တရုတ်နိုင်ငံ ဝူဟန်မှာ ကိုဗစ်ကူးစက်မှုတွေကြောင့် လူတသန်းနီးပါးကို လော့ခ်ဒေါင်းချ

ပေကျင်း၊ ဇူလိုင်-၂၈-၂၀၂၂
မျိုးဆက်(VOM)

ကိုရိုနာဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ ဆင်ခြေဖုံးရှိ လူတသန်းနီးပါးကို ဇူလိုင် ၂၇ ရက်မှာ သွားလာမှုကန့်သတ်ပြီး အာဏာပိုင်တွေက လော့ခ်ဒေါင်းချလိုက်ပါတယ်။

အဲဒီဒေသမှာ ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ လေးဦးတွေ့ရှိပြီးနောက် ဒေသခံတွေကို နေအိမ်တွေမှာဘဲ သုံးရက်ကြာနေထိုင်ကြဖို့ အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။

လူ ၁၂ သန်းနေထိုင်တဲ့ ဝူဟန်မြို့မှာ ပုံမှန်စစ်ဆေးမှုတွေပြုလုပ်စဉ်အတွင်း ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူ နှစ်ဦးကို တွေ့ရှိခဲ့ပြီး သူတို့နဲ့အနီးကပ်ထိတွေ့ခဲ့သူနှစ်ဦးမှာလည်း ကူးစက်မှုတွေ တွေ့ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ အစုလိုက်အပြုံလိုက်စမ်းသပ်မှုတွေ၊ တင်းကြပ်တဲ့ကွာရန်တင်းအစီအမံတွေနဲ့ ဒေသအလိုက် ပိတ်ဆို့ကန့်သတ်ခြင်းအပါအ၀င် ကိုဗစ်-၁၉ ရောဂါလုံး၀ကူးစက်မှုမရှိရေး မူဝါဒကို ကျင့်သုံးနေပြီး ဒီမူဝါဒကြောင့် အခြားနိုင်ငံများထက် သေဆုံးမှုနှုန်း နည်းပါးနေပါတယ်။

ဒါပေမယ့် လူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် တင်းကြပ်တဲ့ ကန့်သတ်မှုတွေဆက်လက် ချမှတ်နေတဲ့ အပေါ် ကန့်ကွက်မှုတွေလည်း ကြီးထွားလာနေပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW