ဂန့်ဂေါမြို့နယ် မြောက်ပိုင်းက မောက်ရွာ မီးရှို့ဖျက်ဆီးခံရပြီး လူ ၂ ဦးသေဆုံး

သြဂုတ် ၊ ၂၉ ၊ ၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း မြစ်သာမြစ်ဘေးက မောက်ရွာ နဲ့ လက်ပံရွာဟာ မနေ့ သြဂုတ် ၂၈ က မီးရှို့ဖျက်ဆီးခံရပြီး လူသေဆုံးတာတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မြစ်သာမြစ် အနောက်ဘက်ကမ်းက မောက်ရွာမှာက လူနေအိမ်နဲ့ အဆောက်အဦး ၂၀ ၊ နှမ်း တင်ရေ ၃ ထောင်ကျော် မီးလောင်ပျက်စီးတယ် ၊ အဲ့ဒီအပြင် မောက်ရွာရဲ့ တဖက်ကမ်းက လက်ပံရွာမှာလည်း လူနေအိမ် ၈ လုံး မီးရှို့ဖျက်ဆီးခံရတယ် ၊ မြစ်သာမြစ်ကူးတံတားပေါ်မှာ အသတ်ခံရလို့ မောက်ရွာသား ၂ ဦးလည်း သေဆုံးနေတာကို တွေ့ရတယ် ၊ မောက်ရွာနားမှာလည်း နှမ်းကား ၂ စီး မီးရှို့ဖျက်ဆီးခံရတယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အခုလ ၂၅ ရက်နေ့ နောက်ပိုင်းကစလို့ မနေ့ကအထိ ဂန့်ဂေါ-ကလေးကားလမ်းဘေးက ထယ်လှော်ရွာဘက်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်တာကြောင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ထယ်လှော် ၊ ကျွန်းတက် ၊ တောင်ယာပြင် ၊ မောက် ၊ လက််ပံ ၊ သာကောင်း ၊ စတဲ့ရွာတွေက ဒေသခံ ၁ ထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၈ လတာ ကာလအတွင်းမှာ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနဲ့ ကလေးမြို့နယ်တောင်ပိုင်းကြားက မြောက်ခရမ်း ၊ မြင်သား ၊ နှမ်းခါး ၊ ရဲလှ ၊ ထယ်လှော် ၊ မောက် ၊ ကျွန်းတက် ၊ လက်ပံ ၊ စတဲ့ ကျေးရွာပေါင်း ၁၈ ရွာမှာ လူနေအိမ်နဲ့ အဆောက်ဦး ၁ ထောင်နီးပါး မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံတွေဟာ ရွာမှာမနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဂန့်ဂေါ

Related posts

Leave a Comment

VOM News

FREE
VIEW