ပဋိပက္ခအခြေအနေတွေကြောင့် အလုပ်လက်မဲ့ဖြစ်နေရတဲ့ ဆားလင်းကြီး ကျောက်မော်ရွာဒေသခံတွေရဲ့ ကြမ်းတမ်းတဲ့ ဘဝအထွေထွေ

သြဂုတ် ၁၅-၂၀၂၂
Voice Of Myanmar(VOM)

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၈) ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ကျောက်မော်ကျေးရွာမီးရှို့ခံခဲ့ရမှုကြောင့် နေအိမ် (၈၃) လုံးသာရှိတဲ့အထဲက နေအိမ် (၅၅) လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျောက်မော်ကျေးရွာဟာ လယ်ပိုင်ယာပိုင်သူဌေးသူကြွယ် မရှိသလောက်ရှားပါးပြီး တနေ့လုပ်တနေ့စား ဆင်းရဲသားအများစုသာရှိတဲ့ရွာငယ်လေးတရွာဖြစ်သလို ရွာမှာစာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းတောင်မရှိတဲ့ရွာလေးတရွာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ မီးဘေးသင့်ပြည်သူတွေဟာ အိုးမဲ့အိမ်မဲ့ အလုပ်လက်မဲ့အခြေအနေတွေနဲ့ စားဝတ်နေရေးခက်ခဲကာ အနီးအနားကျေးရွာတွေနဲ့ မုံရွာမြို့ပေါ်ရပ်ကွက်တွေအထိလိုက်လံတောင်ရမ်းစားသောက်နေရတယ်လို့ သိကြပါတယ်၊

#voiceofmyanmar #VOM #ဆားလင်းကြီး

Web Link – https://youtu.be/3lCutcVKQKg

Related posts

Leave a Comment

VOM News

FREE
VIEW