိုင်ငံလည်းပါ၀င်ပါတယ်။ စစ်ရေးလေ့ကျင့်မှုတွင်ပါ၀င်တဲ့ အမေရိကန်တပ်ဖွဲ့၀င်တွေဟာ ဆွီဒင်ရှိ ဂေါ့လန်းကျွန်းမှာ ဆင်းသက်မှုလေ့ကျင့်ခဲ့ပြီး ရေသူရေငုပ်သင်္ဘောတွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ခြင်းနဲ့ မိုင်းရှင်းတဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ စစ်ရေးလေ့ကျင့်မှုဟာ ဘောလ်တစ်ပင်လယ်ဒေသတစ်လျှောက်မှာ ရေကြောင်းသွားလာမှုဆိုင်ရာ လွတ်လပ်ခွင့်နဲ့ ဘေးကင်းလုံခြုံမှုကို ကာကွယ်ဖို့ လိုအပ်တဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှု အားကောင်းစေဖို့အတွက် ရည်ရွယ်ကြောင်း နေတိုးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲဒီလိုစစ်ရေးလေ့ကျင့်မှုကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကတည်းက နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိကြောင်း နေတိုးအဖွဲ့ကပြောပါတယ်။ Ref: NHK Photo:AzerNews…

Read More

သီရိလင်္ကာမှာ မရှိမဖြစ်ကုန်ပစ္စည်းတွေ၀ယ်ဖို့ ခြောက်လအတွင်း ဒေါ်လာ ၅ ဘီလီယံထိ လိုနေတယ်လို့ ၀န်ကြီးချုပ်ပြော

  ကိုလံဘို၊ ဇွန်-၈-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော်အတွင်း အဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းများ၀ယ်ယူဖို့အတွက် လာမယ့်ခြောက်လအတွင်း အနည်းဆုံး ဒေါ်လာငါးဘီလီယံလိုအပ်ကြောင်း သီရိလင်္ကာ ၀န်ကြီးချုပ်က ဇွန် ၇ ရက်မှာ ထုတ်ဖော်ပြောလိုက်ပါတယ်။ အစားအစာ၊ လောင်စာဆီနဲ့ ဓါတ်မြေသြဇာလိုမျိုး အခြေခံပစ္စည်းတွေ၀ယ်ယူရေးအတွက် ငွေလိုအပ်ကြောင်း ၀န်ကြီးချုပ် ရာနီးဝီခရီမီဆင်းက လွှတ်တော်သို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ယခုနှစ်မှာငွေကြေးပိုမိုလိုအပ်ကြောင်း သူကပြောပါတယ်။ လက်ရှိမှာ အကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ လူဦးရေ ၂၂ သန်း၀န်းကျင်ရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီတင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ၊ စားနပ်ရိက္ခာအတွက် ဒေါ်လာသန်း ၉၀၀ ၊ဓါတ်မြေသြဇာအတွက် ဒေါ်လာသန်း ၆၀၀ နဲ့ ဓါတ်ငွေ့၀ယ်ယူဖို့အတွက် ဒေါ်လာသန်း…

Read More

CDM ပညာရေးဝန်ထမ်းတွေ တာဝန်ပြန်ထမ်းဆောင်ဖို့ အယူခံတင်ခွင့် ရက်တိုးမြင့်၊ တာဝန်ပြန်ထမ်းဆောင်သူ ၃၀၀၀ နီးပါရှိဟုသိရ

ဇွန် ၈-၂၀၂၂ GG(VOM) CDM လုပ်ပြီး တာဝန်ကနေ ကင်းကွာနေတဲ့ အခြေခံပညာရေးဝန် ထမ်းတွေအနေနဲ့ တာဝန်ပြန်လည်ထမ်းဆောင်နိုင်ဖို့ အယူခံတင်ခွင့်ကို နောက်ထပ် ၅ ရက် ထပ်မံတိုးမြင့်ပေးလိုက်တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် ဆက်သွယ်သတင်းပို့ဖို့ ဆန္ဒရှိပေမယ့်လည်း လမ်းပန်းဆက်သွယ်ရေး နဲ့ တခြားအခက်အခဲတွေကြောင့် သတ်မှတ်ရက်အတွင်း သတင်းပို့နိုင်ခြင်းမရှိတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ဇွန်လ ၁၄ ရက်နေ့အထိ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။ ” CDM လုပ်နေတာကနေ ကျောင်းပြန်တက်မယ်၊စာပြန်သင်မယ်ဆိုရင် အကုန်လုံး တာဝန်ယူတယ်။ ပညာရေးမှူးရုံးအကုန်လုံးကို တာဝန်ယူဖြေရှင်းပေးမယ်ပြောတယ်။ ကျမတို့ကျောင်းမှာက CDM လုပ်နေတာတွေများတယ်။ CDM တွေဖမ်းတယ်ဆိုတဲ့သတင်းတွေကလည်းပြန်ကြားနေရတော့ ဘယ်လိုလုပ်ရမလဲ မသိသေးဘူး။ “လို့ CDM လုပ်နေတဲ့ မူလတန်းပြဆရာမတဦးကပြောပါတယ်။ လက်ရှိမှာ CDM လုပ်ပြီး တာဝန်ပြန်လည်ထမ်းဆောင်နေပြီဖြစ်တဲ့ အခြေခံပညာ ဆရာ/ဆရာမ ၂၉၆၀ ဦးရှိကြောင်း နစကရဲ့ထုတ်ပြန်မှုအရ…

Read More

ကမ္ဘာ့စီးပွားရေးကျဆင်းမှု ရှောင်လွှဲဖို့ ခက်ခဲမယ်လို့ ကမ္ဘာ့ဘဏ် သတိပေး

ဝါရှင်တန်၊ ဇွန်-၈-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာတစ်၀န်းရှိနိုင်ငံတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယိမ်းယိုင်နေတဲ့ စီးပွားရေးကို ပိုမိုထိခိုက်စေတဲ့ စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ဘဏ်က ဇွန် ၇ ရက်မှာ သတိပေးလိုက်ပါတယ်။ ဥရောပနဲ့ အရှေ့အာရှရှိ ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံတွေဟာ စီးပွားရေးကျဆင်းမှုကို ဆိုးရွားစွာ ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ရဲ့ ဇွန်လအတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအလားအလာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ ငွေကြေးဖောင်းပွမှုမြင့်မားခြင်းနဲ့ ဖွံ့ဖြိုးမှုနိမ့်ကျခြင်းလို့ခေါ်တဲ့ အန္တရာယ်မှာလည်း မြင့်မားနေကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဌ ဒေးဗစ်မယ်လ်ပက်စ်က သတိပေးပြောဆိုပါတယ်။ စွမ်းအင်နဲ့ စားနပ်ရိက္ခာစျေးနှုန်းတွေဟာ ကမ္ဘာတစ်၀န်းမှာ မြှင့်တက်လျှက်ရှိပါတယ်။ ယူကရိန်းစစ်ပွဲ၊ ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုနဲ့ တည်ငြိမ်မှုမရှိခြင်းတွေက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အနှောက်အယှက်ဖြစ်စေပြီး နိုင်ငံတွေအနေနဲ့ စီးပွားရေးကျဆင်းမှုကို ရှောင်လွှဲဖို့ ခက်ခဲကြောင်း ကမ္ဘာဘဏ်ဥက္ကဌက ပြောပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ မတည်မငြိမ်ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လွန်စွာအန္တရာယ်ကြီးနေကြောင်း ကမ္ဘာ့ရဲ့ဇွန်လအတွက် ကမ္ဘာလုံဆိုင်ရာ…

Read More

ဘိုကလေးက ပျူစောထီးခေါင်းဆောင်ပစ်သတ်ခံရတာ တလနီးပါးကြာမှ သံသယရှိသူ၉ ယောက်ကို ဖမ်းဆီး

ဘိုကလေး၊ ဇွန်လ ၈ -၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ညီနောင်ကျေးရွာက ပျူစောထီးခေါင်းဆောင် မောင်မြင့်ဆိုသူဟာ ပြီးခဲ့တဲ့မေလ ၁၂ ရက်က သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ ဒီဖြစ်စဉ် တလနီးပါးကြာမှ ရဲတပ်ဖွဲ့ကို ဆက်သွယ်သတင်းပေးချက် အရဆိုပြီး မနေ့က ဒေသခံ ၉ ယောက်ကို ဖမ်းသွားတယ်လို့ အဖမ်းခံရတဲ့ မိသားစုတွေကပြောပါတယ်။ အဲဒီဖမ်းခံရတဲ့သူတွေရဲ့ ပတ်ဝန်းကျင်မှာ နေသူတဦးပြောပြတာက ”မနေ့ကလာဖမ်းသွားတာ စစ်ဆေးဖို့ရှိလို့ ဆိုပြီးဖမ်းသွားတာ။ညီနောင်ကျေးရွာက ပျူစောထီး ခေါင်းဆောင်မောင်မြင့် သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်တယ်လို့လာဖမ်းတဲ့အထဲကအရပ်ဝတ်နဲ့လူ တစ်ယောက်ကပြောတယ်။အဖမ်းခံရတဲ့သူတွေက အသက်ကြီးသူတွေလည်းပါတယ် ၉ ယောက်ရှိပြီ ။”လို့ပြောပါတယ်။ အဖမ်းခံရသူ ၉ ယောက်ဖြစ်တဲ့ ဒေါ်လှဝင်း၊ မချမ်းဝေလွင်၊ ဦးတင်စိုး၊ ဦးအောင်သန်းဌေး၊ ဦးကျော်ကျော်၊ ဦးဝင်းဌေး၊ ကိုဝင်းကိုကို၊ ကိုဇော်ဇော်၊ ကိုမင်းသူတို့ဖြစ်ပြီး ရဲတပ်ဖွဲ့၊တပ် နဲ့ အရပ်ဝတ်နဲ့လူတွေက လာရောက်ဖမ်းဆီးသွားတာလို့ သိရပါတယ်။…

Read More
VOM News

FREE
VIEW