ပင်လုံမြို့နယ်ထဲက ဝမ်ကုန်း ရွာသား ၃၀ ကျော်ကို SSPP ပူးပေါင်းအဖွဲ့ က ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီးသွား

သြဂုတ် ၊ ၁ ၊ ၂၀၂၂ SP(VOM) ရှမ်းပြည်နယ် ၊ ပင်လုံမြို့နယ် ၊ နောင်လိုင်ကျေးရွာအုပ်စု ၊ ဝမ်ကုန်းကျေးရွာက ဒေသခံ ရွာသား ၃၁ ယောက်ကို SSPP အဖွဲ့က ဒီကနေ့ ဩဂုတ်လတရက် မနက် ၅ နာရီဝန်းကျင်က ရွာထဲဝင်ပြီး ဖမ်းသွားတယ်လို့ ပင်လုံမြို့ဘက်ကို ထွက်ပြေးလွတ်မြောက်လာတဲ့ သူတွေဆီက သိရပါတယ်။ ” ဒီကနေ့ မနက် မိုးလင်းတာနဲ့ SSPP ပူးပေါင်း အဖွဲ့က ရွာထဲဝင်လာပြီး လူတွေကိုဖမ်းတယ် ၊ ကျနော်တို့လည် ခါးဝတ် ခါးစားနဲ့ ထွက်ပြေးလာရတာ ၊ အခုဆို ရွာမှာ လူမရှိတော့ဘူး ၊ ဘေးလွတ်ရာကို အားလုံး ထွက်ပြေးကြပြီ ” လို့ ပင်လုံမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဝမ်ကုန်းရွာခံ တယောက်က ပြောပါတယ်။ ဒါ့အပြင်…

Read More

အဏုမြူဗုံးထုတ်လုပ်ဖို့ နည်းပညာရှိထားကြောင်း အီရန်ပြော

တီဟီရန်၊ သြဂုတ်-၁-၂၀၂၂ မျိုးဆက်(VOM) အီရန်အနေဖြင့် အဏုမြူဗုံးထုတ်လုပ်ဖို့ နည်းပညာပိုင်းဆိုင်ရာ စွမ်းရည်ရှိပေမယ့် ဒီလိုလုပ်ဖို့ ရည်ရွယ်ချက်မရှိကြောင်း အီရန်အဏုမြူစွမ်းအင်အေဂျင်စီအကြီးအကဲ Mohammad Eslami က သြဂုတ် ၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အီရန်အဏုမြူစွမ်းအင်အေဂျင်စီအကြီးအကဲရဲ့ ပြောဆိုမှုဟာ အီရန်အနေနဲ့ နျူကလီးယားလက်နက်အပေါ် စိတ်၀င်စားမှုရှိတယ်ဆိုတဲ့သဘောကို ပြသတဲ့ ရှားရှားပါးပါးပြောဆိုမှုလည်းဖြစ်ပြီး ဒီကိစ္စကိုတော့ အီရန်က ကာလအတန်ကြာ ငြင်းဆိုထားပါတယ်။ အီရန်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယားစာချုပ်ပါ ကန့်သတ်ချက်ဖြစ်တဲ့ ယူရေနီယံသန့်စင်မှုအဆင့် ၃ ဒသမ ၆ ရာခိုင်နှုန်းထက်ကျော်လွန်ကာ ၆၀ ရာခိုင်နှုန်းထိ သန့်စင်နေပါတယ်။ ယူရေနီယံသန့်စင်မှု ၉၀ ရာခိုင်နှုန်းရှိရင်တော့ အဏုမြူဗုံး ထုတ်လုပ်နိုင်တဲ့ အဆင့်ဖြစ်ပါတယ်။ အီရန်ဟာ နျူကလီးယားသဘောတူစာချုပ်ပါ ကန့်သတ်ချက်တွေကို ချိုးဖောက်တယ်ဆိုပြီး အမေရိကန်သမ္မတဟာ ၂၀၁၈ ခုနှစ်မှာ စာချုပ်ကနေနှုတ်ထွက်ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ခဲ့ပါတယ်။ အဲဒီစာချုပ်ပြန်လည်သက်၀င်ရေးနဲ့ပတ်သက်ပြီး…

Read More

မုံရွာမြို့ပေါ်မှာ ဗိုလ်မှူးတဦးရဲ့အဖေဖြစ်သူ သေနတ်နဲ့ ပစ်သတ်ခံရ

သြဂုတ် ၊ ၁ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ချမ်းမြသာစည်ရပ်ကွက် ၊ သာစည်လမ်း ၊ သာစည်မီးပွိုင့်နားမှာ ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်က ဗိုလ်မှူး ၁ ဦးရဲ့အဖေဖြစ်သူ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” သေဆုံးသူက ချမ်းမြသာစည်ရပ်ကွက်က ဦးသုခ ၅၇ နစ်ဖြစ်တယ် ၊ သူ ဆိုင်ကယ်စီးလာတဲ့အချိန် သူ့နောက်ကနေ သေနတ်သမား ၂ ယောက်က ဆိုင်ကယ်နဲ့ လိုက်လာပြီး သာစည်မီးပွိုင့်နားရောက်တော့ နောက်ကနေ ၄ ချက်ပစ်တယ် ၊ ဦးသုခ ဆိုင်ကယ်လဲသွားတဲ့အခါ သေနတ်သမား ၁ ယောက်က ဦးသုခ လည်ကို ဝင်လှီးသွားတာပါ ၊ သူ့သား တယောက်က ဗိုလ်မှူး ဖြစ်နေပြီ…

Read More

မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့အရေးယူမှုတွေပြုလုပ်ရေး တွန်းအားပေးဖို့ မလေးရှားစီစဉ်နေ

ဖနွမ်းပင်၊ သြဂုတ်-၁-၂၀၂၂ မျိုးဆက်(VOM) ယခုသီတင်းပတ်အတွင်း အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့အစည်းအဝေးကျင်းပချိန်မှာ မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့အရေးယူမှုတွေလုပ်ရေး တွန်းအားပေးဖို့ မလေးရှားနိုင်ငံက စီစဉ်နေပါတယ်။ မကြာသေးမီအချိန်က အကျဉ်းသားလေးဦးကို အာဏာပိုင်တွေက ကွပ်မျက်လိုက်တဲ့အပေါ် မြန်မာနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့သံတမန်ရေးရာ အားထုတ်မှုတွေကို ဦးဆောင်နေတဲ့ အာဆီယံအဖွဲ့က အပြင်းအထန်ရှုတ်ချခဲ့ပါတယ်။ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရာမှာ တနှစ်ကျော်ကြာချိန်ထိ အထမမြောက်တဲ့အတွက် ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ မူဘောင်တရပ်ကို နိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အစည်းအဝေးမှာ မလေးရှားနိုင်ငံက တင်ပြသွားဖို့ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးတောင်းဆိုထားတဲ့ ပြီးခဲ့တဲ့နှစ်ဧပြီလက အာဆီယံဘုံသဘောတူညီချက်ကို မြန်မာဘက်က အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိတာကြောင့် အာဆီယံနိုင်ငံတွေက ဝေဖန်မှုတွေလည်းရှိနေပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး လွန်စွာစိုးရိမ်ပူပန်ကြောင်းနဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို အပြည့်အ၀အကောင်အထည်ဖော်ဖို့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေက အစည်းအဝေးမှာ တောင်းဆိုဖို့ရှိနေပါတယ်။ Ref: AFP Photo: AFP #voiceofmyanmar #VOM #ဖနွမ်းပင်

Read More

မူဆယ်မှာ ဗုံးပေါက်လို့ ရဲနဲ့ပြည်သူ့စစ်အပါအ၀င် ၃ ဦး ထိခိုက် ဒဏ်ရာရ

ဩဂုတ် ၁၊ ၂၀၂၂ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ နာရီစင် အနီးက မီးပွိုင့်နားမှာ ဒီနေ့ သြဂုတ် ၁ ရက်နေ့ မနက် ၁၁ ခွဲ ဝန်းကျင်က ဗုံးပေါက်ကွဲလို့ မော်တော်ပီကယ် ၁ ဦး၊ ပြည်သူ့စစ် ၁ ဦး နဲ့ အရပ်သား ၁ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့​တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “၁၁ နာရီ ၁၀ မိနစ်မှာ ဖြစ်သွားတာ။ ယာဉ်ထိန်းလည်း ထိသွားတယ်။ တော်တော်ပြင်းတယ်၊ ဘယ်အဖွဲ့ နဲ့ ဖြစ်တာလဲတော့ မသိဘူး၊ အသေအပျောက်မရှိပါဘူး။ ခြေတွေ လက်တွေထိတာ။ ပြည်သူ့စစ်၊ မော်တော်ပီကယ် နဲ့ အရပ်သား ၁ ယောက်ထိတယ်” လူမှုကူညီရေးအသင်း နဲ့ နီးစပ်သူ ၁ ဦးက ပြောပါတယ်။…

Read More

အမေရိကန်အောက်လွှတ်တော်ဥက္ကဌရဲ့ အာရှလေးနိုင်ငံခရီးစဉ်စတင် ၊ ထိုင်၀မ်ကိုသွားရင် ဆိုးကျိုးရင်ဆိုင်ရမယ်လို့ တရုတ်သတိပေး

၀ါရှင်တန်၊ သြဂုတ်-၁-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုဆီဟာ စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနဲ့ ဂျပန်ခရီးစဉ် စတင်နေပြီဖြစ်ကြောင်း သူ့ရဲ့ရုံးက ဇူလိုင် ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒါပေမယ့် ထိုင်၀မ်ကို သွားရောက်နိုင်ခြေနဲ့ပတ်သက်ပြီးတော့ ထုတ်ပြန်ခြင်းတော့မရှိပါဘူး။ သူနဲ့ ခြောက်ဦးပါ ကွန်ဂရက်ကိုယ်စားလှယ်အဖွဲ့ဟာ ဒေသတွင်းရှိ မဟာမိတ်တွေအတွက် အမေရိကန်ရဲ့ မပြောင်းလဲတဲ့ ကတိက၀တ်တွေကို ထပ်မံအတည်ပြုဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း နန်စီပလိုဆီကပြောပါတယ်။ သူဟာ ထိုင်၀မ်ကိုသွားရောက်နိုင်ခြေရှိကြောင်း ထင်ကြေးပေးမှုတွေလည်းရှိနေပြီး သွားရောက်ခဲ့ပါက ပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ တရုတ်နိုင်ငံက သတိပေးထားပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်တာကာလအတွင်း အမေရိကန်မှာ ရွေးကောက်တင်မြှောက်ခံရတဲ့ ထိပ်တန်းတာ၀န်ရှိ တဦးတယောက်မှ ထိုင်၀မ်ကို သွားရောက်ခဲ့တာမရှိပါဘူး။ တရုတ်နိုင်ငံဟာ ထိုင်၀မ်ကို ပိုင်ဆိုင်ကြောင်းအခိုင်အမာပြောဆိုထားပြီး ပြည်မကြီးနဲ့ပြန်လည် ပေါင်းစည်းဖို့အတွက် လိုအပ်ရင် စစ်ရေးအင်အားသုံးစွဲနိုင်ခြေကို ထုတ်ဖော်ပြောဆိုထားပါတယ်။ အမေရိကန်နဲ့ တိုင်ပေတို့အကြား သံတမန်ဆက်ဆံရေးတိုးမြင့်လာတယ်လို့ တရုတ်ကရှုမြင်ထားပြီး…

Read More

ခင်ဦးနယ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ သက်ကြီးရွယ်အို ၁ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

သြဂုတ် ၁-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ အင်းပတ်ကျေးရွာမှာ မနေ့ ဇူလိုင် ၃၁ ရက် မနက်ပိုင်းက ရွာထဲက လူနေအိမ်တွေပေါ်ကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတဲ့အတွက် လူ ၁ ဦးသေ ၊ ၂ ဦး ဒဏ်ရာရခဲ့တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ ရွာကလူတွေ အကုန်ထွက်ပြေးတိမ်းရှောင်ကြတယ် ၊ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေပဲ ရွာမှာကျန်ခဲ့တာ ၊ အဲ့ဒီအချိန် ရွာထဲကို လက်နက်ကြီးကျည်တွေကျပြီး ပေါက်ကွဲတာကြောင့် သေဆုံး ၊ ဒဏ်ရာရတွေ ဖြစ်တာ”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီလို လက်နက်ကြီးကျည်တွေ ရွာထဲက လူနေအိမ်တွေပေါ် ကျရောက်…

Read More

ရန်ကုန်က မြို့နယ်တချို့မှာ လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲ လုပ်သူ ဆယ်ဦးနဲ့အထက်ဖမ်းဆီးခံရ

ရန်ကုန်၊သြဂုတ် ၁၊၂၀၂၂ KK(VOM) ရန်ကုန်က မြို့နယ်အချို့မှာ လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲပါဝင်သူ ဆယ်ဦးနဲ့အထက် ဖမ်းဆီးခံခဲ့ရတယ်လို့ သက်ဆိုင်တဲ့မြို့နယ်တွေဆီက သိရပါတယ်။ ကမာရွတ်၊ ပုဇွန်တောင်၊ လှိုင်မြို့နယ်နဲ့ ဗဟန်းမြို့နယ်တွေမှာ မနေ့ဇူလိုင်၃၁ရက်မနက်ပိုင်းကနေ ညအထိ ဖမ်းဆီးခံရသူဆယ်ဦးနဲ့အ ထက်ရှိတယ်လို့ ဖမ်းဆီးခံရတဲ့မြို့နယ်တွေဆီက သိရပါတယ်။ ဗဟန်းမြို့နယ် ဆရာစံနောက်‌မြောက်ရပ်ကွက်မှာ မနေ့ည၁၂ နာရီလောက်က မော်လမြိုင်လမ်းထဲမှာ အိမ်စီးကားတစီးနဲ့ အရပ်ဝတ်များဝတ်ဆင်ထားသူတွေက လူငယ်တ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ လှိုင်မြို့နယ် ၇ ရပ်ကွက်က လမ်းအချို့မှာလည်း စစ်တပ်နဲ့ရဲတွေက မနေ့ညခြောက်နာရီကျော်က စစ်ကားသုံးစီးနဲ့လာရောက်ကာ လူငယ်ရှစ်ဦးခန့်ကို ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “စစ်ကားတွေဝင်လာပြီး ဖုန်းတွေစစ်တယ် ခေါင်းပေါ်လက်တင်ထားပြီး ထိုင်ခိုင်းထားတယ် ကျောင်းကုန်း ၃ လမ်းနဲ့သံလမ်းဘက်မှာ အနိမ့်ဆုံးရှစ်ဦး အဖမ်းခံရတယ်”လို့ပြောပါတယ်။ ဒီလိုဖမ်းဆီးတာတွေအပြင် လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲမှာ ပါဝင်ကာ ကားဟွန်းကိုအချိန် ကြာမြင့်စွာတီးခဲ့တဲ့ ပုဇွန်တောင်မြို့နယ်…

Read More

ကန့်ဘလူမြို့နယ် ဘူးကုန်းရွာမှာ လူအုပ်နဲ့ လုယက် သတ်ဖြတ်မှုတွေဖြစ်နေ

သြဂူတ် ၊ ၁ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း​ ၊ ကန့်ဘလူမြို့နယ်​ တောင်ခြမ်း မလယ်​လမ်းဆုံအနီး ​ရွှေဘို–မြစ်ကြီးနား ဗျူဟာလမ်းအ​ရှေ့ဘက် ၁ မိုင်ခန့်အကွာမှာရှိတဲ့ ဘူးကုန်း​ကျေးရွာမှာ ဇူလိုင် ၃၀ ရက်က လူအုပ်ကြီးနဲ့ နေအိမ်တွေထဲကိုဝင်ပြီး လူသတ်လုယက်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဘူးကုန်းရွာခံတွေဆီက သိရပါတယ်။ ” လူသတ်ပြီး ပစ္စည်းတွေ လုယူခံရတာက ၁ အိမ် ၊ အိမ်ရှင်ကို ရိုက်နှက်ပြီး ပစ္စည်းလုယူခံရတဲ့ အိမ်က ၄ အိမ်ဖြစ်တယ် ၊ လုတဲ့သူတွေက အယောက် ၅၀ လောက်ရှိတယ် ” လို့ ဒေသခံတယောက်က ပြောပါတယ်။ ဘူးကုန်းရွာက အိမ်တွေကို ဝင်လုခံရတာနဲ့ ပတ်သက်ပြီး ဒေသခံနောက်တယောက်က ” ညနေ ၃ နာရီဝန်းကျင်မှာ ရွာထဲကို မျက်နှာဖုံးစွပ်ထားတဲ့ လူ…

Read More

ရေဦးခရိုင်ထဲမှာ လူသတ်မှုပေါင်း ၁ ရာကျော်နဲ့ ၊ သေဆုံးသူ ၃ ရာနီးပါရှိနေပြီ

သြဂုတ် ၊ ၁ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင်ထဲက ရေဦး ၊ တန့်ဆည် ၊ ဒီပဲယင်း စတဲ့ မြို့နယ် ၃ ခုမှာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ၊ ဇူလိုင်ကနေ ဒီနှစ် ဇူလိုင်လ အထိ ၁ နှစ်တာကာလအတွင်း လက်သည်မပေါ်တဲ့ လူသတ်မှု ၁ ရာကျော်နဲ့ သေဆုံးသူ ၃ ရာနီးပါအထိရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ သေဆုံးသူတွေကတော့ ပညာရေးဝန်ထမ်းတွေ ၊ ကုန်သည်ပွဲစားတွေ ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ ရဲဝန်ထမ်း မိသားစုတွေ ၊ ပြည်ခိုင်ဖြိုး ပါတီဝင်တွေ ၊ အုပ်ချုပ်ရေးမှူးဟောင်းတွေ ၊ တခြားနယ်က လာတဲ့ ဧည့်သည်တွေ ပါဝင်တယ်လို့ သိရပါတယ်။ ” အသတ်ခံရလို့ သေဆုံးသူတွေထဲမှာ…

Read More
VOM News

FREE
VIEW