မန္တလေး အိုးဘိုထောင်တွင်းမှာ ရုန်းရင်းဆန်ခတ်မှုဖြစ်

ဩဂုတ်-၉ -၂၀၂၂
Voice Of Myanmar (VOM)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းက အိုးဘိုထောင်မှာ ဒီကနေ့ ဩဂုတ်လ ၉ ရက် မနက်ပိုင်းက ထောင်တွင်းမှာ ရုန်းရင်းဆန်ခတ်မှု ဖြစ်ခဲ့ပါတယ်။

ဒီကနေ့မနက်ပိုင်းက အိုးဘိုထောင်ဗူးအတွင်းအဆောင်(၂)က အဆောင်မှူးရုံးခန်းကို အကျဉ်းသားတချို့က ဝိုင်းဝန်း တောင်းဆိုမှုလုပ်ရာက ထောင်အာဏာပိုင်တွေက လူစုခွဲခိုင်းတာမှာ လူစုမခွဲလို့ ရိုက်နှက်လူစုခွဲတာရှိတယ်လို့ သတင်းရရှိပါတယ်။

ထောင်နဲ့နီးစပ်တဲ့ ယုံကြည်ရတဲ့ ရင်းမြစ်ကို VOM က ဆက်သွယ်မေးကြည့်တော့

” မနေ့က ထောင်ဝင်စာပစ္စည်းတွေထုတ်တဲ့အချိန် နာမည်တူ အဖေမတူ အကျဉ်းသား ၂ ယောက် ပစ္စည်းထုပ်ချင်းမှားတယ်။ မှားမှန်းသိတဲ့ တယောက်က အဆောင်မှူးကိုတင်ပြတဲ့အခါ တခြားနာမည်တူတယောက်က ကော်ဖီမစ်နဲ့ မုန့်ထုပ်စားပြီးနေတယ်လို့သိရတယ်။ ဒါကိုစားမိတဲ့သူက ဒီနေ့အစားပြန်ပေးလို့ နှစ်ဦးလုံးကျေနပ်ပြီးကာမှာ ဘေးကအကျဉ်းသား တချို့က အဆောင်မှူးကို ကန့်ကွက်ရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်တော့ တချို့လူစုမခွဲလို့ ရိုက်ခံရတာရှိတယ် အပြင်းအထန်တော့ ဒဏ်ရာရတာမရှိဘူးလို့ သိရတယ်” လို့ ပြောပါတယ်။

ထောင်ဝင်စာ လူတွေ့ ခွင့်မပြုတာ နှစ်ချီနေတာကြောင့်လည်း ထောင်တွင်းအခြေအနေမှန် မျက်မြင်သက်သေရဖို့ ခဲယဉ်းတဲ့ ကာလဖြစ်ပါတယ်။ ထောင်အာဏာပိုင်တွေကို VOM က ဆက်သွယ်ပေမယ့် ဖုန်းကိုင်ဖြေဆိုခြင်းမရှိခဲ့ပါဘူး ။

ပြီးတဲ့အပတ်ကတော့ အကျဉ်းသားတချို့ကို တခြားထောင်တွေ ပြောင်းရွှေ့တာမှာ နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းချခံရသူတချို့ ပါသွားတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #အိိုးဘိုထောင်

Related posts

Leave a Comment

VOM News

FREE
VIEW