မွန်တီနီဂရိုးမှာ သေနတ်သမားတဦးက သူ့မိသားစု၀င်သုံးဦးအပါအ၀င် လူ ၁၁ ဦးကိုပစ်သတ်

ပေါ့ဂိုရီကာ ၊ သြဂုတ်-၁၃-၂၀၂၂
မျိုးဆက်(VOM)

မွန်တီနီဂရိုးနိုင်ငံ စီတင်ဂျီမြို့မှာ မိသားစုအငြင်းပွားမှုဖြစ်ပွားပြီးနောက် သြဂုတ် ၁၂ ရက်မှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း လူ ၁၁ ဦးသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက သြဂုတ် ၁၂ ရက်မှာ ပြောပါတယ်။

အဲဒီပစ်ခတ်မှုကို သေနတ်သမားတယောက်တည်းက ကျူးလွန်ခဲ့တာဖြစ်ပြီး သူ့ရဲ့မိသားစု၀င်သုံးဦးကို ပစ်သတ်ခြင်းမပြုမီ လမ်းသွားလမ်းလာတွေကို ပစ်ခတ်ခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် သေနတ်သမားရဲ့ နေအိမ်မှာနေထိုင်နေတဲ့ သားသည်မိခင်တဦးနဲ့ ကလေးနှစ်ဦး သေဆုံးခဲ့ကြောင်း အစိုးရရှေ့နေဖြစ်သူ အန်ဒရီဂျာနာနာစတစ်က သတင်းထောက်တွေကို ပြောပါတယ်။

အသက် ၃၄ နှစ်အရွယ် အဲဒီသေနတ်သမားဟာ နောက်ဆုံးမှာတော့ အရပ်သားတဦးရဲ့ ပစ်သတ်မှုကြောင့် သူ့ရဲ့ပစ်ခတ်တိုက်ခိုက်မှု အဆုံးသတ်သွားစေခဲ့ပါတယ်။ ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူခုနှစ်ဦးကို ဆေးရုံကို ပို့ထားပါတယ်။

ဒီလိုရက်စက်ကြမ်းကြုပ်တဲ့လုပ်ရပ်ကို ကျူးလွန်ဖို့ ဘယ်အရာက လှုံ့ဆော်ခဲ့တယ်ဆိုတာကို ရှင်းလင်းစွာမသိရသေးကြောင်း အစိုးရရှေ့နေ အန်ဒရီဂျာနာနာစတစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ပေါ့ဂိုရီကာ

Related posts

Leave a Comment

VOM News

FREE
VIEW