တွံတေးနဲ့တောင်ဒဂုံမြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပြီး တဦးသေဆုံး၊ တဦး ဒဏ်ရာရ

သြဂုတ် ၂၊၂၀၂၂
KK(VOM)

ရန်ကုန်တိုင်း တွံတေးမြို့နဲ့တောင်ဒဂုံမြို့နယ်တို့မှာ မနေ့ သြဂုတ်၁ရက် ညပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့ရာ တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့တယ်လို့ ပစ်ခတ်မှုဖြစ်ရာ မြို့နယ်တွေဆီက သိရပါတယ်။

တွံတေးမြို့နယ်၊ ဘီခိုကျေးရွာမှာ မနေ့ညကိုးနာရီက အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့လို့ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသိန်းဝင်း သေဆုံးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ညဘက် သေနတ်သံတွေအဆက်မပြတ်ကြားရတာ ကရင်ချောင်းဘက်မှာ၊ စစ်တပ်ရောက်လာမှသိတာ ဦးသိန်းဝင်းကို လာပစ်သွားတယ်ဆိုတာ၊ ရွာကတော့ ဒလန်ဆိုပြီးလာပစ်တယ် ပြောတာပဲ”လို့ သူက ပြောပါတယ်။

သေဆုံးသူဟာ ဘီခိုကျေးရွာနေ ဦးသိန်းဝင်းဆိုသူဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာ​၆ချက်နဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက အတည်ပြုပြောဆိုပါတယ်။

အလားတူ တောင်ဒဂုံမြို့နယ်၊ ၂၅ ရပ်ကွက်မှာလည်း မနေ့ ညနေပိုင်းက ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပါသေးတယ်။

အုပ်ချုပ်ရေးမှူးရုံးဖွင့်ဖို့သွားတဲ့ ရာအိမ်မှူးဖြစ်သူ ဦးကျော်နိူင်ကို အမည်မသိသူတွေက ဆိုင်ကယ်နဲ့လိုက်လံပစ်ခတ်ခဲ့လို့ ကျည်ထိမှန်ဒဏ်ရာတစ်ချက်ရရှိကာ ဆေးရုံတင်ထားရတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ ဇူလိုင်လ ၃၁ ရက်ကလည်း ဗုံးပေါကဲကွဲမှုကြောင့် လူ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW