ပင်လုံမြို့နယ်ထဲက ဝမ်ကုန်း ရွာသား ၃၀ ကျော်ကို SSPP ပူးပေါင်းအဖွဲ့ က ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီးသွား

သြဂုတ် ၊ ၁ ၊ ၂၀၂၂
SP(VOM)

ရှမ်းပြည်နယ် ၊ ပင်လုံမြို့နယ် ၊ နောင်လိုင်ကျေးရွာအုပ်စု ၊ ဝမ်ကုန်းကျေးရွာက ဒေသခံ ရွာသား ၃၁ ယောက်ကို SSPP အဖွဲ့က ဒီကနေ့ ဩဂုတ်လတရက် မနက် ၅ နာရီဝန်းကျင်က ရွာထဲဝင်ပြီး ဖမ်းသွားတယ်လို့ ပင်လုံမြို့ဘက်ကို ထွက်ပြေးလွတ်မြောက်လာတဲ့ သူတွေဆီက သိရပါတယ်။

” ဒီကနေ့ မနက် မိုးလင်းတာနဲ့ SSPP ပူးပေါင်း အဖွဲ့က ရွာထဲဝင်လာပြီး လူတွေကိုဖမ်းတယ် ၊ ကျနော်တို့လည် ခါးဝတ် ခါးစားနဲ့ ထွက်ပြေးလာရတာ ၊ အခုဆို ရွာမှာ လူမရှိတော့ဘူး ၊ ဘေးလွတ်ရာကို အားလုံး ထွက်ပြေးကြပြီ ” လို့ ပင်လုံမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဝမ်ကုန်းရွာခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် ဒီမနက် ဖမ်းဆီးခေါ်ဆောင်သွားတာကို ခံရတဲ့ လူတွေနဲ့ ပတ်သက်ပြီး သူက

“လုံးနာလိန် အသက် ၆၀ နှစ် ၊ လုံးဝိ အသက် ၅၅ နှစ် ၊ လုံးတိယ အသက် ၅၀ နှစ် ၊ လုံးအိန္ဒာ အသက် ၄၅ နှစ် ၊လုံးနန္ဒာ အသက် ၅၁ နှစ် ၊ စိုင်းကောဝိ အသက် ၃၀ နှစ် ၊ စိုင်းလိုဝ်း အသက် ၃၀ နှစ် ၊ စိုင်းကုသလ အသက် ၃၀ နှစ် ၊ စိုင်းဝိကူးလ အသက် ၃၀ နှစ် ၊ စိုင်းကွမ် အသက် ၂၀ နှစ် ၊ စိုင်းနော် အသက် ၁၈ နှစ် ၊စိုင်းဆုယ အသက် ၃၀ နှစ် ၊ စိုင်းနန္ဒာ အသက် ၂၀ နှစ် ၊ စိုင်းမော အသက် ၃၀ နှစ် ၊ စိုင်းသြတ အသက် ၃၀ နှစ် ၊ စိုင်းမိန်း အသက် ၂၀ နှစ် ၊ စိုင်းဆန်းကန်း အသက် ၃၀ နှစ် (တရုတ်အနွယ်ဝင်)၊ စိုင်းအိန်သော အသက် ၃၀ နှစ် ၊ စိုင်းနန္ဒာ အသက် ၃၀ နှစ် ၊ စိုင်းလှထွန်း အသက် ၂၀ နှစ် ၊ စိုင်းဝိန်င် အသက် ၂၀ နှစ် ၊ စိုင်းဆေ့ဝ် အသက် ၃၀ နှစ် ၊ စိုင်းမူးနိ အသက် ၂၀ နှစ် ၊ စိုင်းပန်တာ အသက် ၂၀ နှစ် ၊ စိုင်းအိန္ဒာကူး အသက် ၄၀ နှစ် ၊လုံးကူးန အသက် ၅၀ နှစ် ၊ စိုင်းပန် အသက် ၂၈ နှစ် ၊ စိုင်းယာမ ၂၅ နှစ် ၊ စိုင်းညွန့် အသက် ၂၀ နှစ် ၊ စိုင်းတိ အသက် ၂၀ နှစ်စိုင်းထွန်းအောင် အသက် ၃၀ နှစ် ၊ သူတို့ အားလုံး ၃၁ ယောက် အဖမ်းခံရတာ ဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဝမ်ကုန်းရွာသား ၃၁ ယောက်ကို SSPP ပူးပေါင်းအဖွဲ့က သူတို့ကားနဲ့ တင်ဆောင်ခေါ်သွားတာ ဖြစ်ပြီး အဲ့ဒီ ကားက ဝမ်ကုန်းရွာကနေ ကုန်းကျောင်းရွာဘက်ကို မောင်းသွားတာ ဖြစ်တဲ့အတွက် တန်အေကျေးရွာအုပ်စုဘက်မှာရှိတဲ့ သူတို့ရဲ့ ဌာနချုပ်စခန်းရှိရာကို ခေါ်ဆောင်သွားတာ ဖြစ်နိုင်တယ်လို့ ဝမ်ကုန်းရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲ့ဒိအပြင် ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ လူတွေနဲ့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာခံတွေဟာ ဒီကနေ့ နေ့လယ်ပိုင်း အချိန်ထိ ဆက်သွယ် မရသေးတာကြောင့် ဘာအတွက် ဖမ်းဆီးသွားတယ်ဆိုတာ မသိရှိရဘူးလို့ လည်း ပြောပါတယ်။

အဲ့ဒီ ဝမ်ကုန်းရွာခံ ကလေး လူကြီး ၃၁ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အဖွဲ့ဟာ ရွာခံပြောပြချက်အရ SSPP ပူးပေါင်းအဖွဲ့လို့ သိရတာဖြစ်ပေမယ့် VOM ကတော့ သီးခြား အတည်ပြုပေးနိုင်တာ မရှိပါဘူး။

#voiceofmyanmar #VOM #SSPP #ဝမ်ကုန်း ရွာသား၃၀ကျော်ကိုSSPPပူးပေါင်းအဖွဲ့ ကဖမ်း

Related posts

Leave a Comment

VOM News

FREE
VIEW