ထိုင်၀မ်ကျွန်းအနီး ရေလက်ကြားအလယ်မျဉ်းကို တရုတ်စစ်လေယာဉ် ၁၁ စင်းဖြတ်ကျော်၀င်ရောက်

တိုင်ပေ၊ သြဂုတ်-၁၂-၂၀၂၂
မျိုးဆက်(VOM)

တရုတ်စစ်လေယာဉ် ၁၁ စင်းဟာ ထိုင်၀မ်ရေလက်ကြားရှိ အလယ်မျဉ်းကို ဖြတ်ကျော်၀င်ရောက်ခဲ့ကြောင်း ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက သြဂုတ် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီအလယ်မျဉ်းဟာ ထိုင်၀မ်နဲ့ တရုတ်နိုင်ငံတို့အကြား မလိုလားအပ်တဲ့ စစ်ရေးထိပ်တိုက် တွေ့ဆုံမှုတွေကို တားဆီးဖို့ ပိုင်းခြားထားတဲ့ တရား၀င်မဟုတ်တဲ့ ကြားခံတခုဖြစ်ပါတယ်။

ထိုင်၀မ်ရေလက်ကြားအနီးတစ်ဝိုက်မှာ တရုတ်စစ်တပ်မှ လေယာဉ် ၂၁ စင်းနဲ့ စစ်ရေယာဉ် ခြောက်စင်းကို သြဂုတ် ၁၁ ရက်မှာ တွေ့ရှိခဲ့ပြီး စစ်လေယာဉ် ၁၁ စင်းဟာ အလယ်မျဉ်းရဲ့ အရှေ့ဘက်ခြမ်းမှာ ပျံသန်းခဲ့ကြောင်း ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်၀မ်ကျွန်းတစ်ဝိုက်မှာ အကြီးစားစစ်ရေးလေ့ကျင့်မှုပြီးဆုံးသွားကြောင်း တရုတ်နိုင်ငံက သြဂုတ် ၁၀ ရက်မှာ ကြေညာပြီးနောက် အလယ်မျဉ်းကို စစ်လေယာဉ်တွေဖြတ်ကျော်၀င်ရောက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ထိုင်၀မ်ခရီးစဉ်သွားရောက်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ကျွန်းအနီးမှာ တရုတ်ကအကြီးစားစစ်ရေးလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်မှုဟာ ထိုင်၀မ်အပေါ် ဖိအားတိုးမြှုင့်ဖို့ တရုတ်နိုင်ငံရဲ့ ရည်ရွယ်ချက်ကို ပြသနေခြင်းဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW