ရန်ကုန်မှာ သုံးရက်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ငါးကြိမ်လုပ်ကြံခဲ့တာမှာ လေးဦးသေ နှစ်ဦးဒဏ်ရာရ

ရန်ကုန်၊သြဂုတ် ၄၊ ၂၀၂၂
KK(VOM)

ရန်ကုန်ကတွံတေး၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ ကွမ်းခြံကုန်းနဲ့ သာကေတမြို့နယ်တွေမှာ သုံးရက်တာအတွင်း ပစ်ခတ်မှုငါးကြိမ်ဖြစ်ခဲ့ရာ အုပ်ချုပ်ရေးမှုးအပါအဝင် လေးဦးသေဆုံးခဲ့ပြီး ရာအိမ်မှုးတစ်ဦးနဲ့ ဆယ်အိမ်မှူးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

တွံတေးမြို့နယ်နဲ့ တောင်ဒဂုံမြို့နယ်တို့မှာ သြဂုတ်လ ၁ ရက်နေ့က အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေရဲ့ပစ်ခတ်မှုကြောင့် တွံတေးမြို့နယ် ဘီခိုကျေးရွာက ရပ်မိရပ်ဖဦးသိန်းဝင်း သေဆုံးခဲ့ပြီး တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်မှာတော့ ရာအိမ်မှူး ဦးကျော်နိုင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မင်္ဂလာဒုံမြို့နယ်နဲ့ကွမ်းခြံကုန်းမြို့နယ်မှာ သြဂုတ်လ ၂ရက်က ပစ်ခတ်မှုဖြစ်ခဲ့ရာ ၊ရွှေနံသာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းနိူင်ထွန်းနဲ့ ဇနီးဒေါ်ဟေမာလွင် သေဆုံးခဲ့သ
လို ကွမ်းခြံကုန်းမြို့နယ် အောင်မင်္ဂလာကျေးရွာက ဆယ်အိမ်မှူးဦးမျိုးမင်းခိုင် လည်းသေဆုံးခဲ့ပါတယ်။

မနေ့ ဩဂုတ် ၃ရက် ညက သာကေတမြို့နယ်၊(၆) ရပ်ကွက်၊ ဝေဇယန္တာ ၁၅ လမ်းမှာ အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေ
ရဲ့ပစ်ခတ်မှုကြောင့် ဆယ်အိမ်မှူးညီညီလွင် ဆိုသူလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကလည်း ကျောက်တံတား၊သင်္ဃန်းကျွန်း၊ တောင်ဒဂုံနဲ့ မြောက်ဒဂုံမြို့နယ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရန်ကုန်တိုင်းမှာအုပ်ချုပ်ရေးမှူးတွေလုပ်ကြံမှု #တောင်ဒဂုံ

Related posts

Leave a Comment

VOM News

FREE
VIEW