ဇူလိုင်၊ ၁၅ ၊၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ငပုတောမြို့နယ်၊ငရုတ်ကောင်းမြို့မှာ ဇူလိုင် ၁၃ ရက်ကပြုလုပ်တဲ့ ဝါဆိုလှိုင်းခုန်ပွဲသွားတဲ့လမ်းမှာ အမျိုးသား ၄ ယောက်ရေနစ်သေဆုံးခဲ့တယ်လို့ ကူညီရှာဖွေရေးလုပ်နေတဲ့ဒေသခံပရဟိတအဖွဲ့ဆီ ကနေသိရပါတယ်။ ငရုတ်ကောင်းမြို့ဒရယ်ကျွန်းကမ်းခြေမှာ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၃ ကပြုလုပ်တဲ့ ဝါဆိုလှိုင်းခုံပွဲကို ရေကစားဖို့သွားရင်း အခုလိုရေနစ်သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။ ”အဲ့ဒီကမ်းခြေမှာလုပ်တဲ့ဝါဆိုလှိုင်းခုန်ပွဲကို သွားရင်းဖြစ်တာ အမျိုးသားတွေပါ၊ ဖြစ်တာကတော့ဦးအေးထွန်းဆိုသူက မိုးတိမ်ပြင်ကျေးရွာအုပ်စု ကျွန်းလေးချောင်းကနေ ဒရယ်ကျွန်းဘက်ကမ်းကို ဖြတ်ကူးတဲ့အချိန်မှာ ရေစီးထဲမျောပါသွားတာ၊ဦးအေးထွန်းနဲ့အတူပါလာတဲ့ ၃ ယောက်က လိုက်ဆယ်ရင်း ၄ ယောက်လုံးပင်လယ်ထဲကို မျောပါသွားတာပါ။”လို့ဒေသခံပရဟိတအဖွဲ့ဝင် တယောက်ကပြောပါတယ်။ ရေနစ်သေဆုံးခဲ့ရတဲ့အမျိုးသား ၄ ယောက်ဟာ ရေကျော်ကျေးရွာအုပ်စု၊ရေကျော်ရွာက အသက် ၄၀ ခန့်အရွယ် ဦးမျိုးကိုကို(ခ)ဖိုးချို၊အသက် ၅၆ နှစ်အရွယ် ဦးအေးထွန်း၊အသက် ၄၉ နှစ်ဦးဇော်မြင့်နိုင်နဲ့အသက် ၄၈ နှစ်အရွယ် ဦးဆန်းအောင်တို့ဖြစ်တယ်လို့သိရပါတယ်။ ရေနစ်သေဆုံးခဲ့ရတဲ့သူတွေရဲ့မိသားစုဝင်တွေက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းရှာဖွေတဲ့အခါ ဇူလိုင်…
Read MoreMonth: July 2022
ဟားခါး ချွန်ကျုံးရွာမှာ တိုက်ပွဲဖြစ်ပြီး လူနေအိမ် ၁၃ လုံး မီးလောင်
ဇူလိုင် ၊ ၁၅-၂၀၂၂ SP (VOM) ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ၊ ချွန်ကျုံးရွာနားမှာ မနေ့ ဇူလိုင် ၁၄ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီကနေ့ မနက်ပိုင်းမှာ ချွန်ကျုံးရွာထဲက လူနေအိမ် ၁၃ လုံး မီးလောင်ခဲ့တယ်လို့ ချွန်ကျုံးရွာခံတွေဆီက သိရပါတယ်။ ” မနေ့က ရွာနားမှာ ပစ်ခတ်တာတွေဖြစ်တယ် ၊ ရွာလူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ မနေ့က ရွာထဲက လူနေအိမ် ၄ လုံး မီးလောင်ပျက်စီးတယ် ၊ ဒီမနက် လူနေအိမ် ၉ လုံး ထပ်ပြီး မီးရှို့ခံရတယ် ၊ ရွာမှာ လူနေအိမ်တွေ မီးရှို့ခံရတာ မနေ့က နဲ့ ဒီကနေ ၂ ရက်ပေါင်း ၁၃ လုံးရှိသွားပြီ ” လို့ ချွန်ကျုံးရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီ…
Read Moreမန္တလေး KBZဘဏ်ခွဲ-၄၂မှာ ဘဏ်ကောင်တာပေါ် လက်လုပ်မိုင်းတင်သွားပြီး သိန်း ၁၈၀၀ခန့် ဓားပြတိုက်ခံရ
ဇူလိုင် ၁၅-၂၀၂၂ Voice Of Myanmar မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈လမ်းနဲ့ စက်မှုပန်းခြံအနီးက KBZဘဏ်ခွဲ-၄၂မှာ ဒီကနေ့ နေလယ် ၁၂နာရီကျော်အချိန်ခန့်က လက်လုပ်မိုင်း တလုံးကို ဘဏ်ကောင်တာပေါ်တင်ပြီး သိန်း ၁၈၀၀ ခန့် ဓားပြတိုက်သွားတဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ ရဲနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ ရဲနဲ့နီးစပ်သူတဦးက ” ဓားပြတိုက်သွားတာ သိန်း ၁၈၀၀ ခန့်မှန်းလို့ သိရတယ်၊ စိစစ်နေတုန်းမို့ အတိအကျမပြောနိုင်သေးဘူး”လို့ ပြောပါတယ်။ ပြည်ကြီးတံခွန်မြို့နယ် ဒေသခံတဦးကလည်း” ဆိုင်ကယ်နဲ့ဖြတ်သွားတုန်း စစ်သားတွေ ရဲတွေတွေ့လို့ အဲ့ဒီနားက လူတွေမေးကြည့်လိုက်တာ၊ ဘဏ်ဓားပြတိုက်ခံရတာ သိန်း ထောင်ကျော်ပါသွားတယ်တဲ့ ပြောလို့ သိရတာ”လို့ ပြောပါတယ်။ ဓားပြတိုက်သူ အမျိုးသား(၂)ဦးဟာ ဆိုင်ကယ်နဲ့ရောက်လာပြီး ဘဏ်ထဲဝင်ကာ ပစ္စတိုသေနတ်နဲ့ချိန်၊ “အားလုံးမှောက်နေလို့”ပြောဆိုခဲ့ပြီး ဘဏ်စားပွဲပေါ်က ငွေသား သိန်း၁၈၀၀နီးပါးကို ယူဆောင်သွားခဲ့တာလို့ သိ ပါတယ်။ ဒါ့အပြင်…
Read Moreပြည်ပချေးငွေကို အတိုးရော အရင်းပါ ပြန်ဆပ်ခြင်း ရပ်ထားဖို့ ဗဟိုဘဏ်ထုတ်ပြန်
ဇူလိူင် ၁၅-၂၀၂၂ VOM (GG ) ပြည်တွင်းမှာ နေထိုင်သူတိုင်း ချေးယူထားတဲ့ ပြည်ပ ချေးငွေတွေကို အခုကာလမှာ အတိုး ၊ အရင်း ပြန်လည်ပေးဆပ်ခြင်းကိစ္စ ယာယီရပ်ထားဖို့ ဗဟိုဘဏ်က ကြေညာချက်ထုတ်ပြီး အသိပေးပြောဆိုလိုက်ပါတယ်။ ” ဒေါ်လာလိုအပ်ချက်တခုထဲကိုပဲကြည့်ပြီး စာထုတ်တယ်လို့မြင်တယ်။ ပြည်ပချေးငွေက သူတို့ပြောသလို မဆပ်ဘဲဆိုင်းငံ့ရမလား မရဘူးလားတော့ မသိပေမယ့် အလုပ်တွေကတော့ ရပ်မရဘူး။ မဆပ်နဲ့ဆိုတိုင်းလည်း နေလို့မရတာ ရှိတယ်မလား။ ပြန်မဆပ်လို့ လုပ်ငန်းတွေအခက်အခဲဖြစ်လာမလား မပြောတတ်သေးဘူး။အခြေအနေတွေကစောင့်ကြည့်ရမှာများနေတယ်။ကြိုပြောလို့ကိုမရတော့ဘူး ” လို့ စီးပွားရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနဲ့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းအရ ပြည်တွင်းမှာနေထိုင်သူတွေအနေနဲ့ ပြည်ပမှ ငွေသားဖြစ်စေ၊ ပစ္စည်းဖြစ်စေ ရယူထားတဲ့ ပြည်ပချေးငွေအသီးသီးကို အတိုးနဲ့အရင်း ပြန်လည်ပေးဆပ်ခြင်းကို လတ်တလောကာလမှာ ဆိုင်းငံ့ဆောင်ရွက်ကြဖို့ဆိုပြီး ဇူလိူင်လ ၁၃ ရက်နေ့ ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ ဒါ့ကြောင့် AD လိုင်စင်ရဘဏ်တွေအနေနဲ့ မိမိ ဘဏ် customer…
Read Moreကြံခင်းမှာ ၇လအတွင်း ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ လူနေအိမ်တွေ တဒါဇင်ကျော်ရှိလာ
ဇူလိုင် ၊ ၁၅-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ကြံခင်းမြို့နယ်ထဲမှာ ၂၀၂၂ နှစ်စပိုင်းကစလို့ မနေ့ ဇူလိုင် ၁၄ ရက်အထိ ၇ လအတွင်း လူနေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းတာ တဒါဇင်ကျော်ရှိနေပြီလို့ ဒေသခံတွေဆီကနေသိရပါတယ်။ ”ကြံခင်းမြို့၊ ခုံကြီးကျေးရွာက ဦးကုလားရဲ့နေအိမ်ကိုလာပြီး ဇူလိုင် ၁၃ ရက်က ချိပ်ပိတ်သွားတာ၊ဦးကုလားရဲ့အိမ်ကိုလာစစ်ဆေးတဲ့အခါ သားဖြစ်သူကိုမတွေ့လို့ နေအိမ်ကိုချိတ်ပိတ်သွားတာ၊မြို့ပေါ်နေရာတွေအပါအဝင် နေအိမ် ၁၃ လုံးလောက် ချိပ်ပိတ်ခံထားရပြီ”လို့ ဒေသခံတယောက်ကပြောပါတယ်။ ကြံခင်းမြို့နယ်ထဲက ချိပ်ပိတ်ခံရတဲ့နေအိမ်တွေဟာ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူ ၃ ယောက်ရဲ့နေအိမ် ၃ လုံး၊NLD ပါတီဝင် ၆ ယောက်ရဲ့နေအိမ် ၆ လုံးနဲ့ တရားမဝင်အဖွဲ့တွေနဲ့ပတ်သက်မှုရှိတယ်ဆိုတဲ့ လူ ၄ ယောက်ရဲ့နေအိမ် ၄ လုံးတို့ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလိုလူနေအိမ်တွေချိပ်ပိတ်သိမ်းဆည်းတာနဲ့ ပတ်သက်ပြီး ကြံခင်းမြို့နယ်လုံခြုံရေးနဲ့နီးစပ်သူတဦးက” အိမ်တွေချိပ်ပိတ်သိမ်းဆည်းတယ်ဆိုတာ အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေးဥပဒေအရ စစ်ဆေးပေါ်ပေါက်ပြီး ငြိစွန်းနေတဲ့အတွက် နည်းဥပဒေအရသိမ်းဆီးရတာ “လို့…
Read Moreနိုင်ငံခြားသုံးငွေ ကန့်သတ်ချက်ကင်းလွတ်ခွင့်ကို ဗဟိုဘဏ်က ပြန်လည်ပယ်ဖျက်
ဇူလိုင် ၁၅-၂၀၂၂ VOM (GG) ပြည်တွင်းမှာ နိုင်ငံခြားငွေရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းနဲ့အထက်ရှိတဲ့ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတွေကို နိုင်ငံခြားသုံးငွေကန့် သတ်ချက် ကင်းလွတ်ခွင့်ပြုထားတာကနေ ဗဟိုဘဏ်က ပြန်လည်ပယ်ဖျက်ကြောင်း ထပ်မံကြေညာလိုက်ပါတယ်။ ” ဟုတ်ပါတယ် တနေ့က ပယ်ဖျက်ကြောင်း စာထုတ်တာတွေ့တယ်။ ဘယ်လိုတွေ စီမံခန့်ခွဲနေလည်း မပြောတတ်တော့ပါဘူး ။ စာကိုထုတ်တာ မနည်းတော့ဘူး ။ အခုကင်းလွတ်ခွင့်ပြု အခုပြန်ပယ်ဖျက်နဲ့ လုပ်ငန်းရှင်တွေက ဘာကိုဘယ်လိုလုပ်ရမလဲမသိတော့ဘူး ။ စာထုတ်တာပဲ ထိုင်ကြည့်နေရမယ့်ပုံဖြစ်နေပြီ “လို့ စီးပွားရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းအထက်ရှိတဲ့ ကုမ္ပဏီတွေကို နိုင်ငံခြားသုံးငွေကန့်သတ်ချက်က ကင်းလွတ်ခွင့်ကို ပြီးခဲ့တဲ့ ဇွန်လကခွင့်ပြုခဲ့တာဖြစ်ပြီး ပြန်လည်ပယ်ဖျက်ကြောင်းကိုတော့ ဇူလိူင်လ ၁၃ ရက်နေ့မှာ ဗဟိုဘဏ်က AD လိုင်စင်ရဘဏ်တွေကို ထပ်မံအသိပေး အကြောင်းကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကင်းလွတ်ခွင့်ပြုခဲ့တာတွေက ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)…
Read Moreကလေးဝ မော်လိုက်ကားလမ်း လိပ်ပုတ်ချောင်း တံတားကျိုးနေတဲ့အတွက် ကားတွေ သွားလာလို့ မရ
ဇူလိုင် ၊ ၁၅ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နဲ့ မော်လိုက်ခရိုင် ၊ မော်လိုက်မြို့နယ်ကြား ရွာသာရွာနားက လိပ်ပုတ်ချောင်း တံတား ၁ ဟာ မနေ့ ဇူလိုင် ၁၄ ရက် က တန်ပိုကား ၁ စီး မောင်းနှင်ဖြတ်သန်းတဲ့အချိန် ကျိုးကျပျက်စီးသွားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” မနေ့ မနက်ပိုင်းက ကလေးဝ မော်လိုက်ကားလမ်း မိုင်တိုင်အမှတ် ၁၆/ ၇ နားက လိပ်ပုတ်ချောင်း တံတားကျိုးကျပျက်စီးနေတာပါ ၊ တံတားအောက်မှာ ကားတစ်စီးလည်း ပြုတ်ကျနေတယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် ကလေးခရိုင် လမ်းတံတား ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက “ကျိုးကျပျက်စီး သွားတဲ့ တံတားက…
Read Moreရေဦးမြို့နယ်မှာ လူနေအိမ် ၇၀ ကျော်မီးလောင်ပြီး ၊ လူ ၁ ဦး မီးလောင်သေဆုံး
ဇူလိုင် ၊ ၁၅ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ် ၊ မီးမောင်းကုန်းကျေးရွာမှာ ဇူလိုင် ၁၃ ရက်က လူနေအိမ်တွေ မီးရှို့ခံရပြီး သက်ကြီးရွယ်အို ၁ ဦး မီးလောင်သေဆုံးသွားတယ်လို့ ၊ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မီးမောင်းကုန်းရွာက လူနေအိမ်ခြေ ၁ ရာရှိတယ် ၊ အဲ့ဒီအထဲက အိမ်ခြေ ၇၀ မီးလောင်လို့ အိမ် ၃၀ ပဲကျန်တယ် ၊ ရွာမီးလောင်နေတဲ့အချိန် မပြေးမလွားနိုင်ပဲ အိမ်ထဲမှာ ကျန်နေခဲ့တဲ့ အသက် ၉၀ ကျော်အရွယ် အဖွား ဒေါ်သန်းထီ မီးလောင်ဆုံးသွားတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ အခုလ ၈ ရက်ကစလို့ မနေ့ကအထိ…
Read Moreဝက်လက်မြို့နယ်က ပညာရေးဝန်ထမ်း ၃ ဦးနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ ဦး အလုပ်ထွက်
ဇူလိုင် ၊ ၁၄-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ပညာရေးဝန်ထမ်းတချို့ဟာ ဒီရက်ပိုင်းအတွင်း အလုပ်ကနေ နူတ်ထွက်သွားတာရှိတယ်လို့ ဝက်လက်မြို့နယ် ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ရပ်ကျေး အုပ်ချုပ်ရေးမှူးက ၂ ယောက် ၊ ပညာရေး ဝန်ထမ်းက ၃ ယောက် နဲ့ မြေစာရင်းက ၁ ယောက်ဖြစ်တယ် “လို့ ဝက်လက် ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။ ဒါ့အပြင် ပညာရေး အသိုင်းအဝိုင်းက ” ဆင်နင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းက ဆရာမ ဒေါ်မြနှင်းဝါ ၊ ညောင်ကန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ၊ ကျောင်းအုပ် ဆရာမ ဒေါ်ခင်မာဝင်း ၊ ဖိုးဝင်းတပ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းက ဆရာ ဦးညွှန့်သိန်းဦးတို့ အလုပ်ထွက်သွားတာ…
Read Moreအုတ်တွင်းမြို့မှာ မိခင်ကိုသတ်၊ သမီးဖြစ်သူကို ရိုက်နှက်ပြီး အဓမ္မပြုကျင့်မှုဖြစ်ပွား
ဇူလိူင် ၁၄-၂၀၂၂ VOM (GG) ပဲခူးတိုင်းအရှေ့ပိုင်း ၊အုတ်တွင်းမြို့မှာ မိခင်ဖြစ်သူအသတ်ခံရပြီး အသက်မပြည့်သေးတဲ့ ၁၃နှစ်အရွယ် သမီးလည်း အဓမ္မပြုကျင့်ခံရကာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ဒီနေ့ ဇူလိူင်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာ မိခင်ဖြစ်သူနဲ့ကလေးငယ်ဟာ ပိုက်ဆံအကြွေးတောင်းဖို့ သွားစဥ် သကြားစက်အနီးက သီဟိုခြံအရောက်မှာ လူချင်းကွဲပြီး ကလေးတယောက်ထဲရှိနေချိန် မျက်နှာဖုံးတွေနဲ့ အမျိုးသား ၂ ဦးက ကလေးငယ်ကို ကြိုးတုတ်ရိုက်နှက်ပြီး အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ကလေးက မတရားပြုကျင့်ခံရတဲ့အပြင် ရိုက်တာလည်းခံရတော့ သတိလစ်သွားတယ်။ အခုသိရတာတွေက သူသတိရချိန် သူပြန်ပြောပြချက်အရသိရတာ။ အခုတော့ သူ့အမေအသတ်ခံရတာလည်းသိသွားပြီ။ အမေကလည်း အဲ့ဒီ သီဟိုခြံထဲမှာပဲအသတ်ခံထားရတာကိုတွေ့ရတယ်။ “လို့ ပရဟိတသမားတဦးကပြောပါတယ်။ မိခင်ဖြစ်သူဟာ အသက် ၄၀ ကျော်ဝန်းကျင်ဖြစ်ပြီး မိခင်အလောင်းကိုလည်း သိဟိုခြံထဲမှာ လည်ပင်းပြတ်ရှဒဏ်ရာ ၊ဝမ်းဗိုက်ပွင့်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ကလေးငယ်ကို…
Read More