ငွေစျေးနူန်း မတည်ငြိမ်တာကြောင့် မြဝတီနယ်စပ်က ငွေလဲဆိုင်တွေ ယာယီပိတ်ထားရ

သြဂုတ် ၊ ၁၄ ၊ ၂၀၂၂
SP (VOM)

ကရင်ပြည်နယ် ၊ မြဝတီမြို့ ၊ မြန်မာ ထိုင်းနယ်စပ်မှာရှိတဲ့ ငွေလဲဆိုင်တွေဟာ ဒီကနေ့ ၊ နေ့လယ်ပိုင်းကစလို့ ငွေစျေးနူန်း မတည်ငြိမ်တာတွေကြောင့် ဆိုင်အများစု ယာယီပိတ်ထားကြတယ်လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” မနက် ၁၁ နာရီလောက်ထိ ဖွင့်ကြတယ် ၊ ၁၂ နာရီ ငွေလဲစျေးပြောင်းသွားတော့ ဆိုင်အများစုက ပိတ်ထားကြတာ ” လို့ နယ်စပ်ကုန်သည် တယောက်က ပြောပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်း မြဝတီ ငွေလဲစျေးကွက်မှာ ထိုင်းငွေ ၁ ဘတ်ကို မြန်မာကျပ်ငွေ ၈၀ ကျပ် စျေးနူန်းပေါက်နေပြီး မြန်မာငွေ ကျပ် ၁ သိန်းကို ထိုင်းဘတ်ငွေ ၁၂၄၀ ဘတ်ဖြစ်လာတဲ့အတွက် ငွေလဲဆိုင် အများစုက ယာယီပိတ်ထားကြတာဖြစ်တယ်လို့ ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

မြဝတီနယ်စပ် ငွေလဲစျေးကွက်မှာ မြန်မာကျပ်ငွေစျေးနူန်း ဆက်တိုက်ကျဆင်းလာတဲ့အတွက် ပို့ကုန်တွေရပ်ဆိုင်းသွားပြီး သွင်းကုန်စျေးနူန်းဟာလည်း ၂ ဆမက မြင့်တက်နေတာကြောင့် နယ်စပ်ကုန်သည်တွေအနေနဲ့ အခက်တွေ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်ပစ္စည်းအမျိုးမျိုး ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ စားသောက်ကုန်စည်တွေ ဝင်ရောက်မှုဟာ ဒီကနေ့အဖို့ တုန့်ဆိုင်းသွားတယ်လို့ နယ်စပ်စျေးကွက်ကနေ သိရပါတယ်။

#voiceofmyanmar #VOM #မြ၀တီ

Related posts

Leave a Comment

VOM News

FREE
VIEW