YBS 94ယာဥ် ခိုးယူမောင်းပြေးချိန် ယာဥ်တိုက်မှုဖြစ်ပြီး ၁၂နှစ်အရွယ်ကလေး အပါအ၀င် ၂ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

သြဂုတ် ၂၊၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၂ ရပ်ကွက် ၊ရွှေပြည်သာကွေ့အနီးက CNG ဆိုင်မှာ ဂတ်စ်ထည့်ဖို့စောင့်နေတဲ့ YBS 94 ခရီးသည်တင်ယာဥ်တစ်စီးကို ဒီကနေ့မနက်ပိုင်းက အမျိုးသားတဦးက ခိုးယူမောင်းပြေးခဲ့ရာ ယာဥ်တိုက်မှုဖြစ်ပြီး ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။ ရွှေပြည်သာကွေ့အနီးက CNG ဆိုင်က ခိုးယူမောင်းပြေးခဲ့တဲ့ YBS 94 ခရီးသည်တင်ယာဥ်ဟာ ဒညင်းကုန်းလမ်းဆုံမီးပွိုင့်နဲ့ ဖော့ကန်မီးပွိုင့်မှာ နှစ်ကြိမ်တိုက်ခဲ့လို့ ကလေးငယ် တဦးနဲ့စိတ်ဝေဒနာရှင် တဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကြယ်စင်မေတ္တာအသင်းက တာဝန်ရှိသူတဦးက VOM ကိုပြောပါတယ်။ “ဒညင်းကုန်းလမ်းဆုံမှာက ၁၂ အရွယ်ကလေးတစ်ဦးသေတယ်၊ ဂျပန်လမ်းမှတ်တိုင်က အမျိုးသမီးတဦးသေတယ်၊ DadeBody ကို ကနောင်နာကူအသင်းက လာသယ်သွားတယ်၊ ကျွန်မတို့က လူနာတွေကို အင်းစိန်ဆေးရုံကိုပို့တာ”လို့ သူကရှင်းပြပါတယ်။ ဒဏ်ရာရရှိသူဟာ အမျိုးသားတဦးနဲ့အမျိုးသမီးနှစ်ဦးဖြစ်ပြီး အမျိုးသမီးတဦးကတော့ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့…

Read More

တွံတေးနဲ့တောင်ဒဂုံမြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပြီး တဦးသေဆုံး၊ တဦး ဒဏ်ရာရ

သြဂုတ် ၂၊၂၀၂၂ KK(VOM) ရန်ကုန်တိုင်း တွံတေးမြို့နဲ့တောင်ဒဂုံမြို့နယ်တို့မှာ မနေ့ သြဂုတ်၁ရက် ညပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့ရာ တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့တယ်လို့ ပစ်ခတ်မှုဖြစ်ရာ မြို့နယ်တွေဆီက သိရပါတယ်။ တွံတေးမြို့နယ်၊ ဘီခိုကျေးရွာမှာ မနေ့ညကိုးနာရီက အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့လို့ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသိန်းဝင်း သေဆုံးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “ညဘက် သေနတ်သံတွေအဆက်မပြတ်ကြားရတာ ကရင်ချောင်းဘက်မှာ၊ စစ်တပ်ရောက်လာမှသိတာ ဦးသိန်းဝင်းကို လာပစ်သွားတယ်ဆိုတာ၊ ရွာကတော့ ဒလန်ဆိုပြီးလာပစ်တယ် ပြောတာပဲ”လို့ သူက ပြောပါတယ်။ သေဆုံးသူဟာ ဘီခိုကျေးရွာနေ ဦးသိန်းဝင်းဆိုသူဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာ​၆ချက်နဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက အတည်ပြုပြောဆိုပါတယ်။ အလားတူ တောင်ဒဂုံမြို့နယ်၊ ၂၅ ရပ်ကွက်မှာလည်း မနေ့ ညနေပိုင်းက ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပါသေးတယ်။ အုပ်ချုပ်ရေးမှူးရုံးဖွင့်ဖို့သွားတဲ့ ရာအိမ်မှူးဖြစ်သူ ဦးကျော်နိူင်ကို အမည်မသိသူတွေက ဆိုင်ကယ်နဲ့လိုက်လံပစ်ခတ်ခဲ့လို့ ကျည်ထိမှန်ဒဏ်ရာတစ်ချက်ရရှိကာ ဆေးရုံတင်ထားရတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ ရန်ကုန်က…

Read More

လေဆိပ်နဲ့ နယ်စပ်ကဝင်ရောက်မယ့် ခရီးသည်တွေ ၄၈ နာရီအတွင်း ပိုးမရှိကြောင်းလက်မှတ် ပြသဖို့လိုအပ်လာ

သြဂုတ် ၃-၂၀၂၂ GG(VOM) နယ်စပ်ဂိတ်နဲ့ လေဆိပ်ကနေ ဝင်ရောက်လာမယ့် မြန်မာနိုင်ငံသားအပါအဝင် ပြည်ပခရီးသွားဧည့်သည်အားလုံး ကိုဗစ်ကာကွယ်ဆေးလက်မှတ်အပြင် တဖက်နိုင်ငံမှာ ကိုဗစ်ပိုးမရှိကြောင်း RDT စစ်​​ဆေးထားတဲ့ ဆေးစစ်လက်မှတ် ပြသနိုင်ဖို့လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက စည်းကမ်းချက်အသစ် ထပ်မံထုတ်ပြန်လိုက်ပါတယ်။ တဖက်နိုင်ငံမှာ ၄၈ နာရီအတွင်း RDT စစ်ဆေးထားတဲ့ ကိုဗစ်မရှိကြောင်း ဆေးစစ်ချက်ပြသနိုင်သူတွေကို မြန်မာနိုင်ငံထဲဝင်ရောက်ချိန်မှာလည်း ကိုဗစ်ပိုး ရှိ၊မရှိ ထပ်မံစစ်ဆေးမှာဖြစ်ကြောင်း ၊စစ်ဆေးချိန် ရောဂါပိုးမရှိမှသာ ခရီးဆက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ် ၁၉ မျိုးရိုးဗီဇပြောင်း BA4 ၊ BA5 တွေ ဖြစ်ပွားမှု မြင့်တက်နေတာကြောင့် မြန်မာနိုင်ငံတွင်းကို ကူးစက်ဝင်ရောက်လာမှုမရှိအောင် ကြိုတင်ကာကွယ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “အရင်က ကာကွယ်ဆေးထိုးပြီးသူတွေဆို ဟိုဘက်ကနေ စစ်လာစရာမလိုဘူး၊ဒီဘက်ရောက်မှ စစ်တာပေါ့။ဟိုဘက်မှာ စစ်လာမယ် Negative ဖြစ်လာမယ်၊ကျနော်တို့ဆီမှာထပ်စစ်မယ် negative ဖြစ်ရင်သွားလိုရာ သွားလို့ရပြီပေါ့။ပိုးတွေ့ခဲ့ရင်တော့ ပိုးတွေ့တဲ့နည်းလမ်းနဲ့ဆောင်ရွက်ရမှာပေါ့။ဟိုဘက်မှာစစ်ပြီးမှဝင်လာတော့…

Read More

တောအလယ်..၊ မောတယ်…

ဆူးငှက် ကျွန်တော်နေထိုင်သော မန္တလေးအောင်ပင်လယ် ကန်ပေါင်ရိုးအနီး လယ်တောအိမ်ကလေး၏ အရှေ့ဖက်ခြမ်းမှာက ခြံဝင်းကွက်များနှင့်အတူ သရက်ကုန်းဘုန်းတော်ကြီးကျောင်းဝင်းနှင့် အောင်ပင်လယ်တောတွေ ရှိသည်။တောင်ဘက်မှာက ခပ်စိပ်စိပ် လူနေအိမ်ဝင်းများ…။ မြောက်ဘက်မှာ သပြေခြံတွေ၊ သစ်ခွခြံတွေ ရှိသည်။ အနောက်ဘက်မှာက ဧကကွက် အကျယ်အဝန်းရှိသည့် အဆင့်မြင့်အိမ်ရာများဆောက်လက်စ ခြံကြီးတစ်ခြံ ရှိသည်။ လွန်ခဲ့သောနှစ်၂၀ကျော် သည်နေရာလေးသို့ ကျွန်တော်တို့ရောက်စအချိန်တွင် အိမ်ကလေး၏ အရှေ့ဘက်မှာ၊တောင်ဘက်မှာတွေက အခုလို ဝင်းတွေခြံတွေ မရှိသေး။ ပိတ်စွယ်ရိုင်းပင်တွေ တောထနေသည့် ကွင်းပြင်ကြီးပဲဖြစ်သည်။ အိမ့်တောင်ဘက်ခေါင်းရင်းမှာလည်း ရေအိုင်တစ်အိုင် ရှိသည်။ ကြည်လင်သော ရေမှာ ကြာပန်းတွေလည်း ပွင့်နေ၏။ ညနေစောင်းလျှင်ဖြင့် အနောက်ဘက် ရေကန်ကြီးတွေရှိသည့် ခြံကြီးထဲသို့ ဗျိုင်းအုပ်တွေ အိပ်တန်းလာတက်သည်။ ညနေမှာ အုပ်လိုက် အိပ်တန်းတက်ကြသည်။ အဲလို ခြံကြီးတွေထဲမှာသာ မဟုတ်။ခေါင်းရင်းက ရေအိုင်ကလေးမှာလည်း ရေကြက်တစ်အုပ် ရေသောက် ဆင်းကြ၊ ရေချိုးကြသည်။ ထိုနေရာလေးမှာ မနက်လင်းလျှင် နေ့စဉ်မပြတ်…

Read More

စစ်ကိုင်းမြို့နယ် ထွေ/အုပ်ရုံးနဲ့ စည်ပင်ရုံး ဗုံးခွဲခံရ ၊ ကား ၂ စီး မီးလောင်ပျက်စီး

သြဂုတ် ၂-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ၊ ပိုးတန်းရပ်ကွက်မှာရှိတဲ့ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနဲ့ မြို့နယ်စည်ပင်သာယာရုံးကို မနေ့ သြဂုတ် ၁ ရက် နေ့လယ်ပိုင်းက မိုင်းခွဲခံရတာတွေ ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။ ” ထွေ / အုပ်ရုံးထဲမှာ ပေါက်ကွဲတာပါ ၊ ကားဆင်ဝင်မှာရှိတဲ့ ကား ၂ စီး မီးလောင်ပျက်စီးသွားတယ် ၊ အဲ့ဒီအပြင် စည်ပင်ရုံးဘက်လည်း တိုက်ခိုက်ခံရတာဖြစ်သေးတယ် “လို့ ပိုးတန်းရပ်ကွက်နေ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဖြစ်တာက နေ့လယ်ပိုင်း ၂ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာမောင်စိုး ရုံးခန်းနဲ့ ကပ်လျက်က ကားဂိုဒေါင်မှာ ဖြစ်တာပါ…

Read More

ဒေါ်လာစျေးကြောင့် ဆေးအမျိုးအစားအားလုံး စျေးတက်သွာလို့ ပြည်သူတွေ အခက်အခဲဖြစ်နေ

သြဂုတ် ၂-၂၀၂၂ VOM (GG) ဆေးဝါးပစ္စည်းတွေထဲမှာ အရင်က ၂၀၀၀ ကျပ်သာရှိတဲ့ ဆေးကဒ်တကဒ်ကို အခု ၂၈၀၀ ကျပ် အထိ စျေးနူန်းမြင့်တက်သွားတယ်လို့ သုံးစွဲသူတွေဆီကသိရပါတယ်။ ဒေါ်လာစျေး စံချိန်တင်မြင့်တက်မှုတွေဖြစ်ပြီး ဒေါ်လာစျေးကွက်ပျက်ကာ ရောင်းဝယ်ရခက်တာတွေ၊ ဗဟိုဘဏ်ရဲ့ ဒေါ်လာစျေးကန့်သတ်ထိန်းချုပ်မှုတွေကြောင့် ဆေးဝါးတင်သွင်းရာမှာခက်ခဲလာလို့ ဆေးဝါးစျေးတွေ မြင့်တက်လာရခြင်းဖြစ်သလို တချို့ဆေးဝါးပစ္စည်းတွေဆိုရင် ပြတ်လတ်မှုရှိနေတယ်လို့ ဆေးဝါးပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချသူတွေကနေ သိရပါတယ်။ ” ဒေါ်လာကို ကိုယ့်အစီအစဥ်နဲ့ ကိုယ့်ဘာသာရှာပြီး ငွေချေရင် တင်သွင်းခွင့်လိုင်စင်ထုတ်ပေးမယ် စီးပွားကူးသန်းကကြေညာတယ်။နောက်တော့ နစက ဘက်ကပြောပြန်တယ် လွယ်လွယ်ထုတ်မပေးဘူးဆိုပြီး။ အခု ဒေါ်လာက အပြင်ပေါက်စျေးနဲ့ဝယ်ပြီး ငွေချေရမယ်ဆိုရင် စျေးကတက်မှာပဲလေ။ ဝယ်စျေးကမြင့်တော့ လျှော့ရောင်းဖို့က မဖြစ်နိုင်ဘူး။ ဒီတော့ မလိုအပ်ဘဲ မဝယ်ကြပါနဲ့။စုဆောင်းတာတွေ၊အတင်းလုဝယ်တာတွေမလုပ်ကြပါနဲ့ “လို့ ဆေးဝါးတင်သွင်းဖြန့်ဖြူးတဲ့လုပ်ငန်းရှင်တဦးက ပြောပါတယ်။ လက်ရှိ ဆေးလက်လီလက်ကားအရောင်းဆိုင်ကြီး တွေမှာတော့ ဆေးဝယ်သူတွေက အလုအယက်ဝယ်ယူနေတာမျိုးတွေ့နေရပြီး ဆေးပစ္စည်းတွေကလည်း ၂၀၀၀…

Read More

ရွှေဘိုပေါ်ဆန်း အပါအ၀င် ဆန် ၄ မျိုးကို ပြင်ပပေါက်စျေးထက်လျှော့ချပြီး ရောင်းပေးမယ်

သြဂုတ် ၂-၂၀၂၂ VOM (GG) ရန်ကုန်မြို့ ၊လမ်းမတော်မြို့နယ် ၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)တည်ရှိရာ ၊ ဝါးတန်းဆိပ်ကမ်းနယ်မြေမှာ ဆန် အမျိုးအစား ၄ မျိုးကို တစ်အိတ် အနည်းဆုံး ၃၅၀၀၀ ကနေ အမြင့်ဆုံး ပေါ်ဆန်းမွှေးကို ၇၇၀၀၀ ကျပ် နဲ့ သြဂုတ် ၃ ရက်နေ့ကစပြီး ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။ ရောင်းချပေးမယ့် ဆန်တွေကတော့ ရွှေဘိုပေါ်ဆန်း ၇၅၀၀၀ ကနေ ၇၇၀၀၀ ၊ ကျားပျံက ၅၅၀၀၀ ကနေ ၆၀၀၀၀ ၊ဧရာဝတီပေါ်ဆန်းက ၅၂၀၀၀ ကနေ ၅၅၀၀၀ ၊ ရက် ၉၀ ဆန်က ၃၅၀၀၀ ကနေ ၃၇၀၀၀ ကျပ်နဲ့ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ” ဆန်စျေးတွေတက်နေတော့ အဆင်ပြေအောင် ရောင်းပေးတဲ့သဘောပါ။ ၃…

Read More

ဒေါ်လာစျေးကွက် ကြိုက်ရောင်းကြိုက်၀ယ်ဖြစ်နေပြီး ရောင်းသူမရှိဖြစ်နေ

သြဂုတ် ၂-၂၀၂၂ VOM (GG) ဗဟိုဘဏ်က ဒေါ်လာအသုံးပြုမှုတွေနဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေ ဆက်တိုက်ဆိုသလို ထုတ်ပြန်အပြီး ပြည်တွင်းမှာ ဒေါ်လာစျေးကွက် ပျက်ကာ အရောင်းအဝယ်ကလည်း ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြစ်နေပြီး လက်ရှိမှာ ရောင်းသူမရှိဖြစ်နေတယ်လို့ သိရပါတယ်။ ဒေါ်လာစျေးကွက်ပျက်တဲ့နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ အခြေခံစားသောက်ကုန်စျေးနူန်းကို တိုက်ရိုက်အချိုးကျ ရိုက်ခတ်ပြီး အခုဆိုရင် ပစ္စည်းအားလုံး စျေးတက်ရောင်းချလာတာကိုတွေ့ရ ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စီးပွားရေးပညာရှင် ဘောဂဗေဒသန်းစိုးက ” ဒေါ်လာစျေးတွေဂယောက်ဂယက်ဖြစ်နေလည်း ကျွန်တော်တို့စျေးကွက်ထဲကိို လိုက်ကြည့်တဲ့အခါ ပို့ကုန်သွင်းကုန်ကလည်း ဥပမာဆို​ပါဆို့ သွင်းကုန်ကန့်သတ်ချက်တွေလိုက်ကြည့်တဲ့အခါ သွင်းကုန်တွေနဲ့ပတ်သက်ပြီးတော့ အမျိုးအမည်တွေလည်း ခွဲခြားထားတော့ အဲဒါက တပိုင်းပေါ့ ၊ ဗဟိုဘဏ်က ၁၈၅၀နဲ့ကန့်သတ်ထားတာက တပိုင်း ၊ အဲ့ဒီမှာ၂ပိုင်းရှိတယ်၊ ကုန်သွယ်မှုမှာလည်း အကန့်အသတ်တွေနဲ့ထိန်းချုပ်ထားတာရှိတယ်ပေါ့နော်၊ နောက် ကုန်သွယ်မှုကရလာတဲ့ဒေါ်လာတွေကိုလည်း ထိန်းချုပ်တဲ့နည်းတွေရှိတယ်၊ အဲဒီနှစ်ခုထဲကမှ ဒေါ်လာစျေးက တအားတက်နေတယ်ဆိုတဲ့အခါ စျေးကွက်ထဲမှာတက်နေတယ်ဆိုတာက ကျွန်တော်ထင်သလောက်တော့ စျေးကစားနေကြတာလို့ထင်တယ်၊ စျေးကွက်ထဲမှာ…

Read More

မြန်အောင်မှာ တနေ့ကို ငွေ ၂ သိန်းပေးပြီး လောင်းကစားရုံဆောက်ကာ လောင်းကစားတွေလုပ်နေတယ်လို့သိရ

သြဂုတ် ၁-၂၀၂၂ မင်းမြတ် ဧရာ၀တီတိုင်း၊မြန်အောင်မြို့နယ်ထဲက ငှက်ကြီးကွင်းကျေးရွာမှာ တနေ့ကို ငွေကျပ် ၂ သိန်းလိုင်း ကြေးပေးပြီး တရားမဝင်လောင်းကစားဝိုင်းတွေကို လောင်းကစားရုံဆောက်ပြီးတော့ ကျေးရွာတာဝန်ရှိသူတွေက ဦးဆောင်လုပ်နေကြတယ်လို့အမည်မဖော်လိုတဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။ ”ကိုယ်သိရလောက်တော့ မြို့နယ်ရဲစခန်းမှူးကို လောင်းကစားဝိုင်းတွေလုပ်ဖို့ခွင့်ပြုထားပေးဖို့ တနေ့ ငွေကျပ် ၂သိန်းပေးလုပ်ရတယ်၊ကျေးရွာရာအိမ်မှူးဆိုသူက အပိုင်နယ်မြေ နယ်ထိန်းကနေတဆင့်ပိုက်ဆံပေးပြီး လိုင်းကြေးပေးတော့ ဦးဆောင်လုပ်နေတာပါ၊ လောင်းကစားဝိုင်းတွေက ရွာမှာဇာတ်ရုံသဖွယ် လောင်းကစားရုံဆောက်ပြီးလုပ်နေတာတွေ့ရပါတယ်၊ဒီလို လောင်းကစားတွေပေါလာတော့ နဂိုက အလုပ်မရှိတဲ့သူတွေကလည်း လောင်းကစားဖက်ပါလာတယ်၊အလုပ်ရှိတဲ့ဒေသခံတွေကလည်း ရိုးရိုးသားသားလုပ်ကိုင်စားသောက်တာတွေကို စိတ်မပါတော့ဘဲ လွယ်လွယ်နဲ့ပိုက်ဆံရလွယ်လွယ်နဲ့ပြန်ကုန်တဲ့လောင်းကစားတွေကို စိတ်ပါလာပါတယ်။ကျောင်းသားလူငယ်တွေကအစ ကျောင်းဆင်းရင် လောင်းကစားဝိုင်းရောက်နေပါတယ်၊နောက်ပိုင်းကျ ရင် ကျောင်းမတက်ဘဲ လောင်းကစားတွေပဲ လုပ် တတ်လာတော့မယ်၊ဒေသမှာလည်း ခိုးဆိုးလုနှိုက်တွေ များလာပါတယ်၊ဒါတွေရဲ့ဇာတ်မြစ်ကဒီလောင်းကစားကြောင့်လို့ယူဆပါတယ်။”လို့ အဲ့ဒီကျေးရွာဒေသခံတဦးကပြောပါတယ်။ အဲ့ဒီဒေသမှာ ရာအိမ်မှူးက ဦးဆောင်ပြီး အပိုင်နယ်မြေရဲစခန်းက နယ်ထိန်းဖြစ်သူနဲ့ ပေါင်းပြီး နယ်ထိန်းကနေတဆင့် မြို့နယ်စခန်းမှူးကို တနေ့၂ သိန်းပေးပြီး ရွာရဲ့တောစပ်တစ်နေရာမှာ လောင်းကစားရုံဆောက်လုပ်ပြီးတော့ ဖဲဝိုင်း၊ဂျင်ဝိုင်း၊…

Read More

ရွှေစျေးနူန်းကစားတဲ့ ရန်ကုန်ကရွှေဆိုင်တွေကို အရေးယူမှုတွေလုပ်နေပြီလို့သိရ

သြဂုတ် ၁-၂၀၂၂ VOM (GG) ပြည်တွင်း ရွှေစျေးနူန်းကို စျေးကစားပြီး စျေးတင်ရောင်းနေတဲ့ ဆိုင်တွေကို တာဝန်ရှိတွေက စစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီကသိရပါတယ်။ ရန်ကုန်က ရွှေဆိုင်တွေကို စစ်ဆေးအရေးယူမှုတွေစတင်လုပ်ဆောင်နေတာဖြစ်ကြောင်း ၊ ရွှေဆိုင်အများစုမှာ အခေါက်ရွှေအရောင်းအဝယ် ယာယီရပ်ထားတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။ “အခုရန်ကုန်ထဲမှာ နေပြည်တော်ကတာဝန်ရှိသူတွေစိစစ်ပြီးအရေးယူမှုလုပ်နေပြီ။ အဲ့ဒီလောက်ပဲပြောလို့ရသေးတယ်။ ရွှေစျေးတည်ငြိမ်အောင် အရေးယူဆောင်ရွက်နေပါတယ်။လက်ရှိကတော့ ဆိုင်အကုန်လုံးအရောင်းအဝယ်ရပ်နေတဲ့သဘောဖြစ်​တာပေါ့ ။အကုန်လုံးကပစ္စည်းကိုင်ပြီးတော့ စောင့်နေတာပေါ့ အဓိကဒေါ်လာကစားတဲ့အပေါ်မူတည်ပြီးတော့ စျေးကတောက်လျှောက်တက်နေတာပေါ့။” လို့ ရွှေလုပ်ငန်းရှင်တဦးကပြောပါတယ်။ YGEA ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက နေ့စဥ် ထုတ်ပြန်နေတဲ့ ရည်ညွန်းစျေးက ရွှေတကျပ်သားကို သိန်း ၂၀နဲ့ ၆သောင်း ကျပ်သာရှိပေမယ့် ပြင်ပပေါက်စျေးက ဒီနေ့သြဂုတ်လ ၁ ရက်နေ့မှာဆိုရင် သိန်း ၂၂သိန်းနဲ့ ၅သောင်းကနေစပြီး အမြင့်ဆုံး ၂၃သ်ိန်းအထိ စျေးပေါက်နေတယ်လို့ သိရပါတယ်။ YGEA ကသတ်မှတ်တဲ့ ရည်ညွန်းစျေးဟာ ဗဟိုဘဏ်ကသတ်မှတ်တဲ့ တဒေါ်လာ ၁၈၅၀ ကျပ်နဲ့တွက်ချက်တာဖြစ်ပြီး…

Read More
VOM News

FREE
VIEW