သီရိလင်္ကာရဲ့ စားနပ်ရိက္ခာအကြပ်အတည်း သြဂုတ်လအတွင်းမှာ ပိုမိုဆိုးရွားဖွယ်ရှိနေ

ကိုလံဘို၊ ဇွန်-၁-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ လယ်သမားတွေအနေနဲ့ ဆန်စပါးပိုမိုစိုက်ပျိုးကြဖို့ သီရိလင်္ကာအစိုးရက မေ ၃၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံရဲ့ စားနပ်ရိက္ခာအခြေအနေဟာ ပိုမိုဆိုးရွားလာကြောင်း သီရိလင်္ကာ စိုက်ပျိုးရေး၀န်ကြီးက ထုတ်ဖော်ပြောဆိုပြီးနောက် နောက် ငါးရက်မှ ဆယ်ရက်အတွင်း ဆန်စပါးစိုက်ပျိုးမှုစတင်ကြဖို့ လယ်သမားတွေကို သူကတိုက်တွန်းထားပါတယ်။ လာမယ့်သြဂုတ်လအတွင်း နိုင်ငံတွင်းမှာ စားနပ်ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွားလာမယ်လို့ သီရိလင်္ကာ၀န်ကြီးချုပ်က သတိပေးပြောဆိုထားပြီး စားနပ်ရိက္ခာတိုးမြှင့်ထုတ်လုပ်ရေးနည်းလမ်းတွေကို တာ၀န်ရှိသူတွေက ရှာဖွေနေကြပါတယ်။ နိုင်ငံတွင်းမှာ စားနပ်ရိက္ခာအပါအ၀င် မရှိမဖြစ်ကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်မှုဖြစ်ပွားနေပြီး ငွေကြေးဖောင်းပွမှုနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုတို့လည်း စံချိန်တင်ဖြစ်ပွားနေပါတယ်။ နိုင်ငံခြားငွေ ပြတ်လပ်မှုနဲ့ ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်းတို့ကြောင့်လည်း ဆေးဝါး၊ လောင်စာဆီနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းတွေ ပြတ်လပ်မှုကို ဖြစ်ပေါ်နေပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ကိုလံဘို

Read More

ဂွမြို့နယ်၊ပုန်းညှက်ကျေးရွာအနီး ကမ်းခြေမှာ ဝေလငါးသားပေါက် အသေတစ်ကောင်တွေ့

ဇွန် ၊ ၁ ၊ ၂၀၂၂ SW + SP( VOM) ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ဂွမြို့နယ် ၊ ပုန်းညက်ကျေးရွာအနီး ၊ ညောင်ပင်ခြေကမ်းခြေမှာ မနေ့ မေ ၃၁ ရက် ညနေပိုင်းက ဝေလငါး တစ်ကောင် သေဆုံး သောင်တင်နေတာ တွေ့ခဲ့ရတယ်လို့ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနကနေ သိရပါတယ်။ ဂွမြို့နယ်၊ ဂျိန္တလီမြို့နယ်ခွဲ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးကိုကိုနိုင်က “မနေ့က ကျနော်တို့ကို ပုန်းညက်ကျေးရွာက ရေလုပ်သားတဦး ဖုန်းဆက်ပြီးပြောလာတယ်။ ဝေလငါးလို့ယူဆရတဲ့ အသေတစ်ကောင် လှိုင်းလေတွေပုတ်ပြီး ကမ်းစပ်ကိုရောက်လာတယ်၊ ကျနော်တို့သွားရောက်ပြီး စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်၊ သူက ကျောက်ဆောင်တွေနဲ့ တိုက်ပြီး နာသွားတဲ့နေရာတွေပါတယ်။ သေပြီးမှ တွေ့တာဆိုတော့ ဘာကြောင့်သေသွားသလဲဆိုတာ ပြောရခက်တယ်။ အဲဒီ ငါးအသေကို ဒီတိုင်းထားခဲ့လို့ရှိရင် မိုးတွေရွာ လေတွေတိုက်…

Read More

ယူကရိန်းမှာ ရုရှားကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှု ၁၅၀၀၀ ရှိ၊ တရားစွဲဆိုမှု ၈၀ ယူကရိန်း စတင်နေ

ကိယက်ဗ်၊ ဇွန်-၁-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲစတင်ပြီးကတည်းက ရုရှားတပ်များဟာ သံသယဖြစ်ဖွယ် စစ်ရာဇ၀တ်မှု ၁၅၀၀၀ ၀န်းကျင်ကျူးလွန်ခဲ့ကြောင်း ယူကရိန်း အစိုးရရှေ့နေချုပ်ကပြောပါတယ်။ ဒီလိုကျူးလွန်မှုတွေဟာနေ့စဉ် ၂၀၀ ကနေ ၃၀၀ ထိရှိနေပြီး သံသယရှိသူ ၆၀၀ ခန့်ကို ဖော်ထုတ်နိုင်ခဲ့ကာ တရားစွဲဆိုမှု ၈၀ ကို စတင်နိုင်ခဲ့ကြောင်း ရှေ့နေချုပ် Iryna Venediktova က သည်ဟိတ်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။ စစ်ရာဇ၀တ်မှုကျူးလွန်ကြောင်း သံသယရှိသူစာရင်းမှာ စစ်ဘက်နဲ့ နိုင်ငံရေးထိပ်တန်း တာ၀န်ရှိသူတွေနဲ့ ဝါဒဖြန့်ချိရေးသမားတွေလည်း ပါ၀င်တယ်လို့ သူကဆိုပါတယ်။ ရုရှားကတော့ ယူကရိန်းမှာ အရပ်သားတွေကို ပစ်မှတ်ထားတာ သို့မဟုတ် စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ သံသယဖြစ်ဖွယ် စစ်ရာဇ၀တ်မှု ၁၅၀၀၀ ထဲက ထောင်ပေါင်းများစွာဟာ ယူကရိန်းနဲ့ ရုရှားတပ်တွေအကြား ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘက်စ်ဒေသမှာ ဖြစ်ပွားခဲ့တယ်လို့ ရှေ့နေချုပ်…

Read More

မူဆယ်ခရိုင် နမ့်ခေါင် တောင်ကြောမှာ စစ်တပ်နဲ့ KIA, MNDAA တို့ ၂ ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်နေ

ဇွန် ၁၊ ၂၀၂၂ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်၊ မုံးပေါ်ဒေသ၊ တောင်ကြောမှာ စစ်တပ်နဲ့ KIA, MNDAA ပူးပေါင်း အဖွဲ့တို့ မနေ့ မေလ ၃၁ ရက်နေ့‌ကစပြီး ဒီကနေ့ ဇွန် ၁ ရက်နေ့ထိ ၂ ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့က နမ့်ခေါင် ဆုတောင်းတောင်ဘက်မှာ။ ဒီနေ့လည်း အဲဒီ ဘက်မှာပဲ” လို့ ဒေသခံ ၁ ဦး က ပြောပါတယ်။ စစ်တပ်ဘက်က တပ်မ ၉၉ ဖြစ်ပြီး အင်အား ၁၅၀ ခန့်က စစ်ကြောင်းထိုးရာကနေ KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ နဲ့ ကိုးကန့် MNDAA…

Read More

ဖားကန့်မြို့နယ်က အမှိုက်ပုံပေါ်မှာ လက်နောက်ပြန်ကြိုးတုပ်ထားတဲ့ လူသေ ၄ လောင်းတွေ့

ဇွန် ၊ ၁-၂၀၂၂ SP (VOM) ကချင်ပြည်နယ် ၊ ဆိတ်မူးကျေးရွာအုပ်စု ၊ ဆွတ်အောင်ကျေးရွာက အမှိုက်ပစ်တဲ့ တံတားအောက် အမှိုက်ပုံပေါ်မှာ ဇွန် ၁ ရက် ၊ ဒီကနေ့ မနက်အစောပိုင်းက လက်နောက်ပြန်ကြိုးတုပ်သတ်ထားတဲ့ လူသေ ရုပ်အလောင်း ၄ လောင်းစွန့်ပစ်ထားတာကို တွေ့ရတယ်လို့ ဆိတ်မူးကျေးရွာ နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” ဒီမနက် ၆ နာရီဝန်းကျင်မှာ ဆွတ်အောင် တံတားအောက် အမှိုက်ပုံပေါ်က စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၄လောင်း တွေ့ရတာပါ ၊ သေဆုံးသူတွေက အသက် ၃၀ ဝန်းကျင် လူလတ်ပိုင်း အမျိုးသားတွေဖြစ်တယ် ၊ လက်နောက်ပြန် ကြိုးတုပ်ထားပြီး ၊ ဦးခေါင်းပိုင်း ကျည်ဆံဖောက်ဝင် ဒဏ်ရာလို့ ထင်မြင်ရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ” လို့ နယ်ခံ ပရဟိတသမား တယောက်က…

Read More

ခင်ဦးမြို့နယ်မှာ စစ်ဘေးရှောင်ဖို့ ထွက်ပြေးနေတဲ့ လင်မယား ၂ ဦး အသတ်ခံရ

ဇွန် ၊ ၁-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ ဗအိုးကျေးရွာရဲ့ အရှေ့ဘက် စစ်ဘေးရှောင်နေရာတခုမှာ မနေ့ မေ ၃၁ ရက် ညနေပိုင်းက စစ်ဘေးရှောင် လူ ၂ ဦး အသတ်ခံရတယ်လို့ နယ်ခံပရဟိတအသင်းတွေဆီက သိရပါတယ်။ ” မနက်ကစလို့ ဗအိုးရွာဘက်ကို စစ်ကြောင်းဝင်လာတယ်လို့ ကြားရတော့ ၊ ရွာကလူတွေ နီးစပ်ရာတောတွေထဲကို ထွက်ပြေးတိမ်းရှောင်ကြတယ် ၊ အဲ့ဒီလို တိုက်ပွဲရှောင်နေတဲ့ လူတွေထဲက ဗအိုးရွာသား ဦးစိုးဝင်းနဲ့ ဒေါ်ခင်စန်းဝင်း လင်မယား ၂ ယောက် အသတ်ခံရတာ “လို့ ဗအိုးရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီ လူသတ်မှုနဲ့ပတ်သက်ပြီး ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦးက”အသတ်ခံရတဲ့ အကြောင်းကတော့ ထုံးစံအတိုင်း ဒလန်လို့ ခေါင်းစဥ်ကပ်မှာပေါ့ ၊ အဲ့ဒီ ဖြစ်စဥ်ကို…

Read More

တနိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ဧပြီနဲ့ မေလ အတွင်း မိုးကြိုးထိမှန် သေဆုံးသူ ၃၀ ကျော်ရှိခဲ့

ဇွန် ၊ ၁-၂၀၂၂ SP (VOM) ပြီးခဲ့တဲ့ ဧပြီ နဲ့ မေ ၂ လအတွင်းမှာ တနိုင်ငံအတိုင်းအတာ အနေနဲ့ မိုးကြိုးထိမှန် သေဆုံးသူ ၃၀ ကျော်ရှိတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ညွှန်ကြားရေးမှူးရုံးချုပ်ကနေ သိရပါတယ်။ ” ပြီးခဲ့တဲ့ ဧပြီ နဲ့ မေ ၂ လအတွင်းမှာ တနိုင်ငံလုံး အနေနဲ့ မိုးကြိုးပစ်တဲ့ ဖြစ်စဥ်အကြိမ်ရေ ၃၂ ကြိမ်ရှိတယ် ၊ မိုးကြိုးထိမှန်ပြီး သေဆုံးသူက ၃၄ ယောက် ၊ ဒဏ်ရာရလို့ ဆေးကုသခံနေရသူက ၉ ဦးရှိတယ် “လို့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးညွန်ကြားရေးမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။ အဲ့ဒီ အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်တွေကနဲ့ နှိုင်းယှဉ်ရင် ဒီနှစ် ဧပြီနဲ့မေ ၂ လအတွင်း ဖြစ်ပွားမှုနူန်းက ပိုများလာတာဖြစ်တယ်လို့…

Read More
VOM News

FREE
VIEW