မြန်အောင်မှာ တနေ့ကို ငွေ ၂ သိန်းပေးပြီး လောင်းကစားရုံဆောက်ကာ လောင်းကစားတွေလုပ်နေတယ်လို့သိရ

သြဂုတ် ၁-၂၀၂၂
မင်းမြတ်

ဧရာ၀တီတိုင်း၊မြန်အောင်မြို့နယ်ထဲက ငှက်ကြီးကွင်းကျေးရွာမှာ တနေ့ကို ငွေကျပ် ၂ သိန်းလိုင်း ကြေးပေးပြီး တရားမဝင်လောင်းကစားဝိုင်းတွေကို လောင်းကစားရုံဆောက်ပြီးတော့ ကျေးရွာတာဝန်ရှိသူတွေက ဦးဆောင်လုပ်နေကြတယ်လို့အမည်မဖော်လိုတဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

”ကိုယ်သိရလောက်တော့ မြို့နယ်ရဲစခန်းမှူးကို လောင်းကစားဝိုင်းတွေလုပ်ဖို့ခွင့်ပြုထားပေးဖို့ တနေ့ ငွေကျပ် ၂သိန်းပေးလုပ်ရတယ်၊ကျေးရွာရာအိမ်မှူးဆိုသူက အပိုင်နယ်မြေ နယ်ထိန်းကနေတဆင့်ပိုက်ဆံပေးပြီး လိုင်းကြေးပေးတော့ ဦးဆောင်လုပ်နေတာပါ၊ လောင်းကစားဝိုင်းတွေက ရွာမှာဇာတ်ရုံသဖွယ် လောင်းကစားရုံဆောက်ပြီးလုပ်နေတာတွေ့ရပါတယ်၊ဒီလို လောင်းကစားတွေပေါလာတော့ နဂိုက အလုပ်မရှိတဲ့သူတွေကလည်း လောင်းကစားဖက်ပါလာတယ်၊အလုပ်ရှိတဲ့ဒေသခံတွေကလည်း ရိုးရိုးသားသားလုပ်ကိုင်စားသောက်တာတွေကို စိတ်မပါတော့ဘဲ လွယ်လွယ်နဲ့ပိုက်ဆံရလွယ်လွယ်နဲ့ပြန်ကုန်တဲ့လောင်းကစားတွေကို စိတ်ပါလာပါတယ်။ကျောင်းသားလူငယ်တွေကအစ ကျောင်းဆင်းရင် လောင်းကစားဝိုင်းရောက်နေပါတယ်၊နောက်ပိုင်းကျ ရင် ကျောင်းမတက်ဘဲ လောင်းကစားတွေပဲ လုပ် တတ်လာတော့မယ်၊ဒေသမှာလည်း ခိုးဆိုးလုနှိုက်တွေ များလာပါတယ်၊ဒါတွေရဲ့ဇာတ်မြစ်ကဒီလောင်းကစားကြောင့်လို့ယူဆပါတယ်။”လို့ အဲ့ဒီကျေးရွာဒေသခံတဦးကပြောပါတယ်။

အဲ့ဒီဒေသမှာ ရာအိမ်မှူးက ဦးဆောင်ပြီး အပိုင်နယ်မြေရဲစခန်းက နယ်ထိန်းဖြစ်သူနဲ့ ပေါင်းပြီး နယ်ထိန်းကနေတဆင့် မြို့နယ်စခန်းမှူးကို တနေ့၂ သိန်းပေးပြီး ရွာရဲ့တောစပ်တစ်နေရာမှာ လောင်းကစားရုံဆောက်လုပ်ပြီးတော့ ဖဲဝိုင်း၊ဂျင်ဝိုင်း၊ ခြောက်ကောင်ဝိုင်း စတဲ့လာင်းကစားဝိုင်းတွေကို လုပ်နေတာလို့ သိရပါတယ်။

ဒါ့အပြင် ပေါ်ပေါ်တင်လုပ်လာတဲ့ လောင်းကစားဝိုင်း
တွေဆီကို လူငယ်လူရွယ်တွေကပါ စိတ်ပါလာလို့လူငယ်တွေ စည်းကမ်းပျက်လာပြီး ဘဝတွေပါပျက်တော့မယ့်အခြေအနေဖြစ်နေလို့ သက်ဆိုင်ရာနဲ့မိသားစုတာဝန်ရှိသူတွေက ပူးပေါင်းထိန်းကြောင်းစေချင်တယ်လို့လည်း ဒေသခံအချို့ကပြောပါတယ်။

”အဲ့ဒီလောင်းကစားဝိုင်းမှာ တော်တော်စည်စည်ကားကား လုပ်လာတာပါ၊လူငယ်တွေ စည်းကမ်းပျက်နေပါပြီ ဘဝတွေထပ်ပျက်တော့မှာမို့ သက်ဆိုင်ရာနဲ့ မိဘတွေကျေးရွာတာဝန်ရှိသူတွေက ထိန်းကြောင်းပေးစေချင်တယ်၊အဲ့ဒီ လောင်းကစားဝိုင်းရှိတဲ့နေရာမှာလည်း ပွဲဈေးအတိုင်း ဘာစားချင်လည်း ဘာသောက်ချင်လည်း အကုန်ရတာ တွေ့ရပါတယ်၊ တရားဝင်သဖွယ် တွင်တွင်ကျယ်ကျယ်လုပ်နေတာကို တွေ့ရတာပါ။”လို့အမည်မဖော်လိုတဲ့ဒေသခံတဦးက ကပြောပါတယ်။

အဲ့ဒီ လောင်းကစားဝိုင်းလုပ်တဲ့နေရာအနီးမှာ အရက်၊ဘီယာ မျိုးစုံနဲ့ငှက်ကြော်၊ကြက်ကြော်၊လက်ဖက်ရည်၊ထမင်းကြော်၊စီးကရက်နဲ့ လောင်းကစားပစ္စည်းတွေလည်း ရောင်းချနေတယ်လို့သိရပြီး လောင်းကစားဝိုင်းတွေမှာ တနေ့ကိုလောင်းကစားကြေးကလည်း သိန်း ရာနဲ့ချီပေါက်ကြေးရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

#voiceofmyanmar #VOM #မြန်အောင်

Related posts

Leave a Comment

VOM News

FREE
VIEW