မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့အရေးယူမှုတွေပြုလုပ်ရေး တွန်းအားပေးဖို့ မလေးရှားစီစဉ်နေ

ဖနွမ်းပင်၊ သြဂုတ်-၁-၂၀၂၂
မျိုးဆက်(VOM)

ယခုသီတင်းပတ်အတွင်း အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့အစည်းအဝေးကျင်းပချိန်မှာ မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့အရေးယူမှုတွေလုပ်ရေး တွန်းအားပေးဖို့ မလေးရှားနိုင်ငံက စီစဉ်နေပါတယ်။

မကြာသေးမီအချိန်က အကျဉ်းသားလေးဦးကို အာဏာပိုင်တွေက ကွပ်မျက်လိုက်တဲ့အပေါ် မြန်မာနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့သံတမန်ရေးရာ အားထုတ်မှုတွေကို ဦးဆောင်နေတဲ့ အာဆီယံအဖွဲ့က အပြင်းအထန်ရှုတ်ချခဲ့ပါတယ်။

ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ တနှစ်ကျော်ကြာချိန်ထိ အထမမြောက်တဲ့အတွက် ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ မူဘောင်တရပ်ကို နိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အစည်းအဝေးမှာ မလေးရှားနိုင်ငံက တင်ပြသွားဖို့ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးတောင်းဆိုထားတဲ့ ပြီးခဲ့တဲ့နှစ်ဧပြီလက အာဆီယံဘုံသဘောတူညီချက်ကို မြန်မာဘက်က အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိတာကြောင့် အာဆီယံနိုင်ငံတွေက ဝေဖန်မှုတွေလည်းရှိနေပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး လွန်စွာစိုးရိမ်ပူပန်ကြောင်းနဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို အပြည့်အ၀အကောင်အထည်ဖော်ဖို့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေက အစည်းအဝေးမှာ တောင်းဆိုဖို့ရှိနေပါတယ်။

Ref: AFP
Photo: AFP
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW