ဗြိတိန်မှာ မိုးခေါင်ရေရှားမှုဖြစ်ပွားနေတယ်လို့ တရား၀င်ကြေညာ

လန်ဒန်၊ သြဂုတ်-၁၃-၂၀၂၂
မျိုးဆက်(VOM)

ဗြိတိန်နိုင်ငံတစ်၀န်းမှာ ရေရှားပါးပြတ်လပ်မှုနဲ့ ခြောက်သွေ့တဲ့ အခြေအနေတွေကြောင့် မိုးခေါင်ရေရှားမှုအဖြစ် သြဂုတ် ၁၂ ရက်မှာ တရား၀င်ကြေညာလိုက်ပါတယ်။

ဒီဗွန်၊ ကန့်၊ အရှေ့အန်ဂလီယာနဲ့ လင်ကွန်းရှိုင်းယားအပါအ၀င် အင်္ဂလန်ရဲ့ ဒေသရှစ်ခုမှာ မိုးခေါင်ရေရှားမှု အဆိုးရွားဆုံးဖြစ်ပွားနေပါတယ်။

မိုးခေါင်ရေရှားမှုအဖြစ် တရား၀င်ကြေညာလိုက်တာဟာ ရေအသုံးပြုမှုအပေါ် တင်းကြပ်တဲ့ ထ်ိန်းချုပ်မှုကို ဖြစ်ပေါ်စေမယ်လို့ မျှော်လင့်ရပြီး ရေပေးဝေတဲ့၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီငါးခုက တားမြစ်ချက်တွေကို ယခင်ကတည်းက ကြေညာထားခဲ့ပါတယ်။

မိုးခေါင်ရေရှားမှုဟာ သန်းနဲ့ချီတဲ့ ဗြိတိန်ပြည်သူတွေကို သက်ရောက်မယ်လို့ မျှော်လင့်ထားပေမယ့်လည်း ရေပေးဝေမှုကို ထိခိုက်မှာမဟုတ်ကြောင်း ဗြိတိန်သဘာ၀ပတ်၀န်းကျင် အေဂျင်စီက ပြောပါတယ်။

မိုးခေါင်ရေရှားမှုဟာ အချိန်အတော်ကြာ ဖြစ်ပေါ်နေဦးမှာဖြစ်ပြီး သီးနှံတွေစိုက်ပျိုးကြီးထွားမှုကို ထိခိုက်စေမှာဖြစ်ကာ လက်ရှိအပူလှိုင်းနဲ့ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ စံချိန်တင်ပူပြင်းမှုတို့ကြောင့် မြစ်ချောင်းတွေ၊ ရေလှောင်ကန်တွေမှာ ရေခမ်းခြောက်လာခဲ့ကြောင်း ဗြိတိန်တာ၀န်ရှိသူတွေကပြောပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW