ဇူလိုင် ၊ ၂၀ ၊ ၂၀၂၂ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့ အပါအဝင် ၊ မြို့နယ် ၄ ခုထဲမှာ ပြီးခဲ့တဲ့ နှစ် ဇူလိုင်ကစလို့ ဒီ နှစ် ဇူလိုင် ၂၀ ရက်အထိ ၁ နှစ်တာကာလအတွင်း စျေးရောင်းနေရင်း ပစ်သတ်ခံရတဲ့ စျေးသည်ပေါင်း အယောက် ၄၀ ကျော်သွားပြီဖြစ်တယ်လို့ မုံရွာဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ပစ်သတ်ခံရတဲ့ စျေးသည် ၄၀ ကျော်ဟာ ကွမ်းယာသည် ၊ ကုန်စိမ်းသည် ၊ ဘုရားပန်းရောင်းတဲ့ ပန်းသည် ၊ ကုန်စုံဆိုင် စျေးသည်တွေ အပါအဝင် လမ်းဘေးစျေးသည်တွေဖြစ်တယ် ” လို့ အခင်းဖြစ်နေရာကို သွားရောက်ကူညီပေးခဲ့တဲ့ ဒေသခံ ပရဟိတသမား…
Read MoreMonth: July 2022
လာမယ့်နှစ်မှာ အာဆီယံအဖွဲ့၀င်နိုင်ငံဖြစ်လာဖို့ အရှေ့တီမောနိုင်ငံ မျှော်လင့်နေ
ဂျကာတာ၊ ဇူလိုင်-၁၉-၂၀၂၂ မျိုးဆက်(VOM) အရှေ့တီမောနိုင်ငံဟာ အာဆီယံအဖွဲ့၀င်နိုင်ငံတွေနဲ့ ကုန်သွယ်မှုတိုးမြှင့်ဖို့နဲ့ အာဆီယံအဖွဲ့၀င်နိုင်ငံဖြစ်ဖို့ ဆယ်စုနှစ်များစွာ ကြိုးစားမှုအောင်မြင်ဖို့ မျှော်လင့်ကြောင်း အရှေ့တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ဇူလိုင် ၁၉ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သမ္မတရာမို့စ်ဟော်တာဟာ ဧပြီလမှာ သမ္မတအဖြစ် ဒုတိယအကြိမ်ရွေးချယ်ခံရပြီးနောက် အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ်သွားရောက်ခဲ့ပြီး သမ္မတဂျိုကိုဝီဒိုဒိုနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်းကလည်း တီမောလက်စ်တီလို့ခေါ်တဲ့ အရှေ့တီမောမှာ သမ္မတအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။ အရှေ့တောင်အာရှရဲ့ အစိတ်အပိုင်းတခုအနေနဲ့ အရှေ့တီမောဟာ လည်ပတ်နေတဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းထားပြီးဖြစ်လို့ အာဆီယံအတွက် အကျိုးဖြစ်ထွန်းစေတဲ့ အဖွဲ့၀င်နိုင်ငံဖြစ်လာမှာပါလို့ သူကပြောပါတယ်။ လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် အင်ဒိုနီးရှားက တာ၀န်ယူတဲ့အချိန်မှာ အာဆီယံအဖွဲ့၀င်နိုင်ငံ ဖြစ်လာဖို့ မျှော်လင့်ကြောင်း အရှေ့တီမောသမ္မတက ပြောပါတယ်။ ၂၀၁၁ ခုနှစ်မှာ အာဆီယံအဖွဲ့၀င်နိုင်ငံအဖြစ် လျှောက်ထားခဲ့တဲ့…
Read Moreရွှေဘိုမြို့နယ်မှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီး လူ ၂ ဦးသေ ၊ ၃ ဦး ဒဏ်ရာရ
ဇူလိုင် ၊ ၁၉ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ ကျောက်မြှောင်းမြို့ ၊ အုန်းပေါက်ကျေးရွာနဲ့ ဇီးဖြူကုန်းကျေးရွာတွေဘက်မှာ မနက်ပိုင်းက ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီး သေဆုံး ၊ ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ကျောက်မြှောင်း အုန်းပေါက်မှာ မနက် ၈ နာရီဝန်းကျင် ပေါက်ကွဲတယ် ၊ လူ ၂ ဦးသေပြီး ၊ ၁ ဦး ဒဏ်ရာရတယ် ၊ ဇီးဖြူကုန်းရွာဘက်မှာက မနက် ၁၀ နာရီဝန်းကျင် ပေါက်ကွဲတယ် ၊ လူ ၂ ဦး ဒဏ်ရာရတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲတာတွေနဲ့…
Read Moreပြန်ပေးငွေ ဘတ် ၈ သန်းတောင်းပြီး လူသတ်ခဲ့တဲ့ မြန်မာနိုင်ငံသားနှစ်ဦး ထိုင်းမှာ ဖမ်းဆီးခံရ
ရနောင်း၊ ဇူလိုင်-၁၈-၂၀၂၂ မျိုးဆက်(VOM) ပြန်ပေးငွေဘတ် ၈ သန်းတောင်းဆိုပြီးနောက် ဒေသခံထိုင်းနိုင်ငံရေးသမားနှစ်ဦးရဲ့ ဖခင်ဖြစ်သူကို သတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ ကရာဘူရီခရိုင် ပါ့ခ်ချန်ရှိ ရာဘာတောထဲက အိမ်နီး ရေတွင်းပျက်ထဲမှာ အသတ်ခံရသူဖြစ်တဲ့ အသက် ၈၁ နှစ်အရွယ် သာနုဂျဒီးရဲ့ အလောင်းကို ဇူလိုင် ၁၀ ရက်မှာ ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သေဆုံးသူဟာ ဦးခေါင်းအနောက်နဲ့ မျက်နှာတွေမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေပါတယ်။ သူဟာ ရနောင်းလွှတ်တော်ကိုယ်စားလှယ်ရဲ့ လက်ထောက်ဖြစ်သူ သ၀ပ်ဂျာဒီးနဲ့ ပတ်ချန်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နာရူမိုဘွန်ချောတို့ရဲ့ ဖခင်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သေဆုံးသူကို ဇူလိုင် ၉ ရက်က ဆိုင်ကယ်နဲ့ အမည်မသိသူတဦးက လာရောက်ခေါ်ဆောင်ပြီးနောက် ရဲစခန်းမှာ လူပျောက်တိုင်ကြားခဲ့ပြီး ညနေ ၆ နာရီ မိနစ် ၃၀ မှာတော့ သူ့ကိုဖမ်းဆီးထားကြောင်းနဲ့ ပြန်ပေးငွေ…
Read Moreမုံရွာမြို့ပေါ်မှာ ချိပ်ပိတ်သိမ်းဆည်းခံထားရတဲ့ အဆောက်အဦပေါင်း ၅၀ ကျော်အထိရှိလာ
ဇူလိုင် ၊ ၁၉ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်က လူနေရပ်ကွက်တွေထဲမှာရှိတဲ့ အိမ်ခြံမြေ အဆောက်အဦတွေကို နိုင်ငံတော်ပိုင် သိမ်းဆည်းဖို့ ချိပ်ပိတ်တာတွေဟာ အရေအတွက်အနေနဲ့ ၅၀ ကျော်ရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သိမ်းဆည်းခံရတဲ့ အဆောက်အဦပိုင်ရှင်တွေကတော့ နိုင်ငံရေးအသိုင်းအဝိုင်းက လူတွေ ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ ကုန်သည်ပွဲစားတွေ ၊ လွှတ်တော်အမတ်ဟောင်းတွေ ၊ ရှေ့နေတွေနဲ့ လက်လုပ်လက်စား လူတွေပါဝင်တယ်လို့ သိရပါတယ်။ မနေ့ ဇူလိုင် ၁၈ ရက်နေ့ကလည်း မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်က နေအိမ်၂လုံးကို ချိပ်ပိတ်သိမ်းဆည်းတာ ပြုလုပ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်းမှာ ချမ်းမြဝတီ ရပ်ကွက် ၊ နယ်မြေ ၆ ၊ ရေကူးကန် ၁ လမ်းမှာရှိတဲ့ ကိုအောင်ချမ်းမြှေ့ (ခေါ်…
Read Moreဇလွန်မှာ ကျောင်းမတက်တဲ့ကလေးတွေကို စာရင်းလိုက်ကောက်နေလို့ မိဘတွေစိုးရိမ်နေ
ဇူလိုင် ၁၉-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ဇလွန်မြို့နယ်မှာ အခုနှစ် ကျောင်းမတက်တဲ့ ကျောင်းသားကျောင်းသူတွေရဲ့စာရင်းတွေကို ဇူလိုင်လ ဒုတိယအပတ်ကနေစတင်ပြီး လိုက်လံကောက်ယူနေတဲ့အတွက် ကျောင်းသား၊ကျောင်းသူတွေရဲ့မိဘတွေ စိုးရိမ်မှုမြင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ”ကျောင်းမတက်တဲ့ ကလေးတွေရဲ့စာရင်းတွေကိုလိုက်ကောက်နေတာ၊ကျေးရွာအုပ်ကြီးက ဦးဆောင်ပြီးတော့ ကောက်တာ၊ဘာလို့ကောက်တာလည်းဆိုတာကိုမပြောဘူး၊ တစ်ခုခုလုပ်မှာစိုးရိမ်တယ်၊ဖမ်းမှာဆီးမှာကို စိုးရိမ်တာ၊ ကျောင်းမတက်ရောက်တာလည်း အမျိုးမျိုးအခက်အခဲတွေကြောင့် မတက်ဖြစ်တာပါ။”လို့ ဇလွန်မြို့ခံတဦးကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးအုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတဦးက ”အထက်ကခိုင်းတာလို့ပဲ သိရတယ်၊ဘာလို့ကောက်တာလည်းဆိုတာ မသိရဘူး၊ဘာမှတော့လုပ်မယ်မထင်ပါဘူး၊ လာလို့မတက်တာလည်းဆိုတဲ့အချက်ကို ယူချင်တာဖြစ်ပါလိမ့်မယ်။”လို့ ပြောပါတယ်။ ဇလွန်မြို့နယ်မှာ ကျောင်းမတက်တဲ့ ကလေးတွေရဲ့ မိဘတွေအမည်နဲ့ ကလေးတွေရဲ့အမည်၊အသက်၊ ကျောင်းမတက်တဲ့အကြောင်းအရင်း၊ကျောင်းမတက်တဲ့ ကာလ၊ကျောင်းမတက်တဲ့ကလေးတွေလက်ရှိအိမ်မှာ ရှိ၊မရှိ လိုက်လံကောက်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။ ”ကျောင်းမတက်လို့ကြောက်ရတာက တစ်မျိုး ၊ ကျောင်းတက်လို့ကြောက်ရတာက တစ်မျိုး ၊ကိုယ့်တွေရဲ့ အသက်တွေကိုဘယ်သူမှတာဝန်ယူပေးမှာမဟုတ်ဘူးလေ၊ ဒါ့ကြောင့် မတက်ခိုင်းခဲ့တာပါ၊အခုစာရင်းတွေလာ ကောက်တယ်၊ စာရင်းလာကောက်တာဆိုတော့ ကောင်းတဲ့အချက်တော့မဟုတ်ဘူး စိုးရိမ်နေရတယ်၊ ဒီကာလက အသေကျပ် အနေကျပ်ကာလပါ၊ပညာရေးကို ဦးစားပေးပါတယ်၊ ကလေးတွေကို စာလည်းတက်စေချင်တယ်၊…
Read Moreပခုက္ကူခရိုင်ထဲမှာ ၃ လအတွင်း ကား အစီး ၂၀ ကျော် လုယူခံရ
ဇူလိုင် ၊ ၁၉ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့ အပါအဝင် မြို့နယ် ၅ ခုထဲမှာ အခုနှစ် မေလကနေ ဇူလိုင် ၁၇ ရက် အထိ ၃ လအတွင်းမှာ ကားလုယူခံရတဲ့ အစီးရေပေါင်း ၂၀ ကျော်ရှိတယ်လို့ ပခုက္ကူမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” လုယူခံရတဲ့ကား အမျိုးအစားတွေက ခရီးသည်တင် လိုင်းကား ၊ အိမ်စီးကား ၊ ဘုန်းကြီးကားတွေ အပါအဝင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းသုံး ကားတွေပါဝင်တယ် ” လို့ ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တယောက်က ပြောပါတယ်။ ဒါ့အပြင် ကားလုယူခံရတာတွေနဲ့ ပတ်သက်ပြီး ပခုက္ကူဒေသခံ တဦးက ” ဒီလ ၁၇ ရက်ည ၁၀…
Read Moreတကျော့ပြန်ကူးစက်လာနေတဲ့ ကိုဗစ်မျိုးကွဲ BA4 နဲ့ BA5 ကို သတိပြုပါ
သွေး (စစ်ကိုင်း) ကိုဗစ်-19 တကျော့ပြန် ကူးစက်မှုတွေ မြင့်မားလာတာကြောင့် ကမ္ဘာပေါ်မှာ ကိုဗစ်ကပ်ရောဂါ ဆုံးခန်းတိုင်ဖို့ အချိန်အတန်ကြာ လိုနေဦးမယ်ဆိုတာ သက်သေပြနေပါတယ်။ အသစ်အသစ်သော မျိုးကွဲတွေ ထွက်ပေါ်လာနေတာကလည်း ကမ္ဘာ့လူသားတို့ရဲ့ ကျန်းမာရေးကို ဆက်လက်ခြိမ်းခြောက်နေဆဲပါ။ ရောဂါ ကူးစက်ခံရပြီးမှ ကုသတာထက် မကူးစက်အောင် ကြိုတင်ကာကွယ်တာ အကောင်းဆုံး ဖြစ်သလို ကိုဗစ်နဲ့ ပတ်သက်လာရင် အမြဲမပြတ် သတိရှိရှိ ကာကွယ်နေထိုင်သွားရမှာ ဖြစ်ပါတယ်။ NBC News မှာ ရေးသားထားချက်အရ- ကိုဗစ်မျိုးကွဲထဲက အိုမီခရွန်မျိုးကွဲတစ်ခု ဖြစ်တဲ့ BA5 ကူးစက်မှုတွေကို အမေရိကန်နိုင်ငံမှာ တွေ့လာရတယ်လို့ ပြောပါတယ်။ ဇူလိုင် ပထမပတ်အတွင်း ကူးစက်မှုတွေရဲ့ ၅၄ ရာခိုင်နှုန်းဟာ BA5 ဖြစ်တယ်လို့ အမေရိကန်ပြည်ထေင်စု ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကူးစက်မှုတွေရဲ့ ၁၇ ရာခိုင်နှုန်းက BA4 မျိုးကွဲ…
Read Moreကျောင်းကုန်းမှာ ဘဏ်အတွင်းကို လူ ၇ ဦးထက်ပိုပြီးဝင်ခွင့်မပေးဖို့နဲ့ငွေလာထုတ်သူတွေ CCTV ရှေ့မှာ မျက်နှာပြရမယ်
ဇူလိုင် ၁၈-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ကျောင်းကုန်းမြို့နယ်ရှိ ပုဂ္ဂလိက ဘဏ်တွေမှာ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေလုပ်ကိုင် ပေးတဲ့အခါ ငွေလာထုတ်သူ ၇ ယောက်ထက်ပိုပြီးတော့ ဘဏ်အတွင်းကိုဝင်ရောက်ခွင့်မပေးဖို့နဲ့ ဘဏ်မှာတပ်ဆင်ထားတဲ့ CCTV ရှေ့မှာ မတ်တပ်ရပ်၊မျက်နှာပြပြီးမှ ဝင်ရောက်ခွင့်ပြုဖို့ ညွှန်ကြားထားတယ်လို့ ဘဏ်လုံခြုံရေးဝန်ထမ်းတွေဆီကနေ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေကို မလိုက်နာရင် အရေးယူသွားမှာဖြစ်ပြီး ဒီလ ဒုတိယအပတ်ကနေ စတင်ညွှန်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။ ”ဘဏ်ငွေလာထုတ်တဲ့ ဘယ်သူမဆို လူ ၇ ယောက်ထက် ပိုဝင်ခွင့်မပြုဖို့၊ လူ ၇ ယောက် တသုတ်ချင်းစီထုတ်ပေးဖို့၊ ဘဏ်လာတဲ့ဘယ်သူမဆို ဘဏ်မှာတပ်ဆင်ထားတဲ့ CCTV တွေရဲ့အရှေ့မှာ မျက်နှာပြဖို့ ညွှန်ကြားလာတာပါ၊ အဲ့ဒီစည်းကမ်းတွေ မလိုက်နာရင်အရေးယူခံရမှာပါ”လို့ ဘဏ်လုံခြုံရေးဝန်ထမ်းတဦးကပြောပါတယ်။ အဲ့ဒီညွှန်ကြားချက်ကို ကျောင်းကုန်းမြို့နယ်က ကမ္ဘာ့ရတနာဘဏ်၊ဧရာဝတီဘဏ်၊ MOBဘဏ်စတဲ့ ဘဏ်တွေကိုစတင်ညွှန်ကြားထားပြီဖြစ်တယ်လို့ သိရပါတယ်။ ”လူဆိုးတွေကြောင့် လူကောင်းတွေနေရာပျောက်ရတယ်ဆိုတဲ့အချိန်ရောက်နေပါပြီ၊ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတဲ့သူတွေက ဘဏ်ပိုက်ဆံသွားထုတ်ရင် အကန့်အသတ်တွေနဲ့ကြုံရတော့မယ်၊ဘဏ်ငွေထုတ်တဲ့ကိစ္စ အဆင်ပြေခါစရှိသေး ထပ်ကန့်သတ်ခံရတော့ မလိုအပ်တဲ့အချိန်တွေကုန်ရတယ်။”လို့…
Read Moreဘီးလင်းမှာ ကားမှောက်ပြီး ၄ယောက်သေ ၇ယောက်ဒဏ်ရာရ
ဇူလိူင် ၁၈ VOM (GG) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ဒီကနေ့ ဇူလိူင် ၁၈ ရက် မနက်အစောပိုင်းက ကားတစီးတိမ်းမှောက်ပြီး လူ ၄ ယောက်သေကာ ၇ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ” ဘီးလင်းကနေ ကျိုက်ထိုကို မောင်းလာတဲ့ကားသပြေနီကျေးရွာနားမှာ မှောက်တာ။ ဆူဇူကီးကားပဲ ။ကားပေါ်မှာက ၁၁ ယောက်ပါတာကို ၄ယောက်သေတယ်၊၇ယောက်ဒဏ်ရာရတယ်။ ကားကအရှိန်မထိန်းနိုင်ဘဲဖြစ်သွားတာလို့တော့ လောလောဆယ် သိရတယ် ” လို့ ဒေသခံ ပရဟိတသမားတဦးကပြောပါတယ်။ သေဆုံးသူ ၄ ယောက်ထဲက၂ယောက်ဟာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးတာဖြစ်ပြီး ကျန် ၂ယောက်ကတော့ ဆေးရုံရောက်မှ သေဆုံးတာဖြစ်ကြောင်း ၊သေဆုံးသူတွေကတော့ ဒေါ်အေးအေးမြင့်၊ ဒေါ်ငွေလှိုင်၊ ဒေါ်ခင်ကြည်၊ ဦးမောင်သန်းရွှေတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူတွေကတော့ ယာဥ်မောင်း ဦးမောင်နိုင်နဲ့ ဒေါ်ခင်သန်း၊ ဒေါ်မြင့်ကြည်၊ ဒေါ်မြစန်းရီ၊ ဒေါ်သန်းတင်၊ ဒေါ်တင်မော်၊ ဦးမောင်ကြိတ်…
Read More