ဆိုမာလီရှိ ဟိုတယ်ကို စစ်သွေးကြွတွေ နာရီ ၃၀ ကြာစီးနှင်းတိုက်ခိုက်မှု လူ ၁၂ ဦးသေဆုံး

မိုဂါဒစ်ရှူး၊ သြဂုတ်-၂၁-၂၀၂၂
မျိုးဆက်(VOM)

ဆိုမာလီယာနိုင်ငံ မြို့တော်မိုဂါဒစ်ရှူးမှာရှိတဲ့ ဟိုတယ်တခုကို အယ်လ်ရှာဘတ်စစ်သွေးကြွတွေက နာရီ ၃၀ ကြာ စီးနှင်းထားမှုကို ခြေမှုန်းနိုင်ခဲ့ပြီလို့ ဆိုမာလီယာစစ်တပ်က ပြောပါတယ်။

အဲဒီစီးနှင်းတိုက်ခိုက်မှုအတွင်း လူ ၁၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြထားပါတယ်။

စစ်သွေးကြွတွေဟာ ဟိုတယ်ထဲကို ဖောက်ခွဲရေးပစ္စည်းတွေ ဖောက်ခွဲပြီး သောကြာနေ့ကတည်းက ၀င်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဟိုတယ်လာဧည့်သည်တွေနဲ့ ၀န်ထမ်းတွေကို ဓါးစာခံအဖြစ် ဖမ်းဆီးထားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့ကြောင်း အယ်လ်ခိုင်ဒါနဲ့ ဆက်နွယ်နေတဲ့ အယ်လ်ရှာဘတ်စစ်သွေး ကြွအဖွဲ့က ထုတ်ပြန်ထားပါတယ်။အဲဒီဟိုတယ်ဟာ ဆိုမာလီအစိုးရတာ၀န်ရှိသူတွေ လာရောက်လေ့ရှိတဲ့ ဟိုတယ်ဖြစ်ပါတယ်။

စစ်သွေးကြွတွေ ဟိုတယ်ကိုစီးနှင်းထားတာကို အဆုံးသတ်နိုင်ခဲ့ပြီး သေနတ်သမားတွေအားလုံးလည်း သေဆုံးသွားတယ်လို့ အမည်မဖော်လိုတဲ့ တာ၀န်ရှိသူတဦးက အေအက်ဖ်ပီကို ပြောပါတယ်။

သောကြာနဲ့ စနေနေ့ နှစ်ရက်စလုံး စစ်သွေးကြွတွေကိုခြေမှုန်းနိုင်ဖို့အတွက် ဆိုမာလီစစ်တပ်ဟာ လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်ခဲ့ရတာကြောင့် ဟိုတယ်ကတော့ အတော်လေးပျက်စီးခဲ့ပါတယ်။

Ref; BBC
Photo:Getty Image
#voiceofmyanmar #VOM #မိုဂါဒစ်ရှူး

Related posts

Leave a Comment

VOM News

FREE
VIEW