စန္ဒာမုနိရင်ပြင်

ဆူးငှက် ကျောက်တော်ကြီးဘုရားဝင်း အရှေ့တောင်ထောင့် မန်ကျည်းပင်ကြီးအောက် အကြော်ဆိုင်ကထလာပြီး စန္ဒာမုနိဘုရားဝင်းထဲရာက်တော့ နေထန်းတစ်ဖျား ထိလုပြီ…။ အရှေ့ဘက် မင်္ဂလာကန်တော်အနီး ထနောင်းပင်များဆီက ချိုးကူသံ သဲ့သဲ့ကို ကြားရ၏။ စန္ဒာမုနိဘုရားအနောက်ဘက် သံတန်ဆောင်းလေးအတိုင်း ဘုရားကုန်းတော်ပေါ် တက်တော့ လူသူမရှိ…။ ဘုရားရင်ပြင်သည် တိတ်ဆိတ်ငြိမ်သက်လွန်းလှသည်။ နေခြည်သည် ကုန်းတော်ရှိ စိန်တောင်တွေကို ငွါးစွင့် ပွင့်လင်းနေစေသည်။သို့သော် အစွမ်းပြမပူသေး…။ ဆောင်းနှောင်း နှင်းကြွင်းကိုစရုံပဲရှိလို့ အနေတော်ပဲ ဖြစ်သည်။ အရုဏ်ခံဇရပ်ဆီမှ ဘုရားလူကြီးတစ်ဦးက ဘုရားပန်းအိုးများ လဲလှယ်ရန် ကုန်းတော်ဘက် ထွက်လာ၏။ ကျွန်တော်သည် အာရုံခံဇရပ်နှင့်စေတီတော်အကြား တစ်နေရာသို့ ဦးတည်လိုက်သည်။ ထိုနေရာသည် အလေးအမြတ်ထားဖွယ် နေရာဖြစ်၏။ ဦးညွှတ် အလေးပြုဖွယ်နေရာဖြစ်၏။အောက်မေ့တသ ဆင်ခြင်ဖွယ်နေရာဖြစ်၏။ ထို့အတူ ဂုဏ်ပြု ပူဇော်ဖွယ်နေရာလည်း ဖြစ်သည်။ ထိုနေရာတွင် ဝတ်ပြု ဆုတောင်း အမျှအတန်းပေးဝေပြီးနောက် ပြုလုပ်နေကျ ကိစ္စတစ်ခုအဖြစ် စန္ဒာမုနိ ရင်ပြင်တော်ပေါ်ရှိ အုတ်ကွက်တွေအကြားပေါက်ရာက်လျက်ရှိသော…

Read More

နောင်ချိုမြို့မှာ ပရဟိတသမား ၆ ဦးနဲ့ မြို့ခံ လူ ၁၄ ဦး ဖမ်းဆီးခံရ

  သြဂုတ် ၁၂-၂၀၂၂ SP (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့မှာရှိတဲ့ လူမှုကူညီရေး အသင်းက ပရဟိတသမား ၆ ဦးနဲ့ မြို့ခံ လူ ၁၄ ဦးကို မတရားအသင်းအဖွဲ့တွေကို ကူညီ ထောက်ပံ့တယ်ဆိုကာ သက်ဆိုင်ရာက ဖမ်းဆီးထားတယ်လို့ နောင်ချိုမြို့ခံတွေဆီက သိရပါတယ်။ ” ၇ ရက်နေ့ညနေ ၆ နာရီဝန်းကျင်မှာ စေတနာမွန် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ နဲ့ ဖြူစင်မေတ္တာ လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ၂ ဦးကို အရင်စဖမ်းတယ် ၊ နောက်နေ့ကျတော့ လူမှုကူညီရေး အသင်းသား ပရဟိတသမား ၄ ဦး ထပ်ဖမ်းခံရတယ် ၊ အဲ့ဒါနဲ့ တပြိုင်တည်း မြို့ခံ လူ ၁၄ ယောက်ကို PDFထောက်ပို့လုပ်တယ်လို့ စွပ်စွဲ​ပြီး ဖမ်းဆီးထားတယ် “လို့ နောင်ချိုဒေသရှိ…

Read More

သင်္ဃန်းကျွန်းမြို့နယ် လဝကဦးစီးမှူးရုံးအတွင်း ပစ်ခတ်မှုဖြစ်ပြီး ဒုဦးစီးသေဆုံး တဦးဒဏ်ရာရရှိ

သြဂုတ် ၁၂၊၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြိုနယ် လဝကဦးစီးမှူးရုံးအတွင်းကို ဒီကနေ့ နေ့လယ်ပိုင်းက အမည်မသိအမျိုးသားနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ရာ တဦးဒဏ်ရာရရှိပြီး ဒု-ဦးစီးမှူးတဦး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ သင်္ဃန်းကျွန်းမြိုနယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ဦးဘဟန်လမ်းရှိ မြို့နယ်လဝကရုံးအတွင်း ဦးစီးမှူးရုံးခန်းအတွင်းကို အမည်မသိအမျိုးသားနှစ်ဦးက သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဒုဦးစီးမှူးကိုပါ ပစ်ခတ်သွားတယ်လို့ လဝကနဲ့နီးစပ်သူတဦးက ပြောပါတယ်။ “ဦးစီးအရာရှိကို ပစ်ပြီးထွက်လာတဲ့အချိန် ဒုဦးစီးမှုးက ဝင်လုံးတော့ သေနတ်နဲ့သုံးချက်ပစ်သွားတာ ဆေးရုံပို့သေးတယ်၊ လမ်းမှာဆုံးသွားတာ”လို့ ပြောပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသူဟာ ဒုဦးစီးမှူးဦးကျော်မိုးဖြစ်ပြီး ဒဏ်ရာရရှိသူမှာ မြို့နယ်ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ လက်တလောမှာ စစ်တပ်နဲ့ရဲတွေက လဝကဦးစီးမှူးရုံးနဲ့ လေးထောင့်ကန်လမ်းမကြီးပေါ်မှာ လမ်းသွားလမ်းလာတွေကိုစစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ဒီကနေ့ မနက်ပိုင်းကလည်း အင်းစိန်၊ရွှေပြည်သာနဲ့ မြောက်ဒဂုံမြို့နယ်တို့မှာ ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး အရန်မီးသတ်တပ်ခွဲမှူးသေဆုံးခဲ့ပြီး ရာအိမ်မှူး၊ဆယ်အိမ်မှူးအပါအဝင် ၆ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။ ရန်ကုန်က မြို့နယ်အချို့မှာ သြဂုတ်…

Read More

သီရိလင်္ကာသမ္မတဟောင်း ရာဂျာပက်ဆာ ထိုင်းနိုင်ငံမှာ ယာယီခိုလှုံနေ ၊ နေထိုင်သမျှကာလအတွင်း ဟိုတယ်ကနေ အပြင်မထွက်ဖို့ တာ၀န်ရှိသူတွေ ညွှန်ကြားထား

ကိုလံဘို၊ သြဂုတ်-၁၂-၂၀၂၂ မျိုးဆက်(VOM) နိုင်ငံကနေ ထွက်ပြေးသွားတဲ့ သီရိလင်္ကာသမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်မှာရှိတဲ့ ဟိုတယ်တခုမှာ တည်းခိုနေထိုင်နေပြီး သူ့ရဲ့လုံခြုံရေးအရ အပြင်မထွက်ဖို့ ရဲတွေက အကြံပြု ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်တွေက သြဂုတ် ၁၂ ရက်မှာပြောပါတယ်။ သူဟာ အခြားသူသုံးဦးနဲ့အတူ စင်ကာပူနိုင်ငံကနေ စင်းလုံးငှားလေယာဉ်တစင်းနဲ့ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်နဲ့ ကပ်ရက်မှာရှိတဲ့ တပ်မတော်လေဆိပ်ကို သြဂုတ် ၁၁ ရက် ည ၈ နာရီမှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ သမ္မတဟောင်းနဲ့အဖွဲ့ဟာ ကနဦးမှာ ဖူးခက်မှာလေယာဉ်ဆင်းသက်ဖို့ စီစဉ်ခဲ့ပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ သတင်ပေါက်ကြားမှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေကြောင့် ဘန်ကောက်ရှိ စစ်တပ်လေဆိပ်ကို လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရပါတယ်။ လက်ရှိနေထိုင်တဲ့ ဟိုတယ်နေရာကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် သူ့ရဲ့လုံခြုံရေးအတွက် အထူးရဲတပ်ဖွဲ့က အရပ်၀တ်ရဲတွေကို ဖြန့်ကြက်ထားပြီး ထိုင်းနိုင်ငံမှာ နေထိုင်စဉ်ကာလအတွင်း အပြင်မသွားဘဲ ဟိုတယ်မှာပဲနေဖို့ တာ၀န်ရှိသူတွေက ညွှန်ကြားထားပါတယ်။ သီရိလင်္ကာနိုင်ငံမှာ…

Read More

ဗန်းမောက်မြို့မှာ ၃ နေရာ ပစ်ခတ်မှုတွေဖြစ်ပွားပြီး မြို့နယ်စီ/ခန့်အဖွဲ့၀င် ဗိုလ်မှူးတဦး သေဆုံး

သြဂုတ် ၊ ၁၂ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ဗန်းမောက်မြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းက ၃ နေရာခန့် ပစ်ခတ်မှုတွေဖြစ်ပွားပြီး မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့၀င် ဗိုလ်မှူးတဦး သေဆုံးခဲ့တယ်လို့ ဗန်းမောက်မြို့ခံတွေဆီက သိရပါတယ်။ အဲ့ဒီ ပစ်ခတ်တိုက်တာတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတယောက်က ” မြို့ထဲဝင်ပစ်တဲ့ အဖွဲ့က ပြောက်ကျား ဝတ်စုံတွေနဲ့ရော အရပ်ဝတ်တွေနဲ့ပါတယ် ၊ ထွေအုပ်ရုံးဘက်ကနေ ပေါက်ကွဲသံတခု အရင်စကြားတယ် ၊ နောက်မှ လက်နက်ငယ် ပစ်သံတွေ ကြားရတာပါ ၊ အဲ့ဒီ ပစ်ခတ်တာတွေကြောင့် မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ (မစဖ) ဗိုလ်မှူး ကျော်မင်းဟန် သေဆုံးသွားတယ် “လို့ ပြောပါတယ်။ ” မြို့နယ်ထွေအုပ်ရုံးနေရာ ၊ အောင်သာကုန်း တံတားနားနဲ့ ရဲစခန်းနားရယ် ၃ နေရာ ပစ်ခတ်တာတွေ ဖြစ်ပွားတာပါ…

Read More

ထိုင်၀မ်ကျွန်းအနီး ရေလက်ကြားအလယ်မျဉ်းကို တရုတ်စစ်လေယာဉ် ၁၁ စင်းဖြတ်ကျော်၀င်ရောက်

တိုင်ပေ၊ သြဂုတ်-၁၂-၂၀၂၂ မျိုးဆက်(VOM) တရုတ်စစ်လေယာဉ် ၁၁ စင်းဟာ ထိုင်၀မ်ရေလက်ကြားရှိ အလယ်မျဉ်းကို ဖြတ်ကျော်၀င်ရောက်ခဲ့ကြောင်း ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက သြဂုတ် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီအလယ်မျဉ်းဟာ ထိုင်၀မ်နဲ့ တရုတ်နိုင်ငံတို့အကြား မလိုလားအပ်တဲ့ စစ်ရေးထိပ်တိုက် တွေ့ဆုံမှုတွေကို တားဆီးဖို့ ပိုင်းခြားထားတဲ့ တရား၀င်မဟုတ်တဲ့ ကြားခံတခုဖြစ်ပါတယ်။ ထိုင်၀မ်ရေလက်ကြားအနီးတစ်ဝိုက်မှာ တရုတ်စစ်တပ်မှ လေယာဉ် ၂၁ စင်းနဲ့ စစ်ရေယာဉ် ခြောက်စင်းကို သြဂုတ် ၁၁ ရက်မှာ တွေ့ရှိခဲ့ပြီး စစ်လေယာဉ် ၁၁ စင်းဟာ အလယ်မျဉ်းရဲ့ အရှေ့ဘက်ခြမ်းမှာ ပျံသန်းခဲ့ကြောင်း ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထိုင်၀မ်ကျွန်းတစ်ဝိုက်မှာ အကြီးစားစစ်ရေးလေ့ကျင့်မှုပြီးဆုံးသွားကြောင်း တရုတ်နိုင်ငံက သြဂုတ် ၁၀ ရက်မှာ ကြေညာပြီးနောက် အလယ်မျဉ်းကို စစ်လေယာဉ်တွေဖြတ်ကျော်၀င်ရောက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ထိုင်၀မ်ခရီးစဉ်သွားရောက်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ကျွန်းအနီးမှာ တရုတ်ကအကြီးစားစစ်ရေးလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုဟာ…

Read More

ကမ္ဘာပေါ်မှာ မျောက်ကျောက်ရောဂါကူးစက်မှု အမေရိကန် အမြင့်ဆုံးဖြစ်နေ

ဝါရှင်တန်၊ သြဂုတ်-၁၂-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်မှာ မျောက်ကျောက်ရောဂါ ကူးစက်မှုဟာ သြဂုတ် ၁၁ ရက်ထိ ၁၀၇၆၈ ဦးထိမြင့်တက်လာကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနက ထုတ်ပြန်ထားပြီး ဒါဟာ ကမ္ဘာတစ်၀န်းမှာ လက်ရှိချိန်ထိ အမြင့်ဆုံးအရေအတွက်ဖြစ်ပါတယ်။ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေကို မေလမှာ အတည်ပြုခဲ့ပြီးနောက်ပိုင်း အမေရိကန်မှာ ရောဂါကူးစက်မှုတွေ တိုးပွားနေခဲ့ပြီး သြဂုတ် ၄ ရက်မှာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် အစိုးရက ကြေညာခဲ့ပါတယ်။ အဲဒီနောက် ကာကွယ်ဆေးထိုးနှံမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး အခြားနိုင်ငံတွေမှာ လက်ရှိချိန်ထိ ရောဂါကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ပေမယ့် အမေရိကန်မှာတော့ သေဆုံးမှုမရှိသေးပါဘူး။ ရောဂါကူးစက်မှုကို စစ်ဆေးမှုတိုးမြှင့်လုပ်ဆောင်နေတာကြောင့် နိုင်ငံတွင်းမှာ ရောဂါကူးစက်မှုတွေ့ရှိတဲ့နှုန်း သြဂုတ်အတွင်း မြင့်တက်မယ်လို့မျှော်လင့်ထားကြောင်း ကျန်းမာရေးအာဏာပိုင်တွေက သတိပေးထားပါတယ်။ မျောက်ကျောက်ရောဂါဟာ အမျိုးသားချင်းလိင်တူဆက်ဆံသူတွေမှာ အများဆုံးကူးစက်မှုဖြစ်ပွားပေမယ့် ကိုယ်၀န်ဆောင်နဲ့ မီးဖွားပြီးသူ အမျိုးသမီး ၅၀ ထက်မနည်းအပြင် ကလေးငယ်အချို့မှာပါ…

Read More

ကလေးဝ – မော်လိုက်လမ်းမှာ ၁ လအတွင်း တံတား ၃ စင်းကျိုးလို့၊ သွားလာလို့မရသေး

သြဂုတ် ၊ ၁၂ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ ကလေးဝ – မောလိုက် ကားလမ်းပေါ်က တံတားညီနောင် လို့ခေါ်တဲ့ တံတားဟာ မနေ့ သြဂုတ် ၁၁ ရက် ညနေ ၃ နာရီဝန်းကျင်က ကျိုးကျပျက်စီးသွားတဲ့အတွက် ယာဥ်တွေ သွားလာလို့ မရသေးဘူးလို့ ကုန်စည်ပို့ဆောင်ရေး ကားသမားတွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်းမှာ ကျိုးကျပျက်စီးသွားတာပါ ၊ ကျိုးကျရတဲ့အကြောင်းအရင်းကတော့ မိုးရွာတာများပြီး တံတားချည်းကပ်လမ်းတွေ မြေသားအိနေတဲ့အချိန် ဆီတင်ကားက ဖြတ်မောင်းတဲ့အခါ ချည်းကပ်လမ်းကနေ စပြီး ပြိုကျသွားတာပါ “လို့ ကားသမားတယောက်က ပြောပါတယ်။ မနေ့က ညနေပိုင်းမှာ မုံရွာကနေ ဟုမ္မလင်းမြို့နယ် နမ့်တောရွာဘက်ကို ပို့ဆောင်မယ့် စက်သုံးဆီ ပေပါတွေတင်ဆောင်လာတဲ့ ၁၂ ဘီးကား…

Read More

ရန်ကုန်က မြို့နယ်အချို့မှာ ပစ်ခတ်မှုနဲ့ပေါက်ကွဲမှုဖြစ်ပြီး အရန်မီးသတ်တပ်ခွဲမှူး အပါအဝင် ၇ဦးဒဏ်ရာရ

သြဂုတ် ၁၂၊၂၀၂၂ KK(VOM) ရန်ကုန်တိုင်း၊ အင်းစိန်၊ ရွှေပြည်သာမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်တို့မှာ ပစ်ခတ်မှုနဲ့ဗုံးပေါက်ကွဲမှုတွေကြောင့် အရန်မီးသတ်တပ်ခွဲမှူး အပါအဝင် ၇ဦးဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါမြို့နယ်တွေဆီက သိရပါတယ်။ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ စက်မှုဇုန် (၃) ၊မြတ်ဧရာလမ်းသွယ် (၂)က နေအိမ်မှာ ဒီကနေ့မနက်ပိုင်းက အရန်မီးသတ်တပ်ခွဲမှူးနဲ့သူငယ်ချင်းဖြစ်သူတို့ ကားပြင်နေစဥ် အမည်မသိသေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ ဒဏ်ရာရရှိသွားခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “ကားဘီးပေါက်လို့ ကားဘီးလဲနေတုန်း သေနတ်နဲ့လာပစ်သွားတာ နှစ်ယောက်စလုံးဒဏ်ရာရသွားတယ်၊ တပ်ခွဲမှူးကဒဏ်ရာပြင်းထန်တယ်၊ နောက်တစ်ယောက်က ပေါင်ကိုပဲထိတာ”လို့ ပြောပါတယ်။ ပစ်ခတ်ခံရသူဟာ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက် အရန်မီးသတ်တပ်ခွဲမှူး ကိုလှိုင်မင်းထွန်းဆိုသူနဲ့ ကိုခင်မောင်ငြိမ်းဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ အဲ့ဒီအရန်မီးသတ်တပ်ခွဲမှူးဟာ သေဆုံးသွားပြီဖြစ်တယ်လို့ မီးသတ်အသိုင်းအဝိုင်းရဲ့ လူမှုကွန်ရက်စာမျက်နှာအချို့မှာ ရေးသားထားတာကို တွေ့ရပေမယ့် VOMအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။ မနေ့ညကလည်း ရွှေပြည်သာမြို့နယ်၊ ၇ ရပ်ကွက်နဲ့ ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့လို့…

Read More

ဧရာဝတီတိုင်းမှာ ဆီဈေးတက်တာကြောင့် ငါးဖမ်သူနည်းလို့ ငါးပိငါးခြောက် ဈေးတက်လာနိုင်

ဩဂုတ် ၁၂-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းထဲက ဒေသခံတွေအသက်မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ်လုပ်ကိုင်တဲ့ ပင်လယိကျော့ပိုက်လုပ်ငန်းတွေမှာ အဓိကသုံးရတဲ့ စက်သုံးဆီဈေးအဆမတန် မြင့်တက်နေလို့ ကျော့ပိုက်လုပ်ငန်းတွေရပ်နားလိုက်လာရတယ်လို့ ကျော့ပိုက်လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။ “ကျော့ပိုက်ပိုင်ရှင်တယောက်မှာ ဒီလိုစက်သုံးဆီဈေးနှုန်း မြင့်တက်မှုတွေနဲ့ရင်ဆိုင်လာရရင် လုပ်ငန်းရဲ့ အကျိုးသက်ရောက်မှုက လုပ်သားတွေအပေါ်မှာ ပိုပြီး အကျိုးသက်ရောက်မှုဖြစ်လာပါတယ်၊ဒီကျော့ပိုက်လုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်စားသောက်နေကြတဲ့ ရေလုပ်သားတွေနဲ့ မိသားစုတွေဟာ စားဝတ်နေရေး အခက်အခဲတွေရှိလာပါတယ်၊လက်ရှိ စက်သုံးဆီဈေးနဲ့ ဘယ်လိုမျိုးရှေ့ဆက်ရင်ဆိုင်ရမလဲဆိုတာကို ချိန်ဆလုပ်ခဲ့ရတာပါ၊ရပ်တည်ရမလား၊ ရပ်ပစ်ရမလား၊ ရှေ့ဆက်လုပ်ရမလား၊ ရပ်ပစ်လိုက်ပြန်ရင်လည်း ကျွန်တော်တို့ကို မှီခိုပြီး စားသောက်နေတဲ့ အလုပ်သမားတွေရဲ့ စားဝတ်နေရေးက ကျွန်တော်တို့ ဒေသတစ်ခုထဲမှာကို ရာပေါင်းများစွာ၊ထောင်ပေါင်းများစွာ၊ မိသားစုသောင်းပေါင်းများစွာသောလူတွေ မှီခိုစားသောက်တာပါ၊ကျွန်တော်တို့ဒေသခံတွေက ၉၅ ရာခိုင်နှုန်းလောက်က ရေလုပ်ငန်းကိုမှီခိုပြီး စားသောက်တဲ့ အတွက်ကြောင့် ဒီလုပ်ငန်းတွေ ရပ်တန့်လိုက်တော့ကြီးမားတဲ့အန္တရာယ်တခုကြုံနေရပါတယ်၊မဖြစ်တဲ့အဆုံးမို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ရတာပါ”လို့ ဟိုင်းကြီးကျွန်းမြို့ကကျော့ပိုက်လုပ်ငန်းရှင်များအသင်းဝင်တဦးကပြောပါတယ်။ ဧရာဝတီတိုင်းထဲက ဟိုင်းကြီးကျွန်း၊ ငပုတော၊ ဘိုကလေး၊ လပွတ္တာ၊မော်လမြိုင်ကျွန်း၊ပြင်စလူ စတဲ့မြို့တွေက ပင်လယ်ကျော့ပိုက်လုပ်ငန်းရှင်တွေဟာ စက်သုံးဆီဈေးတွေအဆ မတန်မြင့်တက်လာလို့…

Read More
VOM News

FREE
VIEW