ဝါရှင်တန်၊ ဇွန်-၄-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်နဲ့ တရုတ်ကာကွယ်ရေး၀န်ကြီး ဝေဖန်ဟီတို့ဟာ စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေပါတယ်။ ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်ဟာ လာမယ့် သောကြာနေ့မှာစတင်မယ့် အာရှလုံခြုံရေးဖိုရမ် တက်ရောက်ဖို့အတွက် စင်ကာပူကိုသွားရောက်မှာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေး၀န်ကြီးဌာနက ကြေညာပါတယ်။ တရုတ်ကာကွယ်ရေး၀န်ကြီး ဝေဖန်ဟီဟာလည်း ရှန်ဂရီလာဆွေးနွေးပွဲလို့ခေါ်တဲ့ အဲဒီဖိုရမ်မှာ မိန့်ခွန်းပြောဖို့ရှိနေပါတယ်။ အဲဒီဆွေးနွေးပွဲကို ကာကွယ်ရေးနဲ့ စစ်ဘက်ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။ အော်စတင်နဲ့ ဝေဖန်ဟီတို့အကြား တွေ့ဆုံဆွေးနွေးမယ့် အချိန်နဲ့နေရာကို ဆုံးဖြတ်ဖို့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပင်တဂွန်တာ၀န်ရှိသူတဦးကပြောပါတယ်။ ဒီဆွေးနွေးမှုဟာ ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတအဖြစ် တာ၀န်ယူပြီးနောက် နှစ်နိုင်ငံကာကွယ်ရေး၀န်ကြီးတွေအကြား ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုဖြစ်လာမှာဖြစ်ပြီး သူတို့နှစ်ဦးဟာ ထိုင်၀မ်နဲ့ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဧပြီလအတွင်းက ပထမဆုံးအကြိမ် တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြပါတယ်။ Ref: NHK Photo:NHK #voiceofmyanmar #VOM #ဝါရှင်တန်
Read MoreMonth: June 2022
နေပြည်တော်မှာ လောင်းကစားဝိုင်းတွေ သောင်းကျန်းနေကြောင်း သက်ဆိုင်ရာသိရှိစေရန်
ဇွန် ၄-၂၀၂၂ Voice Of Myanmar နေပြည်တော်၊ တောင်ညို မောင်းတံဂိတ်အနီး၊မင်းနောင်ကျေးရွာ၊၅၂ သစ်စက်၊ဂျင်ဝိုင်း၊ဂေါက်ဂက်ဝိုင်း၊ မင်းကုန်းအုပ်စု၊ဖောင်လောင်ကျေးရွာဘောလုံးကွင်း ကြက်ဝိုင်း၊ဂျင်ဝိုင်း၊ဂက်ဝိုင်း၊တွေလုပ်နေကြောင်းဒေသခံတွေပြောပြချက်အရ သိရပါတယ်။ “လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း တခြားသောလုပ်ငန်းစဥ်တွေနဲ့မအားလပ်ချိန် ဒုစရိုက်(လောင်ကစားဒိုင်တွေ)သမားတွေက ဇောင်းထနေတာ”လို့ ဒေသခံတဦးကပြောပါတယ်။ လောင်းကစားဝိုင်းတွေသောင်းကျန်းနေတာကြောင့် ဒေသခံမိသားစုဝင်တွေ စိတ်ဆင်းရဲနေရပါတယ်။ ဒီကိစ္စကို သက်ဆိုင်ရာက ဖြေရှင်းပေးဖို့အတွက် VOMမှတဆင့် တင်ပြရတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် #လောင်းကစားဝိုင်း #မှုခင်းသတင်း
Read Moreဘားအံ CB ဘဏ် ဓားပြတိုက်သူသုံးဦးကို ပစ်ခတ်ဖမ်းဆီးရာ တဦးသေ၊ နှစ်ဦးအရှင်ဖမ်းမိ
ရန်ကုန်၊ဇွန် ၃-၂၀၂၂ KK (VOM) ဘားအံမြို့၊ အမှတ် ၉ရပ်ကွက် ရေကျော်လမ်းရှိ CB ဘဏ်ခွဲ ၂ မှာ မနေ့ ဇွန်၃ရက် ညနေပိုင်းက အမည်မသိအမျိုးသားသုံးဦးက ဓားပြတိုက်ခဲ့ရာ ငွေကျပ်သိန်းတထောင်ကျော်ပါသွားပြီး ဓားပြတိုက်သူတွေလည်း ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ CB ဘဏ်ခွဲ ၂ ကို ညနေ သုံးနာရီခွဲ အမည်မသိအမျိုးသားသုံးဦးက ဘဏ်အတွင်းဝင်ရောက်ကာ သေနတ်ပြ ခြိမ်းခြောက်ပြီး ဘဏ်အတွင်းရှိ ငွေတွေကို လုယူသွားတာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “ဘားအံ မြိုင်ကြီးငူကားလမ်းဘက်မှာ မိတယ်လို့ကြားတယ်၊ ငွေတွေလည်းပြန်ရတယ်ကြားတယ်”လို့ ပြောပါတယ်။ ဓားပြတိုက်သွားတဲ့သူတွေကို စစ်တပ်နဲ့ရဲတွေ ပူးပေါင်း ကာ လိုက်လံရှာဖွေခဲ့ရာ ဘားအံ-မြိုင်ကြီးငူ လမ်းကြို့ချောင်းကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမခံဘဲ ထွက်ပြေးခဲ့လို့ ပစ်ခတ်ဖမ်းဆီးခဲ့ရာ တဦးသေဆုံးပြီးနှစ်ဦးကို ဖမ်းဆီးရမိကာ ကျန်နေတဲ့နှစ်ဦးကတော့ ထွက်ပြေးသွားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။ ”…
Read Moreကျိုင်းတုံ – မိုင်းလား ကားလမ်းမှာ တရားမဝင် ဝင်လာတဲ့ တရုတ်လူမျိုးတွေကို ပစ်ခတ်ဖမ်းဆီး
ဇွန် ၊ ၃-၂၀၂၂ SP (VOM) ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့နယ် ၊ကတ်တောင်ကျေးရွာအုပ်စု၊ ကျိုင်းတုံ-မိုင်းလားလမ်းမှာ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က ဝမ်တာပုံဘက်က မောင်းနှင်လာတဲ့ ကား ၁ စီးကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းတဲ့အခါ ကားကိုမရပ်ဘဲ မောင်းပြေးသွားတာကြောင့် သေနတ်နဲ့ပစ်ပြီး ဖမ်းတဲ့အခါ ကားပေါ်ပါ လူ ၁ ဦး ဒဏ်ရာရသွားတဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” အနက်ရောင် အိမ်စီးကား ၁ စီးကို စစ်ဆေးဖို့ ရပ်ခိုင်းတဲ့အခါ မရပ်ဘဲမောင်းသွားလို့ ပစ်ခတ်ဖမ်းဆီးတာပါ ၊ အဲ့ဒီ ကားပေါ်က တရုတ်နိုင်ငံသား အထောက်အထားမဲ့ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၁ ဦး လိုက်ပါလာတယ် ၊ ပစ်ခတ်ဖမ်းဆီးတဲ့အချိန် အမျိုးသမီး ၁…
Read Moreရွှေပြည်သာမြို့နယ်မှာ တရက်တည်း ပစ်ခတ်မှု(၂)ကြိမ်ဖြစ်ပြီး တဦးသေ နှစ်ဦးဒဏ်ရာရ
ရန်ကုန်၊ဇွန် ၃၊၂၀၂၂ KK(VOM) ရွှေပြည်သာမြို့နယ်မှာ ဒီကနေ့တရက်တည်း သေနတ်ပစ်ခတ်မှု(၂)ကြိမ်ဖြစ်ခဲ့ရာ တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ရွှေပြည်သာမြို့နယ်၊ ၆ ရပ်ကွက်၊ ရွှေညာမောင်ပျံကျဈေးထိပ်မှာ ပလာတာရောင်းချဖို့ပြင်ဆင်နေတဲ့ လင်မယားဖြစ်သူနှစ်ဦး ပစ်ခတ်ခံရတာဖြစ်ပြီး ခင်ပွန်းဖြစ်သူသေဆုံးကာ ဇနီးဖြစ်သူမှာဘပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့ အဲ့ဒီရပ်ကွက်မှာနေသူတဦးက ပြောပါတယ်။ “မနက်အစောကြီးလာပစ်သွားတာ ပစ်ခံရတာ ရာအိမ်မှူးလို့ ပြောတယ်၊ သူကတော့ပွဲချင်းပြီးပဲ သူမိန်းမက ဒဏ်ရာရတယ်”လို့ သူကပြောပါတယ်။ ပစ်ခတ်မှုဖြစ်လို့ သေဆုံးသူဟာ ရွှေပြည်သာမြို့နယ်၊ ၁ဝရပ်ကွက်က ရာအိမ်မှူး ဦးဟန်ညွန့်ဖြစ်ပြီး ဒဏ်ရာရ ရှိသူမှာ ဇနီးဖြစ်သူ ဒေါ်အေးအေးသွယ်ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ရာအိမ်မှူးလင်မယားဟာ သတင်းပေးဒလန်ဖြစ်လို့ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ Ygn Urban Guerilla Army ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဒီကနေ့ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာပဲ့ ရွှေပြည်သာတံတားအဆင်း၊ ၁၄လမ်းဆုံမှာ အမျိုးသားတဦးကို ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့လို့…
Read Moreစက်သုံးဆီ ပြတ်လပ်မှုနဲ့ ဆီလုပ်ငန်းရှင်အချို့ရဲ့ သဘောထား
ဇွန် ၃-၂၀၂၂ VOM (GG) အခုရက်ပိုင်းအတွင်း တိုင်းနဲ့ပြည်နယ်အသီးသီးက စက်သုံးဆီ ဖြန့်ဖြူးရေးဆိုင်တွေမှာ ဆီပြတ်လပ်မှုတွေဖြစ်နေပြီး စက်သုံးဆီဈေးဟာလည်း အဆမတန် မြင့်တက်နေပါတယ်။ စက်သုံးဆီရောင်းဝယ်ရေး လုပ်ကိုင်နေသူတွေအနေနဲဲ့စက်သုံးဆီတင်သွင်းခွင့်ကို စည်းကမ်းသတ်မှတ်ချက်တွေနဲ့ မကန့်သတ်တော့ဘဲ တင်သွင်းခွင့်ပေးလိုက်မယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ စက်သုံးဆီပြတ်လတ်မှုတွေ၊မလုံလောက်မှုတွေကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ဒ သုံးသပ်ပြောဆိုထားပါတယ်။ “တစ်လကို ဆီမက်ထရစ် တန်ချိန်၃၇၀၀၀၀ လို့ ယာယီသတ်မှတ်ထားတာပေါ့။ ၅ သိန်းသွင်းခိုင်းလိုက်၊ ၆သိန်းသွင်းခိုင်းလိုက် ချက်ခြင်းကာဗာဖြစ်တယ်။တင်သွင်းခွင့်ပေးလိုက်ပေါ့ မကန့်သတ်နဲ့တော့။တင်သွင်းခွင့်ဆိုတာလည်း အဓိက ဒေါ်လာရောင်းပေးဖို့ပေါ့။အကုန်လုံးကလုပ်ငန်းရှင်တွေက ဒေါ်လာ တရားဝင်မရှိတော့ဘူး ကိုင်ခွင့်မပေးတဲ့အခါကျတော့လေ၊ တင်ပြရတဲ့အပိုင်းတွေရှိတယ်လေ၊ သင်္ဘောဆိုတာ ဘယ်လောက်ကြာလို့လဲ ဒီနဲ့၄ရက် ၅ရက်ဆိုရောက်နေတာ၊ သူ့ပေါက်စျေးပေါ့။ပရီမီယံစျေးတွေကလည်း တက်တယ်။ ” လို့ စက်သုံးဆီလုပ်ငန်းရှင်တဦးက ပြောပါတယ်။ ကန့်သတ်ချက်ဆိုတာက ဒေါ်လာစျေးထိန်းချုပ်မှုကို ဆိုလိုခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်တွေ ဒေါ်လာကိုင်ဆောင်ခွင့်မရှိခြင်း၊ ဒေါ်လာစျေးထိန်းချုပ်ခြင်းတွေကြောင့် ဆီတင်သွင်းရာမှာ အခက်အခဲတွေဖြစ်နေရတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ မြန်မာနိုင်ငံကို…
Read Moreရခိုင်က အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံသူ ၄ သိန်းကျော်ရှိ
ဇွန် ၃-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်အတွင်း မနေ့ မေလ ၂ ရက်နေ့က အခြေခံပညာကျောင်းတွေစဖွင့်တဲ့နေ့အထိ ကျောင်းအပ်နှံတဲ့ ကျောင်းသား၊ ကျောင်းသူ ၄ သိန်းကျော်ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးကနေသိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ပြည်နယ်တွင်းက အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်လက်ခံနေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းက “မနေ့ကအထိ ကျနော်တို့ ရခိုင်ပြည်နယ်က အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံမှုစာရင်းကတော့ (၄၂၂,၄၃၅) ဦးရှိပါတယ်။ တစ်ပြည်နယ်လုံးစာသင်ကျောင်းပေါင်း (၃၁၈,၆) ကျောင်းဖွင့်လှစ်နိုင်တာ ရှိပါတယ်” လို့ ပြောပါတယ်။ အဲဒီလိုမျိုး ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်းပေါင်း ၃ ထောင်ကျော် ဖွင့်ထားနိုင်ခဲ့ပေမယ့် ကျောင်းမဖွင့်နိုင်ဘဲ ယာယီပိတ်ထားရတဲ့ကျောင်းပေါင်း (၁၂၄) ကျောင်းရှိပြီး အဲ့ဒီကျောင်းတွေဟာ၂၀၁၂၊ ၂၀၁၇ခုနှစ်နဲ့ ၂၀၁၈ နောက်ပိုင်းတွေမှာ အခက်အခဲအမျိုးမျိုးကြောင့် ပိတ်ခဲ့ရတာလို့ ပြောပါတယ်။ ယာယီပိတ်ထားရတဲ့ အခြေခံပညာစာသင်ကျောင်းပေါင်း (၁၂၄) ကျောင်းရှိတဲ့အနက်…
Read Moreဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဦးမင်းသူတို့ကို ရွေးကောက်ပွဲအမှု ပုဒ်မ ၁၃၀-က နဲ့စွဲချက်တင်
ဇွန် ၃-၂၀၂၂ KT(VOM) ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဦးမင်းသူတို့ကို နေ့ မနက်ပိုင်းရုံးချိန်းမှာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၃၀-က နဲ့စွဲချက်တင် အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီအမှုရဲ့တရားလိုဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင် ဆိုသူဖြစ်ပြီး တရားစွဲခံရသူတွေဟာ (၂၀၂၀) ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို မလျော်သြဇာလွမ်းမိုးတယ်ဆိုပြီး ပုဒ်မ ၁၃၀-ကနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိမှာ အမှုပေါင်း (၆)မှုအတွက် ထောင်ဒဏ် (၁၁)နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေသေးတဲ့ အမှုပေါင်း (၁၁)မှုနဲ့ ဆက်လက်တရားရင်ဆိုင်ရအုံးမှာလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲအမှု ပုဒ်မ ၁၃၀-က ဟာ ထောင်ဒဏ် (၃)နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဥပဒေအရ သိရပါတယ်။ #voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #ဦးဝင်းမြင့် #ရွေးကောက်ပွဲဥပဒေနဲ့ #စွဲချက်တင်
Read Moreကြို့ပင်ကောက်မှာ ရွှေထည်ပစ္စည်းတွေ လုယက်ခံရပြီး ရွှေဆိုင်ဝန်ထမ်းတဦး သေနတ်မှန်ဒဏ်ရာရ
ဇွန် ၃-၂၀၂၂ GG(VOM) ပဲခူးတိုင်းအနောက်ပိုင်း ၊ ကြို့ပင်ကောက်မြို့မှာ ရွှေဆိုင်ဖွင့်ဖို့လာတဲ့ ပိုင်ရှင်နဲ့ဝန်ထမ်းကို သေနတ်နဲ့ပစ်ပြီး ရွှေထည်ပစ္စည်း တွေလုယက်မှူ ဒီကနေ့ဇွန်လ ၃ ရက် မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကြို့ပင်ကောက်မြို့မစျေးထဲမှာဖွင့်ထားတဲ့ ထက်ဝေယံ ရွှေဆိုင် လုယက်ခံရတာဖြစ်ပြီး ဒီနေ့မနက် ၇ နာရီခန့်မှာ ဆိုင်ပိုင်ရှင်ရဲ့သားဖြစ်သူ နဲ့ ဝန်ထမ်းက ဆိုင်ဖွင့်ဖို့လာပြီး ပစ္စည်းတွေချနေချိန် မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားက သေနတ်နဲ့ထောက်ကာ ရွှေထည်ပစ္စည်းထည့်ထားတဲ့အိတ်ကို လုယူသွားတာဖြစ်တယ်လို့ သိရပါတယ်။ လုယက်ချိန် ဆိုင်ဝန်ထမ်းအမျိုးသားက ရွှေထည်ထားတဲ့အိတ်ကို ပြန်လုယူခဲ့လို့ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး ပေါင်ကို သေနတ်မှန်ခဲ့တဲ့အပြင် ရွှေပိသာချိန် ၅ ပိသာကျော်လည်း ပါသွားတယ်လို့ သိရပါတယ်။ ” ဆိုင်ဖွင့်ဖို့ ကားပေါ်ကနေပစ္စည်းတွေချနေတုန်း ဝင်လုတာပေါ့။ ကြိုစောင့်နေတဲ့သဘောမျိုးပေါ့။အချိန်ကလည်း ဆိုင်ဖွင့်ချိန်သိနေတယ်။ ရွှေထည့်ထားတဲ့အိတ်တော့ ပါသွားတယ်။ လာလုတဲ့သူက ဆိုင်ကယ်နဲ့၊ သေနတ်ကတော့ ကျကျန်ခဲ့တယ်လို့သိရတယ်။ ဆိုင်ပိုင်ရှင်သားကတော့ဘာမှမဖြစ်ဘူး “လို့…
Read Moreအကျဉ်းကျနေတဲ့ သတင်းထောက်တွေအတွက် တစ်ဦးကို ထိုင်းဘတ် ၆၀၀၀ MPFI-D ကထောက်ပံ့မယ်
ဇွန် ၃-၂၀၂၂ GG(VOM) လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုတွေအကြား အကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ သတင်းထောက်တွေကို ထောင်ဝင်စာအတွက် တဦးကို ထိုင်းဘတ်ငွေ ၆၀၀၀ ထောက်ပံ့ပေးသွားမယ်လို့ MPFI-D ကပြောဆိုပါတယ်။ အကျဉ်းကျခံနေရတဲ့ သတင်းထောက်တွေအတွက် ထောက်ပံ့မှုကို အခုဇွန်လအတွင်း ပေးအပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ” အကျဉ်းကျခံနေရတဲ့ သတင်းသမားတွေရဲ့ ထောင်ဝင်စာကို ကျနော်တို့ ကူညီပေးတာပါ ။ အဓိက သတင်းထောက်ရဲ့ဖမ်းဆီးခံရမှုဖြစ်စဉ်နေ့ရက် ၊ အချိန်၊ တာဝန်ခံတဲ့ မိသားစုဝင်ရဲ့ဆက်သွယ်ရမယ့် စင်ဂနယ် နဲ့ မက်ဆင်ဂျာလိုပါတယ်။ ရှေ့မှာလည်း အမည်မဖော်ဘဲ ကူနေပါတယ် တော်တော်များများ ရှိပါတယ်။ကျနော်တို့ အခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကူနေပါတယ်၊ အခုက အဖွဲ့ဘက်က ကူတာပါ “လို့ MPFI-D အဖွဲ့ဝင်တဦးကပြောပါတယ်။ ကနဦးအနေနဲ့ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ သတင်းထောက်တွေအတွက် ထောင်ဝင်စာအဖြစ် တဦးကို ထိုင်းဘတ် ၆၀၀၀ နှုန်းနဲ့ စုစုပေါင်း သတင်းထောက်…
Read More