ကျိုက်လတ်၊ ဇူလိုင် ၁၆၊၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ကျိုက်လတ်မြို့နယ်မှာ ၂၀၂၁ခုနှစ် ဖေဖော်၀ါရီ၁ရက်နောက်ပိုင်း နိုင်ငံရေးသံသယနဲ့ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၁ ယောက်အထိရှိလာပြီလို့ အမိန့်ချမှတ်ခံရတဲ့မိသားစုတွေဆီကနေသိရပါတယ်။ ကျိုက်လတ်မြို့နယ်မှာ မနေ့ ဇူလိုင် ၁၅ ရက်အထိကျောင်းဆရာမ ၂ ယောက်အပါအဝင် လူ ၁၁ ယောက်အထိ ထောင်ဒဏ်အမိန့်ချမှတ်ခံထားရပြီ ၅ဝ၅-ကနဲ့ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံထားရသူ ၃ ယောက်၊ ဆရာမ ၂ ယောက်အပါအ၀င် ၈ ယောက်ကို အကြမ်းဖက်မှု ဥပဒေ၅၂(ခ)နဲ့ ထောင်ဒဏ် ၅ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။ ”ထောင်ဒဏ်တွေချမှတ်ခံထားရတဲ့ အရပ်သားတွေနဲ့ ဆရာမတွေအားလုံးကို ဆန္ဒပြတယ်၊ နိုင်ငံလုပ်တယ်ဆိုပြီး သံသယနဲ့ဖမ်း ထောင်ဒဏ်ပြစ်ဒဏ်တွေချမှတ်ထားတာ၊ကျောင်းဆရာမ ၂ ယောက်ဖြစ်တဲ့ဒေါ်မြင့်မြင့်ရီနဲ့ ဒေါ်မြင့်မြင့်စီတို့ ၂ ယောက်အပါဝင် ၁၁ ယောက်အထိ ထောင်ဒဏ်တွေချမှတ်ခံရတာပါ၊ဆရာမ ၂ ယောက်ကို အကြမ်ဖက်မှုဥပဒေနဲ့ထောင်ဒဏ် ၅ နှစ်ချမှတ်ထားတယ်၊…
Read MoreMonth: July 2022
အိန္ဒိယမှာ မျောက်ကျောက်ရောဂါ စတင်တွေ့ရှိ ၊ ကမ္ဘာနိုင်ငံ ၆၀ မှာ ကူးစက်ခံရသူ ၉၀၀၀ ကျော်ရှိနေ
ဒေလီ၊ ဇူလိုင်-၁၆-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်မှုကို ပထမဆုံးအကြိမ် အတည်ပြုတွေ့ရှိကြောင်း တာ၀န်ရှိသူတွေက ဇူလိုင် ၁၅ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူအေအီးနိုင်ငံမှ ပြန်လာတဲ့ အသက် ၃၅ နှစ်အရွယ်အမျိုးသားတဦးမှာ မျောက်ကျောက်ရောဂါ ကူးစက်နေတာကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အိန္ဒိယကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီအမျိုးသားဟာ ယခုသီတင်းပတ်အစောပိုင်းက နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်သို့ ပြန်ရောက်ပြီးကတည်းက ဆေးရုံမှာ သီးခြားထားစောင့်ကြည့်ခဲ့ပြီး သူနဲ့အတူ လေယာဉ်ပေါ်ပါခရီးသည် ၁၁ ဦးကိုလည်း စောင့်ကြည့်ဖို့် ညွှန်ကြားထားပါတယ်။ ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့နဲ့ ဒေသန္တရအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြည်နယ်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ထားကြောင်း အိန္ဒိယအစိုးရကပြောပါတယ်။ မျောက်ကျောက်ရောဂါဟာ အာဖရိကဒေသမှာ အများစုဖြစ်ပွားလေ့ရှိပြီး ရောဂါလက္ခဏာတွေကတော့ ဖျားနာခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ရောင်ရမ်းခြင်းနဲ့ အရေပြားမှာ အနာဖြစ်ခြင်းတို့ဖြစ်ပါတယ်။ မကြာသေးမီကာလအတွင်း နိုင်ငံပေါင်း ၆၀ ၀န်းကျင်မှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၉၀၀၀ ကျော်ထိရှိလာကြောင်း…
Read Moreပဲခူးမှာ ရာအိမ်မှူးတဦး ဓားနဲ့ခုတ်သတ်ခံရပြီး ဓားနဲ့ခုတ်သူကို မမိလို့ မိသားစုကိုဖမ်းဆီးထား
ဇူလိူင် ၁၆-၂၀၂၂ VOM (GG) ပဲခူးမြို့၊အိုးလေးစု (ပြည်တော်သာ)ရပ်ကွက် ရာအိမ်မှူးတဦး နေအိမ်ပေါ်ထိတက်ပြီး ဓားနဲ့ခုတ်ခံရလို့သေဆုံးမှု မနေ့ ဇူလိူင် ၁၅ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အခင်းဖြစ်ပွားပြီးနောက် သက်ဆိုင်ရာအဖွဲ့တွေရောက်လာပြီး စစ်ဆေးရှာဖွေတာတွေပြုလုပ်ကာ ဓားနဲ့ခုတ်သူရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ” အခု ဓားနဲ့ဝင်ခုတ်တဲ့သူကတော့ လွတ်သွားတယ်။ကျန်ခဲ့တဲ့မိသားစုကိုတော့ စစ်တပ်နဲရဲကလာဖမ်းသွားတယ် ၅ နှစ်ကလေးရောအကုန်ပါသွားတယ် ။ အခုဓားနဲ့ဝင်ခုတ်တဲ့လူရဲ့ ညီကလည်း သူ့ကြောင့်ပဲအဖမ်းခံထားရတာ။ဒါကြောင့်ခုတ်တာလို့ပြောတယ် ” လို့ ဒေသခံကပြောပါတယ်။ ရာအိမ်မှူး ကိုကျော်ဆိုသူကြောင့် အရင်ကလည်း ရပ်ကွက် နေလူငယ်တချို့ဖမ်းဆီးခံရတာမျိုးရှိတယ်လို့ ဒေသခံအချို့ရဲ့ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိူင်လ ၉ ရက်နဲ့ ၁၀ ရက်တုန်းကလည်း ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊အုတ်ဖို၊ မင်းလှမြို့နယ်တို့က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ ဦးနဲ့ ရာအိမ်မှူး လင်မယား သေနတ်နဲ့ပစ်ခံရပြီး ၃ယောက်သေဆုံးမှုရှိခဲ့ပါတယ်။ #voiceofmyanmar #VOM #ပဲခူး…
Read Moreစစ်ကိုင်းတိုင်းမှာ ၁ ပတ်အတွင်း လမ်းဘေးမိုင်းကွဲမှုကြောင့် ၅ ဦးသေ ၊ ၃၀ ကျော် ဒဏ်ရာရ
ဇူလိုင် ၊ ၁၆-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်းက မြို့နယ်ချင်းဆက် လမ်းတွေပေါ်မှာ သွားလာနေရင်း မိုင်းထိမှန်လို့ ၁ ပတ် အတွင်း ဒဏ်ရာရသူ ၃၀ ကျော်နဲ့ သေဆုံးသူ ၅ ဦး ရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” အခုလ ၉ ရက်ကနေ ၁၅ ရက်အထိ ဖြစ်သွားတဲ့ မိုင်းပေါက်ကွဲတဲ့ဖြစ်စဥ်တွေမှာ ထိမှန် သေဆုံးသူ ၅ ဦးနဲ့ ဒဏ်ရာရသူ ၃၀ ကျော်ရှိတာ “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အခုလ ၉ ရက်နေ့ ၊ ည ၈ နာရီဝန်းကျင်မှာ မန္တလေးမြို့ကနေ မုံရွာမြို့နယ် ၊ မုံရွေး ကြေးမုံရွာကို ကြွလာတဲ့ ဆရာတော် ၁ ပါးရဲ့ကားဟာ မုံရွာခရိုင် ၊…
Read Moreရေဦးနယ်မှာ ၁ပတ်အတွင်း လူနေအိမ် ၁ ရာကျော်မီးလောင်၊ လူ ၁၀ ယောက်ထက်မနည်း သေဆုံး
ဇူလိုင် ၊ ၁၆ ၊၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ်မှာ အခုလ ၈ ရက်ကနေ ၁၅ ရက်အထိ ၁ ပတ်အတွင်း လူနေအိမ် ၁ ရာကျော် မီးလောင်ပျက်စီးကာ ၊ လူ ၁၀ ယောက်ထက်မနည်း သေဆုံးရတယ်လို့ ရေဦးဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မီးရှို့ခံရတဲ့ ရွာက ၃ ရွာဖြစ်တယ် ၊ ထွက်ပြေးတိမ်းရှောင်ရင်း အသတ်ခံရတဲ့ လူ ၁၀ ယောက်ကတော့ ရွာ ၅ ရွာဖြစ်တယ် ” လို့ ဒေသခံပရဟိတသမားတယောက်က ပြောပါတယ်။ နေအိမ်တွေ မီးရှို့ခံရတာဟာ စည်သာမြေရွာမှာ ၂၃ အိမ် ၊ ကူဖြူရွာမှာက ၃၁ အိမ် နဲ့ မီးမောင်းကုန်းကျေးရွာမှာ ၇၂ အိမ် ဖြစ်ပြီး…
Read Moreလမင်းတရာ ကဗျာဆရာ
ဆူးငှက် “ကန္တာရပြင် ပန်းပင်ပွင့်စေ စမ်းရေစီးမြ ငှက်လှတေးဆို ပျိုစေ . . သစ်စေ . . ချစ်နိုင်စေ . . ” တဲ့ . . . ။ ကဗျာဆရာကြီး ကြည်အောင် က သူ၏ “အရိုင်းလွင်ပြင်”ကဗျာတွင် ဖွဲ့ဆိုခဲ့သည်။ ကျွန်တော်က ဆရာကြည်အောင်၏ “မိခင်မာရသွန်”ကဗျာစာအုပ်ကို အမှတ်တရပြန်လှန်ဖတ်ရှုရင်း “အရိုင်းလွင်ပြင်” ကဗျာကို ဖတ်ကာ အထက်ပါ စာပိုဒ်လေးရောက်တော့ ကဗျာဆရာကို ဖျပ်ခနဲ လွမ်းဆွတ်သတိရကာ ဖတ်လက်စ စာအုပ်လေး ရင်ဘတ်ပေါ်တင်ရင်း စိတ်တွေကလည်း အဝေးဆီသို့ ပျံ့လွင့်သွားတော့သည်။ ၁၉၇၅ ဝန်းကျင်ကာလများ၌ ကျွန်တော်သည် မုန့်ဖိုးထဲမှစု၍ တစ်လလျှင် မဂ္ဂဇင်းစာအုပ် ၂ အုပ် ဝယ်ဖြစ်သည်။ မိုးဝေစာပေမဂ္ဂဇင်းနှင့် ရှုမဝရုပ်စုံမဂ္ဂဇင်း တို့ဖြစ်သည်။ မဂ္ဂဇင်း ၂ အုပ်စလုံးမှ ကဗျာတွေ၊ဆောင်းပါးတွေ၊…
Read Moreဝက်လက်နယ်က မီးဘေးသင့်သူတွေဟာ ပြန်လည်ထူထောင်ဖို့အတွက် ရှေးဟောင်းပစ္စည်းရှာဖွေတာကို အားပြု လုပ်ကိုင်နေရ
ဇူလိုင် ၊ ၁၆-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်ထဲက နေအိမ်တွေ မီးရှို့ခံရတဲ့ ဒေသခံတွေဟာ သူတို့ဘဝကို ပြန်လည်ထူထောင်နိုင်ဖို့အတွက် မြောက်ထန်းကြီးရွာနားက ယာကွက်တွေထဲမှာ ရှေးဟောင်းပစ္စည်းတွေ ရှာဖွေရတဲ့အလုပ်ကို အားပြုလုပ်ကိုင်နေရတယ်လို့ ဝက်လက်နယ် မီးဘေးသင့်ဒေသခံတွေဆီက သိရပါတယ်။ ” မီးရှို့ခံလိုက်ရတဲ့အိမ်က လွန်ခဲ့တဲ့ ၉ နှစ်ကျော်က ဆောက်ခဲ့တာ သိန်း ၄၀ ကျော်ကုန်တယ် ၊ အခုခေတ် စျေးနူန်းနဲ့ဆို အဲ့ဒီထက် ၂ ဆလောက်ပိုကုန်မယ် ၊ အလုပ်အကိုင်ကလည်း မရှိ ၊ ဝင်ငွေကလည်း မရှိ ၊ ရှိတာတွေလည်း မီးလောင်ကုန်တော့ စားဝတ်နေရေးကို အရင်လို ဘဝ ပြန်ရောက်ဖို့ ရှေးဟောင်းပစ္စည်းတူးတာပဲ အားကိုးနေရတယ် “လို့ မင်းရွာက အိမ်မီးရှို့ခံရတဲ့ ဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီ…
Read MoreKaung For You တည်ထောင်သူ ဖမ်းခံရပြီးနောက် ဆရာမတွေ ဆက်တိုက်ဖမ်းဆီးခံနေရ
ဇူလိုင် ၁၅-၂၀၂၂ KK(VOM) Kaung For You ကိုယ်ပိုင်ကျောင်းတည်ထောင်သူ ဆရာကောင်းသိုက်စိုး ဖမ်းဆီးခံရတယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက် ဆရာမတွေဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဆီက သိရပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာရှိတဲ့ Kaung For You ကိုယ်ပိုင်ကျောင်းတွေက ဆရာမတွေဖမ်းဆီးခံရတာဟာ ဇူလိုင် ၁၃ရက်ကနေ ဒီကနေ့အထိဆိုရင် (၁၀)ဦးကျော်ရှိနေပြီလို့ နိူင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။ “သတိပေးတယ် ထုတ်ပြန်ချက်တွေလည်း ထုတ်နေရင်းနဲ့အဖမ်းခံနေရတာ စိတ်မကောင်းဘူး၊ အခုဆို ၁၂ ဦးလောက်ရှိမယ်၊ ရှောင်တိမ်းနေဖို့ပြောချင်တယ်”လို့ သူကပြောပါတယ်။ ကလော၊ဟဲဟိုး၊မြစ်သား၊ကော့သောင်းနဲ့မြိုနယ်အချို့က CDM ကျောင်းဆရာမ ၁၀ ဦးကျော် ဖမ်းဆီးခံရတာဟာ လုံခြုံရေးကျိုးပေါက်မှုကြောင့် ဖြစ်တယ်လို့ CDMကျောင်းဆရာမတဦးက ပြောပါတယ်။ “ဆရာကောင်း အဖမ်းခံရတယ်ဆိုပြီး Post တင်တယ် ဖျက်တယ်၊ သတင်းမသေချာသေးဘူးဆိုပြီးဖြစ်ပြန်တယ်၊ ဆရာမတွေနဲ့ မိဘတွေက စိတ်ထဲမတင်မကျဖြစ်နေတယ် အခုအဲ့pageက ဖျက်သွားပြီ၊ ဒါတောင် ဆရာမတွေအဖမ်းခံရပြီးမှဖျက်တာ ကျွန်မအထင်ပေါ့၊ အဲ့page ကို…
Read Moreမုံရွာ-မန္တလေး ကားလမ်းမှာ ကား ၁ စီးမိုင်းထိမှန်ပြီး သေနတ်နဲ့ပစ်ခံရလို့ ခရီးသည် ၂ ဦးသေ ၊ ၂ ဦးဒဏ်ရာရ
ဇူလိုင် ၊ ၁၅ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ဂွေးပင်တောကျေးရွာအနီး ၊ မုံရွာ-မန္တလေး ကားလမ်းမှာ ဒီကနေ့ ၊ နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်က ခရီးသည်တင်ကား မိုင်းထိမှန်ပြီးနောက် သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ခရီးသည် ၂ ဦးသေဆုံးကာ ၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မြင်းမူဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဖြစ်တဲ့နေရာက မုံရွာ-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၅၇ နဲ့ ၅၈ အကြားမှာပါ ၊ မိုင်းထိမှန်တဲ့ကားက ပုလဲကနေ မန္တလေးကိုသွားမယ့် ခရီးသည်တင်ကားဖြစ်တယ် ၊ ခရီးသည် ၂ ဦးသေပြီး ၊ ၂ ဦးဒဏ်ရာရတာ ” လို့ ဒေသခံ…
Read Moreမူဆယ် – ပေါက် ခရီးသည်တင်လိုင်းကား ၁ စီး လုယူခံရ
ဇူလိုင် ၊ ၁၅ ၊ ၂၀၂၂ SP(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကနေ မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်ကို မောင်းလာတဲ့ ခရီးသည်တင် လိုင်းကား ၁ စီးဟာ မနေ့ ဇူလိုင် ၁၄ ရက် မနက်ပိုင်းက ပေါက်မြို့နယ်ထဲအရောက်မှာ အမည်မသိ လက်နက်ကိုင် အဖွဲ့က ခရီးသည်တွေကို ကားပေါ်က ဆွဲချပြီး ကားကို လုယူသွားတယ်လို့ ခရီးသည်တွေဆီက သိရပါတယ်။ ” ကားလုခံရတာက မနက် ၉ နာရီဝန်းကျင်မှာပါ ၊ လုခံရတဲ့နေရာက မကွေးတိုင်း ပေါက်မြို့နယ် ၊ အင်တိမ်ကျေးရွာနားမှာ ဖြစ်တယ် “လို့ ခရီးသည်တယောက်က ပြောပါတယ်။ အဲ့ဒီ ကားလုခံရတာနဲ့ပတ်သက်လို့ ပေါက်မြို့ ခရီးသည်တင်ယာဥ်လိုင်း ကြီးကြပ်ရေးအဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ယောက်က ” အလုခံရတဲ့ကားက အန်စာတုံး မှန်လုံအမျိုးအစား…
Read More