သင်္ဃန်းကျွန်းမြို့နယ် လဝကဦးစီးမှူးရုံးအတွင်း ပစ်ခတ်မှုဖြစ်ပြီး ဒုဦးစီးသေဆုံး တဦးဒဏ်ရာရရှိ

သြဂုတ် ၁၂၊၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြိုနယ် လဝကဦးစီးမှူးရုံးအတွင်းကို ဒီကနေ့ နေ့လယ်ပိုင်းက အမည်မသိအမျိုးသားနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ရာ တဦးဒဏ်ရာရရှိပြီး ဒု-ဦးစီးမှူးတဦး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သင်္ဃန်းကျွန်းမြိုနယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ဦးဘဟန်လမ်းရှိ မြို့နယ်လဝကရုံးအတွင်း ဦးစီးမှူးရုံးခန်းအတွင်းကို အမည်မသိအမျိုးသားနှစ်ဦးက သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဒုဦးစီးမှူးကိုပါ ပစ်ခတ်သွားတယ်လို့ လဝကနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ဦးစီးအရာရှိကို ပစ်ပြီးထွက်လာတဲ့အချိန် ဒုဦးစီးမှုးက ဝင်လုံးတော့ သေနတ်နဲ့သုံးချက်ပစ်သွားတာ ဆေးရုံပို့သေးတယ်၊ လမ်းမှာဆုံးသွားတာ”လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသူဟာ ဒုဦးစီးမှူးဦးကျော်မိုးဖြစ်ပြီး ဒဏ်ရာရရှိသူမှာ မြို့နယ်ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

လက်တလောမှာ စစ်တပ်နဲ့ရဲတွေက လဝကဦးစီးမှူးရုံးနဲ့ လေးထောင့်ကန်လမ်းမကြီးပေါ်မှာ လမ်းသွားလမ်းလာတွေကိုစစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းကလည်း အင်းစိန်၊ရွှေပြည်သာနဲ့ မြောက်ဒဂုံမြို့နယ်တို့မှာ ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး အရန်မီးသတ်တပ်ခွဲမှူးသေဆုံးခဲ့ပြီး ရာအိမ်မှူး၊ဆယ်အိမ်မှူးအပါအဝင် ၆ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ သြဂုတ် ၁ ရက်ကနေ ၁၂ ရက်နေ့အထိ ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၁၁ ဦးအထိရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးရှိလာပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW