မုံရွာမြို့ပေါ်မှာ ဗိုလ်မှူးတဦးရဲ့အဖေဖြစ်သူ သေနတ်နဲ့ ပစ်သတ်ခံရ

သြဂုတ် ၊ ၁ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ချမ်းမြသာစည်ရပ်ကွက် ၊ သာစည်လမ်း ၊ သာစည်မီးပွိုင့်နားမှာ ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်က ဗိုလ်မှူး ၁ ဦးရဲ့အဖေဖြစ်သူ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” သေဆုံးသူက ချမ်းမြသာစည်ရပ်ကွက်က ဦးသုခ ၅၇ နစ်ဖြစ်တယ် ၊ သူ ဆိုင်ကယ်စီးလာတဲ့အချိန် သူ့နောက်ကနေ သေနတ်သမား ၂ ယောက်က ဆိုင်ကယ်နဲ့ လိုက်လာပြီး သာစည်မီးပွိုင့်နားရောက်တော့ နောက်ကနေ ၄ ချက်ပစ်တယ် ၊ ဦးသုခ ဆိုင်ကယ်လဲသွားတဲ့အခါ သေနတ်သမား ၁ ယောက်က ဦးသုခ လည်ကို ဝင်လှီးသွားတာပါ ၊ သူ့သား တယောက်က ဗိုလ်မှူး ဖြစ်နေပြီ ၊ သူက ဗိုလ်မှူး အဖေဖြစ်တယ်”လို့ ချမ်းမြသာစည်ရပ်ကွက်နေ သေဆုံးသူရဲ့ မိတ်ဆွေတယောက်ကပြောပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာနယ်မြေရဲစခန်းက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက် မနက် ၅ နာရီဝန်းကျင်ကလည်း ၊ မုံရွာမြို့ ၊ နတ်လူထိပ္ပန်ရပ်ကွက် ၊ နယ်မြေ အမှတ် ၁ ၊ စေတီရာလမ်း ထိပ်မှာ အကြော်ရောင်းဖို့ ပြင်ဆင်နေတဲ့ အကြော်သည် မောင်နှမ ၂ ယောက်ကို အမည်မသိ သေနတ်သမား ၅ ယောက်က ဝိုင်းဝန်ပစ်ခတ်ရာ အကြော်သည် ဒေါ်အေးမြင့် အသက် ၄၃ နှစ်ဟာ ကျည်ဆံဖောက်ဝင် ဒဏ်ရာ ၉ ချက်ရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူ အကြော်သည် ဒေါ်အေးမြင့်ရဲ့ အစ်ကိုဖြစ်သူ ဦးညွှန့်မောင် ၆၈ နှစ်ဟာလည်း ကျည်ဆံထိမှန် ဒဏ်ရာရခဲ့တာကြောင့် မုံရွာ စစ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံ ပရဟိတ အဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်၂၉ ရက် နေ့လယ်ပိုင်းကလည်း မုံရွာမြို့ မုံရွာမြို့နယ် ၊ အလုံတပ်မြို့ ၊ အနောက်မြောက်တိုင် စစ်ဌာနချုပ် နမခ နားက ခဝဲကျင်းရွာမှာ ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်ရဲ့နေအိမ်ကို အမှတ် ၇၂၇ ထပရ တပ်က တပ်သား ထွန်းနိုင်ဝင်း အလည်ရောက်းနေချိန် အမည်မသိ ဆိုင်ကယ်စီး လူတစုရောက်ရှိလာပြီး သေနတ်နဲ့ ပစ်တဲ့အခါ ကျေးရွာအုပ်ချုပ်ရေးမှူး လင်မယား ၂ ယောက် အပါအဝင် ၊စစ်သား ၁ ယောက်ပါ သေဆုံးသွားတဲ့ဖြစ်စဉ် ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW