ချင်းရွှေဟော်နယ်စပ်မှာ ယွမ်ငွေနဲ့ပေးချေနိုင်ဖို့ မြန်မာဘက်ကနေ ဘဏ် ၅ ခု တိုးချဲ့ဖွင့်ထား

ဇူလိုင် ၊ ၄ ၊ ၂၀၂၂
SP( VOM)

ရှမ်းပြည်နယ် ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ချင်းရွှေဟော်နယ်စပ်မှာ နယ်စပ်ကုန်သွယ်ရေး ငွေပေးချေတဲ့အခါ ပိုမိုလျင်မြန်သွက်လက်စေဖို့ဆိုပြီး ဒီကနေ့မှာ မြန်မာဘက်က ဘဏ် ၅ ခုကို တိုးချဲ့ဖွင့်ပေးခဲ့တယ်လို့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများရုံးဆီက သိရပါတယ်။

” ကုန်သွယ်ရေးလုပ်ငန်း ပိုမိုလျင်မြန်ဖို့ဆိုရင် ငွေပေးချေတဲ့စနစ်ကလည်း အဓိကကျတယ် ၊ အဲ့ဒါကြောင့် နယ်စပ်ကုန်သည်ကြီးတွေရဲ့ တင်ပြချက်အရ မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့အကူအညီနဲ့ ဘဏ်တွေ တိုးချဲ့ဖွင့်ပေးနိုင်တာပါ “လို့ နယ်စပ်ကုန်သည် ဦးသန်းဦးက ပြောပါတယ်။

ဒါ့အပြင် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းနားမှာ တိုးချဲဖွင့်ပေးတဲ့ ဘဏ်တွေကတော့ မြန်မာ့စီးပွားရေးဘဏ် ၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက်အမရဘဏ်တွေဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ဘဏ်တွေနဲ့ပတ်သက်ပြီး ဘဏ်ရုံးခန်းတွေကို ချင်းရွှေဟော်နယ်စပ် ၊ ဝမ်လီဟိုတယ် ခန်းမဆောင်မှာ ဖွင့်ခဲ့တာဖြစ်ပြီး ဒီကနေ့ကစလို့ ယွမ်ငွေအကောင့် ဖွင့်ပေးတာ ၊ သွင်းကုန်/ထုတ်ကုန်တွေအတွက် ယွမ်ငွေနဲ့ ငွေပေးချေတာတွေကို ဝန်ဆောင်မှုပေးမှာ ဖြစ်တယ်လို့ ကွမ်းလုံ – ဟိုပန် – ချင်းရွှေဟော် – လောက်ကိုင် နယ်စပ်ကုန်သွယ်ရေး ကုန်သည်တွေဆီ သိရပါတယ်။

#voiceofmyanmar #VOM #ချင်းရွှေဟော် #မြန်မာဘဏ်၅ခု #တိုးချဲ့ဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW