ပဲ့ထိန်းဒုံးကျည် (၈)စင်း မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်ပြန်

ဆိုးလ်၊ ဇွန် ၅-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ဒီနေ့မနက် ၉ နာရီ မိနစ် ၃၀ မှာ တာတိုပစ် ပဲ့ထိန်းဒုံးကျည် (၈)စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်က ပြောပါတယ်။ ဒီလိုပစ်ခတ်မှုနဲ့ပတ်သက်ပြီး တောင်ကိုးရီးယားစစ်တပ်ဟာ အမေရိကန်စစ်တပ်နဲ့ အနီးကပ်ပူးပေါင်းပြီး သတင်းအချက်အလက်တွေကို စုဆောင်းနေပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ နှစ်နိုင်ငံ သုံးရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စနေနေ့က အဆုံးသတ်ခဲ့ပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကို ၄ နှစ်နှင့် ၇ လအတွင်း ပထမဆုံးအကြိမ် အသုံးပြုခဲ့ပါတယ်။ ဒုံးကျည်ပစ်လွှတ်မှုသည် စစ်ရေးလေ့ကျင့်မှုအပေါ် မြောက်ကိုရီးယားရဲ့တုံ့ပြန်မှု တစိတ်တပိုင်းဖြစ်ပြီး အမေရိကန်၊ ဂျပန်နဲ့တောင်ကိုရီးယားတို့ အနီးကပ်ပူးပေါင်းနေတာကြောင့်လို့လည်း ယူဆရပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ မေလက ပြုလုပ်တဲ့ထိပ်သီးအစည်းအဝေးမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေကို ဟန့်တားရေးစွမ်းရည်တွေ တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြပါတယ်။ Ref:NHK Photo:Reuters #voiceofmyanmar…

Read More

နေပြည်တော်မှာဆီဆိုင်အချို့ ရောင်းဖို့ ဆီမရှိလို့ အရောင်းပိတ်ထားရ

ဇွန် ၅-၂၀၂၂ KT(VOM) နေပြည်တော်မှာ ဒီနေ့မနက်ပိုင်းကစပြီး ဆီဆိုင်တချို့ ရောင်းဖို့ဆီမရှိတာကြောင့် အရောင်းပိတ်ထားရတယ်လို့ ဆီသွားထည့်တဲ့သူတွေဆီက သိရပါတယ်။ ဆီဆိုင်တဆိုင်က ရောင်းဝန်ထမ်းတဦးက “ဆီမရှိလို့ဆိုင်ပိတ်ထားတာပါ၊ နောက် သုံးလေးရက်လောက်ထိ ပိတ်ထားမှာပါ”လို့ ပြောပါတယ် တချို့ဆီဆိုင်တွေမှာတော့ ကားတွေ၊ဆိုင်ကယ်တွေတန်းစီနေတာကိုတွေ့ရပြီး အဲ့ဒီဆိုင်တွေမှာက 92 တလီတာ ၂၂၃၅ ကျပ်ထိပေးဝယ်ရတယ်လို့ သိရပါတယ်။ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာဖွင့်ထားတဲ့ top star ၊ denko ၊ မြဝတီဆိုင်တို့မှာ နှစ်ဆိုင်ကအရောင်းပိတ်ထားပြီး DENKO ဆီဆိုင်တဆိုင်ထဲကို စုပြုံတိုးနေပြီး ဝယ်ယူနေကြတဲ့အခါ ယာဥ်သွားလာရ အခက်အခဲဖြစ်ကြတာလည်းလို့လည်း ဒေသခံတချို့ကပြောပါတယ်။ ကယ်ရီစွဲနေရတဲ့ အိုဝေ သုံးဘီးယာဥ်တွေလည်း သင့်တော်ရာနေရာမှာ ရပ်ပြီး ခရီးသည်စောင့်နေကြတာကို မြင်တွေ့ရပါတယ်။ နစက ကတော့ ဇွန် ၁၆ရက်ထိ အရန်ဆီ ရှိသေးတယ်ဆိုပေမယ့် ဘာကြောင့်ဆီဆိုင်တွေမှာ ဆီပြတ်ရတာလဲဆိုတာကို ဒေသခံအချို့က သိချင်နေကြပါတယ်။ Photo-ပိတ်ထားတဲ့ ဆီဆိုင်နဲ့…

Read More

ဘင်္ဂလားဒေ့ရှ်မှာ သိုလှောင်ရုံတခုပေါက်ကွဲမှု ၁၆ ဦးသေဆုံး၊ ရာချီဒဏ်ရာရ

ဒါကာ၊ ဇွန် ၅ – ၂၀၂၂ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း မြို့တမြို့ရှိ သိုလှောင်ရုံတခုမှာ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Sitakunda မြို့ရှိ ကွန်တိန်နာ သိုလှောင်ရုံတစ်ခုမှာ မီးလောင်မှုကြောင့် မီးငြှိမ်းသတ်ဖို့ မီးသတ်သမားတွေကို ခေါ်ယူခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရသူ အယောက် ၂၀ ဟာ သူတို့ရဲ့ခန္ဓာကိုယ် ၆၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ မီးလောင်ဒဏ်ရာတွေကြောင့် စိုးရိမ်ရတဲ့ အခြေအနေရှိနေကြောင်း ကုသပေးနေတဲ့ ဆေးရုံမှ ဆရာဝန်တစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။ မီးလောင်ရသည့်အကြောင်းရင်းကိုတော့ လက်ရှိချိန်ထိ မသိရသေးပါဘူး။ ဒါပေမယ့် ကွန်တိန်နာအချို့မှာ ဓာတုပစ္စည်းတွေသိမ်းဆည်းထားတယ်လို့ ယူဆရကြောင်း ပြည်တွင်းမီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။ ပေါက်ကွဲမှုအပြီး နာရီအတော်ကြာ တနဂ်နွေနေ့ မနက်ပိုင်းထိ…

Read More

စစ်ကိုင်းတိုင်းမှာ ၅ ရက်အတွင်း ပညာရေးဌာန ၃ ခု မီးလောင်

ဇွန် ၊ ၅-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်းမှာ ဒီလ ၅ ရက်အတွင်း ပညာရေးဌာနတွေဖြစ်တဲ့ မြို့နယ်ပညာရေးမှူးရုံး နဲ့ စာသင်ကျောင်းတွေ မီးလောင်ခဲ့တဲ့ဖြစ်စဥ်ဟာ ၃ ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းတိုင်း မီးသတ်အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ကလေးမြို့မှာ စာသင်ကျောင်း မီးလောင်တာ ၂ ကြိမ်နဲ့ တမူးမြို့မှာ မြို့နယ်ပညာရေးမှူးရုံး မီးလောင်တာ ၁ ကြိမ်ဖြစ်ခဲ့တယ် ” လို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ လကုန်ရက်က ကလေးမြို့ ၊ စမ်းမြို့ရပ်ကွက် ၊ မြို့ပတ်လမ်းမှာရှိတဲ့ အမှတ် ၈ အခြေခံပညာအထက်တန်းကျောင်း မီးလောင်ခဲ့တာကြောင့် စာသင်ဆောင် ၂ ဆောင် မီးလောင်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ဒီလ ၂ ရက်နေ့ည ၁၀ နာရီဝန်းကျင်က ကလေးမြို့နယ် ၊ အင်ဒိုင်းကုန်ကျေးရွာမှာရှိတဲ့ အမှတ် ၉ အခြေခံပညာအထက်တန်းကျောင်းဝန်းထဲက…

Read More

တမူး ပညာရေးမှူးရုံး မီးလောင်ပျက်စီး

ဇွန် ၄- ၂၀၂၂ VOM (GG) တမူးမြို့ ၊စော်ဘွား ၅ ရပ်ကွက်မှာရှိတဲ့ ပညာရေးမှူးရုံး မီးရှို့ခံရပြီး မီးလောင်ပျက်စီးမှု ဒီနေ့ဇွန်လ ၄ ရက်နေ့မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဒီနေ့ နေ့လယ် ၃ နာရီလောက်မှာ တမူးမြို့ပညာရေးမှူးရုံးကို အမည်မသိအမျိုးသား ၂ ဦးရောက်လာပြီး ရုံးအစောင့်ကို သေနတ်နဲ့ချိန်ကာ ရုံးကိုဓာတ်ဆီလောင်း မီးရှို့သွားတာဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။ ” စနေဆိုတော့ ရုံးစောင့်ပဲရှိတယ် ၊၃ ခွဲလောက် လူနှစ်ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး ဓာတ်ဆီပုံးပါတယ်၊ရုံးစောင့်ကို သေနတ်နဲ့ချိန် ဓာတ်ဆီဖြန်း ရှို့သွားတာ၊တရားခံတွေက ရှို့ပြီးပြန်ထွက်သွားမှတော့တပ်တို့ ရဲတို့ ရောက်တဲ့အချိန်ဘယ်ရှိတော့မလဲ၊ အဲ့ဒီရုံးမှာ စစ်သားတွေ အစောင့်မရှိကြဘူး၊ ရုံးမှာက စစ်သားတွေအစောင့်မရှိဘူး၊ “လို့ ဒေသခံတဦးကပြောပါတယ်။ ပညာရေးမှူးရုံး မီးရှို့သူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း၊ မီးလောင်မှုကြောင့် ရုံးအဆောက်အဦး ပျက်ဆီးခဲ့သလို့ စာရွက်စာတမ်းတွေ မီးလောင်တဲ့အထဲ ပါသွားတယ်လို့လည်း သိရပါတယ်။ ပညာရေးမှူးရုံးမီးလောင်မှုကို…

Read More

ရခိုင်က မြို့နယ်တချို့မှာ စက်သုံးဆီပြတ်လပ်ပြီး ဈေးတွေအဆမတန် မြင့်တက်နေ

ဇွန် ၄-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်အတွင်း မြို့နယ်တချို့မှာ စက်သုံးဆီပြတ်လပ်မှုတွေဖြစ်နေပြီး ဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေတယ်လို့ စက်သုံးဆီသုံးစွဲသူတွေဆီကနေ သိရပါတယ်။ ရခိုင်ပြည်နယ်ဆီလုပ်ငန်းရှင်များအသင်းကလည်း ပြည်နယ်တွင်း စက်သုံးဆီပြတ်လပ်မှုတချို့ရှိနေတာဟုတ်မှန်ပြီး ရခိုင်ပြည်နယ်က ဆီလုပ်ငန်းရှင်တွေအနေနဲ့ စက်သုံးဆီဝယ်ယူရတဲ့အပိုင်းတွေမှာ အခက်အခဲတွေရှိတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ် ဆီလုပ်ငန်းရှင်များအသင်း ဒု- ဥက္ကဌ ဦးသိန်းရွှေက “ ရခိုင်ပြည်နယ်က ရန်ကုန်ကနေတဆင့် စက်သုံးဆီကို ဝယ်ရတာ။ တိုက်ရိုက်ဖြန့်ဖြူးတာမရှိဘူး။ ကျနော်တို့က ကုမ္ပဏီကြီးတွေဆီက ဝယ်ပြီးတော့ ပြန်ဖြန့်ရတာ။ အခုနောက်ပိုင်း ပေါ်လစီတွေ ပြောင်းသွားတဲ့အခါ ဆီဝယ်ရတာ အခက်အခဲရှိသွားတယ်”လို့ ပြောပါတယ်။ စက်သုံးဆီတွေဟာ နိုင်ငံခြားကနေ ဒေါ်လာနဲ့ ဝယ်ယူတင်သွင်းရတာဖြစ်ပြီး စက်သုံးဆီဈေးနှုန်းတွေ တက်တာဟာလည်း ကမ္ဘာ့ရေနံဈေးကွက်အပေါ်မူတည်နေကာ ဆီလုပ်ငန်းရှင်များအသင်းအနေနဲ့ အတတ်နိုင်ဆုံး ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချနေတယ်လို့ ပြောပါတယ်။ ပြည်နယ်တွင်း စက်သုံးဆီတွေပြတ်တောက်ပြီး ဆီဈေးတွေ အဆမတန်မြင့်တက်နေတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ဆီလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဌ ဦးသိန်းရွှေက…

Read More

အိန္ဒိယမှာ မျောက်ကျောက်ရောဂါ သံသယလူနာတဦး စတင်တွေ့ရှိ

ဒေလီ၊ ဇွန်-၄-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရ်ှပြည်နယ်ရှိ ဆေးရုံကဆရာ၀န်တွေဟာ အသက်ငါးနှစ်အရွယ် လူနာမိန်းကလေးတဦးမှာ မျောက်ကျောက်ရောဂါလိုမျိုး ရောဂါလက္ခဏာတွေကို တွေ့ရှိခဲ့တယ်လို့ တာ၀န်ရှိသူတွေက ဇွန် ၄ ရက်မှာပြောပါတယ်။ လက်ရှိမှာတော့ လူနာရဲ့ ရောဂါဆိုင်ရာ နမူနာတွေကို စုဆောင်းပြီး စမ်းသပ်စစ်ဆေးဖို့အတွက် အမျိုးသားဗိုင်းရပ်စ်ဗေဒသိပ္ပံကို ပေးပို့ထားတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ အဲဒီလူနာမိန်းကလေးဟာ ခန္ဓာကိုယ်မှာ ယားယံတာတွေနဲ အဖုအပိန့်ထွက်တာတွေဖြစ်ပွားခဲ့ပြီး သူမနဲ့အနီးကပ်ထိတွေ့ခဲ့သူတွေဟာ ပြီးခဲ့တဲ့လက နိုင်ငံရပ်ခြားကို ခရီးထွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လူနာမိန်းကလေးဟာ နားပြည်တည်တာကို ကုသဖို့အတွက် ဇွန် ၃ ရက်မှာ ဆေးရုံတက်ရာကနေ မျောက်ကျောက်ရောဂါလို လက္ခဏာတွေဖြစ်ပေါ်နေတာကို ဆရာ၀န်တွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ လက်ရှိချိန်ထိ မျောက်ကျောက်ရောဂါ ကူးစက်မှုမတွေ့ရသေးပေမယ့် ရောဂါနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက်တွေကို ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Ref: Straits Times Photo:Reuters #voiceofmyanmar #VOM…

Read More

မိုင်းလားအဖွဲ့ နေပြည်တော်ရောက်ရှိ ဆွေးနွေး

နေပြည်တော် -ဇွန် ၃-၂၀၂၂ KT(VOM) နစက ဥက္ကဋ္ဌနဲ့ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ(မိုင်းလား)ဒု-ဥက္ကဋ္ဌဦးစန်ပေ့ ဦး ဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဒီကနေ့မှာ ငြိမ်းချမ်းရေးကိစ္စအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒု- ဥက္ကဋ္ဌဦးစန်ပေ့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၃ ရက်မနက်ပိုင်းက ရှမ်းပြည်(မြောက်ပိုင်း)၊ကျိုင်းတုံမြို့သို့ရောက်ရှိခဲ့ပြီးနောက် မွန်းလွဲပိုင်းမှာနေပြည်တော်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #VOM #ငြိမ်းချမ်းရေး #မိုင်းလား

Read More

စစ်သင်္ဘော ၊ လေယာဉ် အစင်း ၆၀ ကျော်နဲ့ ပစိဖိတ်ဒေသမှာ ရုရှားစစ်ရေးလေ့ကျင့်နေ

မော်စကို၊ ဇွန်-၄-၂၀၂၂ မျိုးဆက်(VOM) ရုရှားရဲ့ ပစိဖိတ်ရေတပ်အုပ်စုဟာ တပတ်ကြာမြင့်မယ့် စစ်ရေးလေ့ကျင့်မှုကို ဇွန် ၃ ရက်မှာ စတင်နေပြီလို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ဇွန် ၃ ရက်ကနေ ၁၀ထိ ကြာမြင့်မှာဖြစ်ပြီး လေ့ကျင့်မှုမှာ စစ်သင်္ဘော အစင်း ၄၀ ကျော်နဲ့ စစ်လေယာဉ်အစင်း ၂၀ ကျော်တို့ပါ၀င်မှာဖြစ်ကြောင်း ကာကွယ်ရေး၀န်ကြီးဌာနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ ရန်သူ့ရေငုပ်သင်္ဘောတွေကို ဝေဟင်နဲ့ ရေပြင်ကနေ ပူးပေါင်းရှာဖွေ ချေမှုန်းတဲ့ လေ့ကျင့်မှုတွေလည်းပါ၀င်နေပြီး ယူကရိန်းမှာ ထိုးစစ်အရှိန်မြှင့်တင်နေချိန်မှာ အခုလိုစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို အပြည့်အ၀ထိန်းချုပ်နိုင်ဖို့အတွက် ထိုးစစ်ဆင်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ Ref: Reuters Photo: Reuters #voiceofmyanmar #VOM #မော်စကို

Read More

ကန့်ဘလူ -ကောလင်းလမ်းမှာ ကားတစီး မိုင်းထိ၊ ကလေးငယ် ၂ ဦး အပါအဝင် လူ ၅ ဦး ဒဏ်ရာရ

ဇွန် ၊ ၄-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ချောင်းခြားကျေးရွာအနီး ၊ ကန့်ဘလူ – ကျွန်းလှ – ကောလင်း ကားလမ်းမှာ မနေ့ ဇွန် ၃ ရက် နေ့လယ်ပိုင်းက ခရီးသည်တင်ကားတစီး မိုင်းထိမှန်ပြီး ကားပေါ်ပါ လူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကန့်ဘလူမြို့ခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ” မနေ့က နေ့လယ် ၁ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ ကျွန်းလှမြို့ဘက်ကနေ ကန့်ဘလူမြို့ဘက်ကို ဦးတည်လာတဲ့ Luck Truck ကားဟာ ချောင်းခြားရွာနားမှာ မိုင်းထိမှန်ပြီး ကားပေါ်က လူ ၅ ယောက် ဒဏ်ရာရခဲ့တာ “လို့ ကန့်ဘလူမြို့ခံ ကျန်းမာရေးဝန်ထမ်းတယောက်က ပြောပါတယ်။ ကန့်ဘလူခရိုင်ရဲရုံး တာဝန်ရှိသူတဦးက”ထိခိုက်ဒဏ်ရာရတဲ့သူ ခရီးသည် ၅ ဦးဖြစ်တယ်…

Read More
VOM News

FREE
VIEW