သြဂုတ် ၁၅-၂၀၂၂ Voice Of Myanmar(VOM) ပြီးခဲ့တဲ့ ဇူလိုင်လ (၂၈) ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ကျောက်မော်ကျေးရွာမီးရှို့ခံခဲ့ရမှုကြောင့် နေအိမ် (၈၃) လုံးသာရှိတဲ့အထဲက နေအိမ် (၅၅) လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျောက်မော်ကျေးရွာဟာ လယ်ပိုင်ယာပိုင်သူဌေးသူကြွယ် မရှိသလောက်ရှားပါးပြီး တနေ့လုပ်တနေ့စား ဆင်းရဲသားအများစုသာရှိတဲ့ရွာငယ်လေးတရွာဖြစ်သလို ရွာမှာစာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းတောင်မရှိတဲ့ရွာလေးတရွာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ မီးဘေးသင့်ပြည်သူတွေဟာ အိုးမဲ့အိမ်မဲ့ အလုပ်လက်မဲ့အခြေအနေတွေနဲ့ စားဝတ်နေရေးခက်ခဲကာ အနီးအနားကျေးရွာတွေနဲ့ မုံရွာမြို့ပေါ်ရပ်ကွက်တွေအထိလိုက်လံတောင်ရမ်းစားသောက်နေရတယ်လို့ သိကြပါတယ်၊ #voiceofmyanmar #VOM #ဆားလင်းကြီး Web Link – https://youtu.be/3lCutcVKQKg
Read MoreDay: August 14, 2022
ငွေစျေးနူန်း မတည်ငြိမ်တာကြောင့် မြဝတီနယ်စပ်က ငွေလဲဆိုင်တွေ ယာယီပိတ်ထားရ
သြဂုတ် ၊ ၁၄ ၊ ၂၀၂၂ SP (VOM) ကရင်ပြည်နယ် ၊ မြဝတီမြို့ ၊ မြန်မာ ထိုင်းနယ်စပ်မှာရှိတဲ့ ငွေလဲဆိုင်တွေဟာ ဒီကနေ့ ၊ နေ့လယ်ပိုင်းကစလို့ ငွေစျေးနူန်း မတည်ငြိမ်တာတွေကြောင့် ဆိုင်အများစု ယာယီပိတ်ထားကြတယ်လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” မနက် ၁၁ နာရီလောက်ထိ ဖွင့်ကြတယ် ၊ ၁၂ နာရီ ငွေလဲစျေးပြောင်းသွားတော့ ဆိုင်အများစုက ပိတ်ထားကြတာ ” လို့ နယ်စပ်ကုန်သည် တယောက်က ပြောပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်း မြဝတီ ငွေလဲစျေးကွက်မှာ ထိုင်းငွေ ၁ ဘတ်ကို မြန်မာကျပ်ငွေ ၈၀ ကျပ် စျေးနူန်းပေါက်နေပြီး မြန်မာငွေ ကျပ် ၁ သိန်းကို ထိုင်းဘတ်ငွေ ၁၂၄၀ ဘတ်ဖြစ်လာတဲ့အတွက် ငွေလဲဆိုင် အများစုက…
Read Moreဧရာဝတီတိုင်းမှာ စက်သုံးဆီပြတ်လပ်နေလို့ ဆီအရောင်းဆိုင် ၅၀နီးပါး အရောင်းရပ်ထားရ
သြဂုတ် ၁၄-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်းမှာ စက်သုံးဆီ ဒီဇယ်နဲ့ဓာတ်ဆီတွေ ပြတ်လပ်မှုကြောင့် ဆီဆိုင် ၄၇ ဆိုင် အရောင်းရပ်ဆိုင်းထားလိုက်ရပြီဖြစ်တယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ “ဝယ်လိုအားက အရမ်းများတယ် စက်သုံးဆီက လိုသလိုမရတဲ့အတွက် ရောင်းရတာ အဆင်မပြေတော့လို့ ပိတ်ထားတာပါ၊ပုသိမ်မှာ စက်သုံးဆီအရောင်းဆိုင် တော်တော်များများပိတ်ထားတာတွေ့ရပါတယ်၊လက်ရှိစက်သုံးဆီရောင်းရတဲ့အခြေအနေက အတော်ကိုအကျပ်ဆိုက်ပြီး ရောင်းတဲ့ဘက်ရော ဝယ်တဲ့ဘက်ရောဘယ်လိုမှ အဆင်မပြေတဲ့အခြေအနေရောက်နေလို့ ပိတ်လိုက်ရတာပါ၊ ကျွန်တော်တို့ဆိုင်နဲ့နည်းတူ မအူပင်ဘက်မှာ စက်သုံးဆီအရောင်းဆိုင် ၆ ဆိုင်လောက်ပိတ်လိုက်ရတယ်လို့ လုပ်ဖော်ကိုင်ဖက်တယောက်ကလှမ်းပြောလို့သိရတယ်”လို့ပုသိမ်မြို့ရှိ ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။ ဧရာဝတီတိုင်းထဲမှာ စက်သုံးဆီပြတ်လပ်လာလို့ လက်ရှိ ပိတ်လိုက်ရတဲ့ စက်သုံးဆီဆိုင်တွေဟာနာမည်ကြီး ဆီပန့်ဆိုင်အကြီးတွေဖြစ်တယ်လို့သိရပြီး မအူပင်မြို့က ၆ ဆိုင် ၊ ကျိုက်လတ်မြို့က ၅ ဆိုင်၊ ပုသိမ်မြို့က ၁၂ ဆိုင်၊ မော်လမြိုင်ကျွန်းမြို့က ၄ ဆိုင်၊မြောင်းမြမြို့က ၆ ဆိုင်၊ ဖျာပုံမြို့က ၆ ဆိုက်၊ ဟင်္သာတမြို့က…
Read Moreအာမိုစိုက်ပျိုးရေးကုမ္မဏီဝန်ထမ်း ၂ ဦး ပစ္စည်းတွေ လုယက်ခံရပြီး အသတ်ခံရ
သြဂုတ် ၊ ၁၄ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ စိုင်နိုင်လေးကျေးရွာနားမှာ မနေ့ သြဂုတ် ၁၃ ရက် ၊ နေ့လယ်ပိုင်းက အာမိုစိုက်ပျိုးရေး ဆေးနဲ့ ဆေးပစ္စည်း ကုမ္မဏီဝန်ထမ်း ၂ ဦး ပစ္စည်းနဲ့ ပိုက်ဆံတွေ လုယက်ခံရပြီး အသတ်ခံလိုက်ရတယ်လို့ ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။ ” မနေ့က နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ စိုက်ပျိုးရေး ဆေးနဲ့ ဆေးပစ္စည်းရောင်းတဲ့ အာမို စိုက်ပျိုးရေး ကုမ္မဏီဝန်ထမ်း ဦးငြိမ်းသူအောင်နဲ့ ဦးအောင်ဇော်မျိုး တို့ ၂ ဦး အသတ်ခံရတာပါ ၊ ရွှေဘို မန္တလေး ကားလမ်းဘေးမှာ အလောင်းတွေ့ရတယ် ၊ သူတို့ရဲ့ ဆိုင်ကယ်တွေ…
Read Moreတမူးမြို့က နယ်စပ်ကုန်သည်တဦး သိန်း ၈ ရာကျော်နဲ့ ရွှေ ၁၀ သား ဓားပြတိုက်ခံရ
သြဂုတ် ၊ ၁၄ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ တမူးမြို့၊ စန္ဒကူးရပ်ကွက် ၊ ဝင်းဝင်းရေခဲမုန့်လမ်းကြားမှာနေတဲ့ နယ်စပ်ကုန်သည်တဦးရဲ့အိမ်ဟာ မနေ့ သြဂုတ်လ ၁၃ ရက် ညပိုင်းက ဓားပြတိုက်ခံရတယ်လို့ နယ်စပ်ကုန်သည်အသိုင်းအဝိုင်းကနေ သိရပါတယ်။ ” ဓားပြတိုက်ခံရတဲ့အိမ်ရှင်က နယ်စပ်ကုန်သည် တဦးဖြစ်တယ် ၊ သူက ဂေါ်ရခါးလူမျိုးဖြစ်တယ် ၊ ညက ၈ နာရီထိုးပြီးတဲ့အချိန်မှာ သူ့အိမ်ထဲကို သေနတ်သမား ၅ ယောက်က ဝင်လာပြီး ဓားပြတိုက်သွားတာပါ ၊ ပိုက်ဆံ သိန်း ၈ ရာကျော်နဲ့ ရွှေ ၁၀ သား ပါသွားတယ် ” လို့ နယ်စပ်ကုန်သည်တယောက်က ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး တမူးမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ…
Read Moreဆယ်ဇင်းရွာက တိုက်ပွဲရှောင်တွေ စားသောက်ကုန်နဲ့ အဝတ်အထည် လိုအပ်နေ
သြဂုတ် ၊ ၁၄ ၊ ၂၀၂၂ SP( VOM) ကချင်းပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဆယ်ဇင်းကျေးရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးလာရတဲ့ တိုက်ပွဲရှောင် ၂ ထောင်နီးပါးဟာ လက်တလော အခြေခံစားသောက်ကုန်တွေနဲ့ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ဆယ်ဇင်းဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” ဆယ်ဇင်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ပြေးလာရတဲ့သူ လူဦးရေ ၂ ထောင်နီးပါးရှိတယ် ၊ နေရေးအဆင်ပြေမယ့် နေရာတွေမှာ ခိုလှုံနေကြတယ် ၊ စားရေးနဲ့ ဝတ်ရေး အဆင်မပြေတာကြောင့် အခက်တွေ့နေရတာပါ”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အခုလ ၅ ရက်နောက်ပိုင်းကစလို့ ဆယ်ဇင်းရွာဘက်မှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်းပြေးတိမ်းရှောင်လာရတာ ဖြစ်တယ် ။ အဲ့ဒီလို ထွက်ပြေးလာသူတွေဟာ နီးစပ်ရာ…
Read Moreဗြိတိန်မှာ မိုးခေါင်ရေရှားမှုဖြစ်ပွားနေတယ်လို့ တရား၀င်ကြေညာ
လန်ဒန်၊ သြဂုတ်-၁၃-၂၀၂၂ မျိုးဆက်(VOM) ဗြိတိန်နိုင်ငံတစ်၀န်းမှာ ရေရှားပါးပြတ်လပ်မှုနဲ့ ခြောက်သွေ့တဲ့ အခြေအနေတွေကြောင့် မိုးခေါင်ရေရှားမှုအဖြစ် သြဂုတ် ၁၂ ရက်မှာ တရား၀င်ကြေညာလိုက်ပါတယ်။ ဒီဗွန်၊ ကန့်၊ အရှေ့အန်ဂလီယာနဲ့ လင်ကွန်းရှိုင်းယားအပါအ၀င် အင်္ဂလန်ရဲ့ ဒေသရှစ်ခုမှာ မိုးခေါင်ရေရှားမှု အဆိုးရွားဆုံးဖြစ်ပွားနေပါတယ်။ မိုးခေါင်ရေရှားမှုအဖြစ် တရား၀င်ကြေညာလိုက်တာဟာ ရေအသုံးပြုမှုအပေါ် တင်းကြပ်တဲ့ ထ်ိန်းချုပ်မှုကို ဖြစ်ပေါ်စေမယ်လို့ မျှော်လင့်ရပြီး ရေပေးဝေတဲ့၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီငါးခုက တားမြစ်ချက်တွေကို ယခင်ကတည်းက ကြေညာထားခဲ့ပါတယ်။ မိုးခေါင်ရေရှားမှုဟာ သန်းနဲ့ချီတဲ့ ဗြိတိန်ပြည်သူတွေကို သက်ရောက်မယ်လို့ မျှော်လင့်ထားပေမယ့်လည်း ရေပေးဝေမှုကို ထိခိုက်မှာမဟုတ်ကြောင်း ဗြိတိန်သဘာ၀ပတ်၀န်းကျင် အေဂျင်စီက ပြောပါတယ်။ မိုးခေါင်ရေရှားမှုဟာ အချိန်အတော်ကြာ ဖြစ်ပေါ်နေဦးမှာဖြစ်ပြီး သီးနှံတွေစိုက်ပျိုးကြီးထွားမှုကို ထိခိုက်စေမှာဖြစ်ကာ လက်ရှိအပူလှိုင်းနဲ့ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ စံချိန်တင်ပူပြင်းမှုတို့ကြောင့် မြစ်ချောင်းတွေ၊ ရေလှောင်ကန်တွေမှာ ရေခမ်းခြောက်လာခဲ့ကြောင်း ဗြိတိန်တာ၀န်ရှိသူတွေကပြောပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar…
Read Moreရင်ပေါင်တိုင်ရွာနားမှာ ဖြစ်ခဲ့တဲ့ ထိတွေ့တိုက်ပွဲမှာ ဒေသခံအရပ်သား သေဆုံးတာတွေရှိခဲ့
သြဂုတ် ၊ ၁၃-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြိုနယ်နဲ့ ယင်မာပင်မြို့နယ် အစပ်က ရင်ပေါင်တိုင်ကျေးရွာနားမှာ အခုလ ၁၁ ရက်ကဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲမှာ အရပ်သားပြည်သူတချို့ လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့တာတွေရှိတယ်လို့ ရင်ပေါင်တိုင်ရွာခံတွေဆီ သိရပါတယ်။ ” ၁၁ ရက်နေ့က လေကြောင်း ပစ်ခတ်တာရော ၊ မြေပြင်ပစ်ခတ်တာရောဆိုတော့ အသက်လုပြီး ထွက်ပြေးရတယ် ၊ အဲ့ဒီပစ်ခတ်မှုတွေမှာ အရပ်သားရွာခံတွေ ထိမှန် သေဆုံးနေတာကို မနေ့ကမှ တွေ့ရတယ် ၊ လောလောဆယ် တွေ့ထားရတာက ၅ လောင်းဖြစ်တယ် “လို့ ရင်ပေါင်တိုင်ရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီ ရုပ်အလောင်းတွေနဲ့ပတ်သက်ပြီး ဒေသခံပရဟိတသမား တယောက်က ” မမိုးမိုး ၂၄ နှစ် ၊ ဒေါ်နွယ်နွယ် ၅၀ နှစ် ၊ ကိုဇော်ဝင်း ၄၅…
Read Moreမွန်တီနီဂရိုးမှာ သေနတ်သမားတဦးက သူ့မိသားစု၀င်သုံးဦးအပါအ၀င် လူ ၁၁ ဦးကိုပစ်သတ်
ပေါ့ဂိုရီကာ ၊ သြဂုတ်-၁၃-၂၀၂၂ မျိုးဆက်(VOM) မွန်တီနီဂရိုးနိုင်ငံ စီတင်ဂျီမြို့မှာ မိသားစုအငြင်းပွားမှုဖြစ်ပွားပြီးနောက် သြဂုတ် ၁၂ ရက်မှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း လူ ၁၁ ဦးသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက သြဂုတ် ၁၂ ရက်မှာ ပြောပါတယ်။ အဲဒီပစ်ခတ်မှုကို သေနတ်သမားတယောက်တည်းက ကျူးလွန်ခဲ့တာဖြစ်ပြီး သူ့ရဲ့မိသားစု၀င်သုံးဦးကို ပစ်သတ်ခြင်းမပြုမီ လမ်းသွားလမ်းလာတွေကို ပစ်ခတ်ခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ပစ်ခတ်မှုကြောင့် သေနတ်သမားရဲ့ နေအိမ်မှာနေထိုင်နေတဲ့ သားသည်မိခင်တဦးနဲ့ ကလေးနှစ်ဦး သေဆုံးခဲ့ကြောင်း အစိုးရရှေ့နေဖြစ်သူ အန်ဒရီဂျာနာနာစတစ်က သတင်းထောက်တွေကို ပြောပါတယ်။ အသက် ၃၄ နှစ်အရွယ် အဲဒီသေနတ်သမားဟာ နောက်ဆုံးမှာတော့ အရပ်သားတဦးရဲ့ ပစ်သတ်မှုကြောင့် သူ့ရဲ့ပစ်ခတ်တိုက်ခိုက်မှု အဆုံးသတ်သွားစေခဲ့ပါတယ်။ ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူခုနှစ်ဦးကို ဆေးရုံကို ပို့ထားပါတယ်။ ဒီလိုရက်စက်ကြမ်းကြုပ်တဲ့လုပ်ရပ်ကို ကျူးလွန်ဖို့ ဘယ်အရာက လှုံ့ဆော်ခဲ့တယ်ဆိုတာကို ရှင်းလင်းစွာမသိရသေးကြောင်း အစိုးရရှေ့နေ အန်ဒရီဂျာနာနာစတစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။…
Read More