ဂျပန်၀န်ကြီးချုပ်ဟောင်းရှင်ဇိုအဘေးရဲ့ နိုင်ငံတော်စျာပန ဒေါ်လာ ၁ ဒသမ ၈ သန်း သုံးစွဲမယ်

တိုကျို၊ သြဂုတ်-၂၆-၂၀၂၂ မျိုးဆက်(VOM) ဇူလိုင်လအတွင်းက သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ကွယ်လွန်သွားတဲ့ ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးရဲ့ နိုင်ငံတော်စျာပနအတွက် ဂျပန်အစိုးရက ဒေါ်လာ ၁ ဒသမ ၈ သန်းသွားစွဲသွားမယ်လို့ သိရပါတယ်။ စျာပနအတွက် ကုန်ကျစရိတ်အားလုံးကို နိုင်ငံတော်ဘဏ္ဍာကနေ အကုန်အကျခံမှာဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ် အရန်ရန်ပုံငွေမှ ဒေါ်လာ ၁ ဒသမ ၈ သန်းသုံးစွဲရေးအတွက် သြဂုတ် ၂၅ ရက်မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။ စက်တင်ဘာ ၂၇ ရက်မှာ တိုကျိုမှာပြုလုပ်မယ့် ၀န်ကြီးချုပ်ဟောင်းရှင်ဇိုအဘေးရဲ့ နိုင်ငံတော်စျာပနသို့ နိုင်ငံတကာမှ ပုဂ္ဂိုဟ်တွေအပါအ၀င် ဧည့်သည် ခြောက်ထောင်ထိဖိတ်ကြားဖို့ ဂျပန်အစိုးရက စီစဉ်ထားပါတယ်။ စျာပနကျင်းပမယ့်နေရာ ပြင်ဆင်ဖို့ ဒေါ်လာ ၁ ဒသမ ၅ သန်း၊ ငှားရမ်းခနဲ့ ကြိုပို့လုပ်ငန်းအတွက် ဒေါ်လာ နှစ်သိန်းနှစ်သောင်းကျော် ကုန်ကျမှာဖြစ်ကာ လုံခြုံရေးနဲ့ အခြား၀န်ထမ်းစရိတ်တွေ မပါ၀င်သေးပါဘူး။…

Read More

ထိုင်း၀န်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံရတဲ့ ပရာယွတ်ချန်အိုချာ ကာကွယ်ရေး၀န်ကြီးအဖြစ် တာ၀န်ထမ်းဆောင်နေ

ဘန်ကောက်၊ သြဂုတ်-၂၆-၂၀၂၂ မျိုးဆက်(VOM) ရာထူးသက်တမ်းနဲ့ပတ်သက်ပြီး တရားရုံးက ပြန်လည်သုံးသပ်နေချိန်အတွင်း ၀န်ကြီးချုပ်ရာထူးကနေ ယာယီဆိုင်းငံ့ခံထားရတဲ့ ပရာယွတ်ချန်အိုချာဟာ ကာကွယ်ရေး၀န်ကြီးအဖြစ် ဆက်လက်တာ၀န်ထမ်းဆောင်နေတယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ ထိုင်းနိုင်ငံနဲ့ ပြည်သူတွေအတွက် ကာကွယ်ရေး၀န်ကြီးအဖြစ် မိမိရဲ့တာ၀န်တွေကို နေ့စဉ်ထမ်းဆောင်သွားမှာဖြစ်ကြောင်း ပရာယွတ်ချန်အိုချာက ပြောပါတယ်။ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ ၀န်ကြီးချုပ်တဦးရဲ့ ရာထူးသက်တမ်းကို ရှစ်နှစ်အထိသာကန့်သတ်ထားပါတယ်။ ပရာယွတ်ချန်အိုချာဟာ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူဖြစ်ပြီး အဲဒီနောက် အာဏာသိမ်းအစိုးရမှ ၀န်ကြီးချုပ်အဖြစ် တာ၀န်ယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရွေးကောက်ပွဲကျင်းပပြီး ၀န်ကြီးချုပ်တာ၀န်ဆက်လက်ထမ်းဆောင်ရာမှာ ရှစ်နှစ်သက်တမ်းပြည့်ပြီဖြစ်ကြောင်း ထိုင်းအဓိကအတိုက်အခံပါတီကနေ ဖွဲ့စည်းပုံခုံရုံးကို တင်သွင်းခဲ့ရာ ၀န်ကြီးချုပ်ပရာယွတ်ကို ရာထူးကနေ ယာယီဆိုင်းငံ့ဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဒုတိယ၀န်ကြီးချုပ်ဖြစ်သူ Prawit Wongsuwan ဟာ ယာယီ၀န်ကြီးချုပ်အဖြစ် တာ၀န်ယူနေပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခြင်းမရှိပါဘူး။ Ref: Reuters Photo: Vietnam Post…

Read More

ပခုက္ကူ ချည်မျှင်နဲ့အထည်ချုပ်စက်ရုံက ဗိုလ်မှူးလင်မယား ပစ်သတ်ခံရ

သြဂုတ် ၊ ၂၆ ၊ ၂၀၂၂ SP( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်မှာရှိတဲ့ အမှတ် ၅ ရွှေတန်းတင့် ချည်မျှင်နဲ့ အထည်ချုပ်စက်ရုံကို ဒီကနေ့ မနက်အစောပိုင်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်တာကြောင့် စက်ရုံတာဝန်ကျ ဗိုလ်မှူးလင်မယား သေဆုံးသွားပြီး စက်ရုံက ကား ၁ စီးလည်း ပျောက်ဆုံးနေတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” ဒီမနက် အစောပိုင်း ၆ နာရီဝန်းကျင်က ဖြစ်တာပါ ၊ အမည်မသိ လက်နက်ကိုင်အဖွဲ့က စက်ရုံထဲ ဝင်ပစ်တဲ့အတွက် ဗိုလ်မှူး အောင်ဇော်ဦး မိန်းမက နေရာမှာတင် သေဆုံးတယ် ၊ ဗိုလ်မှူးကတော့ ဆေးရုံရောက်ပြီး အချိန်အတော်ကြာမှ သေဆုံးတယ်လို့ ကြားရတယ် ၊ နောက်ပြီး စက်ရုံထဲက ကား ၁…

Read More

အိန္ဒိယရောက် မြန်မာနိုင်ငံသားတချို့ဆီက ၅ရက်အတွင်း မူးယစ်ဆေးဝါး သိန်း ၁ သောင်းကျော်ဖိုး ဖမ်းမိထား

သြဂုတ်၂၆ ၊ ၂၀၂၂ SP(VOM) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ၊ ကျန်ဖိုင်းခရိုင် ၊ မြန်မာ အိန္ဒိယ ၂ နိုင်ငံနယ်စပ်ဒေသမှာ အခုလ သြဂုတ် ၂၂ ရက်က စလို့ နေ့တိုင်းလိုလို မြန်မာတွေဆီကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အိန္ဒိယရောက် မြန်မာတွေဆီက မူးယစ်ဆေးဝါး ဖမ်းခံရတာနဲ့ ပတ်သက်ပြီး ၊ မီဇိုရမ်ပြည်နယ်မှာ ရောက်နေတဲ့ မြန်မာဒေသခံတယောက်က ” ဒီလ ၂၀ ရက်နောက်ပိုင်းမှာ မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံရတဲ့ မြန်မာ ၈ ဦးထက်မနည်း ရှိတယ် ၊ မူးယစ်ဆေးဝါး လက်ကြီးသမားတွေ ဖမ်းမိတာ ၃ ကြိမ်ရှိတယ် ၊ ကာလတန်ဖိုး ဒေသပေါက်စျေး ရူပီးငွေ သိန်းပေါင်း ၁၇၀၀ ၊ မြန်မာကျပ်ငွေ သိန်းပေါင်း ၁…

Read More

အရာတော်က မြို့နယ်စည်ပင် ဦးစီးအရာရှိ အမျိုးသမီး ပစ်သတ်ခံရ

သြဂုတ် ၊ ၂၅ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့၊ အမှတ် ၁ ရပ်ကွက် ၊ အောင်မဂ်လာနယ်မြေ ၊ မုံရွာ အရာတော်ကားလမ်းမှာ မနေ့ သြဂုတ် ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်က မြို့နယ်စည်ပင်အမှုဆောင် ဦးစီးအရာရှိအမျိုးသမီးကို အမည်မသိ လူ ၂ ယောက်က သေနတ်နဲ့ပစ်သတ်သွားတယ်လို့ အရာတော်မြို့ခံတွေဆီက သိရပါတယ်။ ” စည်ပင် အမှုဆောင်အရာရှိ ဒေါ်ဝါဝါဆွေ ၄၃ နှစ်ဟာ အောင်မင်္ဂလာနယ်မြေမှာရှိတဲ့ မြို့ရေပေးဝေးရေး စက်ရုံလမ်းကို ကွန်ကရစ်ခင်းဖို့အတွက် ဆာဗေးသွားလုပ်ပြီး ဝန်ထမ်း၂ယောက်နဲ့ ပြန်လာတဲ့အချိန် လမ်းမှာ အမည်မသိ လူ ၂ ယောက်က သေနတ်နဲ့ပစ်တယ် ၊ ဒေါ်ဝါဝါဆွေ လဲကျသွားတဲ့အခါ ဓားနဲ့ဝင်ခုတ်တယ် ၊…

Read More

တောင်ကိုရီးယားရဲ့ ကလေးမွေးဖွားမှုနှုန်း ကမ္ဘာ့အနိမ့်ဆုံးဖြစ်နေ

ဆိုးလ်၊ သြဂုတ်-၂၅-၂၀၂၂ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ အနိမ့်ဆုံးကျဆင်းသွားခြင်းနဲ့အတူ ကမ္ဘာ့ပေါ်မှာ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးနိုင်ငံအဖြစ် မှတ်တမ်း၀င်သွားပါတယ်။ နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းဟာ အမျိုးသမီးတဦးကို ကလေးတဦးနှုန်းမွေးဖွားတဲ့ ၂၀၁၈ ခုနှစ်က နှုန်းထက် ပထမဆုံးအကြိမ်ကျဆင်းသွားတာဖြစ်ပါတယ်။ မွေးဖွားမှုနှုန်းဟာ ယခင်နှစ်ကထက် ၀ ဒသမ ၈၁ ရာခိုင်နှုန်းကျဆင်းသွားပြီး ယမန်နှစ်ကထက် သုံးမှတ်ကျဆင်းသွားကာ ခြောက်နှစ်ဆက်တိုက် ကျဆင်းမှုလည်းဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့အတိုးတက်ဆုံးသောနိုင်ငံတွေရဲ့ ပျှမ်းမျှကလေးမွေးဖွားမှုနှုန်းဟာ ၁ ဒသမ ၆ ရှိတာကြောင့် တောင်ကိုရီးယားရဲ့ မွေးဖွားမှုနှုန်းက အလွန်ကျဆင်းနေတာဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ်တွေအတွင်းမှာတော့ တောင်ကိုရီးယားအမျိုးသမီးတဦးဟာ ပျှမ်းမျှကလေးလေးယောက် မွေးဖွားခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ရွှေ့ပြောင်းအခြေချသူတွေမပါ၀င်ဘဲ နိုင်ငံ့လူဦးရေကို ထိန်းသိမ်းဖို့ရာမှာ စုံတွဲတတွဲကို ကလေးနှစ်ဦး မွေးဖွားဖို့လိုအပ်ပါတယ်။ Ref: BBC Photo:AFP #voiceofmyanmar #VOM #ဆိုးလ်

Read More

ကျိုက်လတ် မြန်မာ့စီးပွားရေးဘဏ် ဓားပြတိုက်ရာမှာပါဝင်တယ်ဆိုသူ ၂ ဦး ဖမ်းဆီးရမိ

သြဂုတ်၊ ၂၅-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့မှာရှိတဲ့မြန်မာ့စီးပွားရေး ဘဏ်ကို မနေ့ သြဂုတ် ၂၄ ရက် နေ့လယ်ပိုင်းက ဓားပြတိုက်ချိန် ပါဝင်ခဲ့သူဆိုတဲ့ အမျိုးသား ၂ ဦးကို ဒီကနေ့ မနက်အစောပိုင်းက ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ “ဒီနေ့ မနက်ရဲ့ အစောပိုင်းကဖမ်းမိတာလို့ပဲသိရပါ ရယ် ၊ဖမ်းမိတဲ့ ဘဏ်ဓားပြတိုက်သူဆိုတဲ့သူ ၂ ဦးက လူငယ်တွေပါ ၊ အသက် ၂၀ ကျော်လောက်ပဲရှိမယ်၊ ဖျာပုံမြို့နယ်ဘက်ကလို့ သိရတယ်၊ သူတို့ ဘဏ်ကို ဓားပြလာတိုက်တုန်းက ပါတဲ့ သေနတ်တွေက ကော်စေ့ထည့်ပစ်ရတဲ့ သေနတ်တွေလို့သိရတယ် ၊ပိုက်ဆံငွေလည်း ပြန်ရတယ်လို့ သိရတယ် ၊ ဆက်ပြေးတာ မလွတ်တော့လို့ မိတာလို့သိရတယ် ၊အဲ့ဒီလောက်ပဲသိရသေးတယ်။”လို့ ဘဏ်နဲ့နီးစပ်သူတဦးကပြောပါတယ်။ မနေ့ သြဂုတ် ၂၄ ရက် နေ့လယ်ပိုင်းက ဘဏ်ထဲကို မျက်နှာဖုံးတွေစွပ်ထားတဲ့ အမည်မသိလူတွေက ဝင်ရောက်လာပြီး…

Read More

၁၇ နှစ်အရွယ်လူငယ်တဦး အသေးစားလေယာဉ်နဲ့ တကိုယ်တော် ကမ္ဘာပတ်ပြီး စံချိန်တင်

ဆိုဖီယာ၊ သြဂုတ်-၂၅-၂၀၂၂ မျိုးဆက်(VOM) ဆယ်ကျော်သက် လေယာဉ်မှူးတစ်ဦးဟာ လေယာဉ်ငယ်တစင်းနဲ့ ကမ္ဘာပတ် ပျံသန်းနိုင်တဲ့ အသက်အငယ်ဆုံးသူဖြစ်လာပါတယ်။ အသက် ၁၇ နှစ်အရွယ် မက်ခ်ရုသာဖို့ဒ်ဟာ နိုင်ငံပေါင်း ၅၂ နိုင်ငံကိုဖြတ်ကာ ငါးလကြာပျံသန်းခဲ့ပြီးနောက် သြဂုတ် ၂၄ ရက်မှာတော့ ဘူလ်ဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့မှာ ဆင်းသက်ခဲ့ပါတယ်။ ဗြိတိန်မိဘနှစ်ဦးမှ မွေးဖွားခဲ့ပေမယ့် ဘူလ်ဂေးရီးယားတွင် ကြီးပြင်းခဲ့သူ မက်ခ်ဟာ သူ့ရဲ့ခရီးစဉ်အတွင်း ဆူဒန်မှာ သဲမုန်တိုင်းနဲ့ကြုံတွေ့ခဲ့ရပြီး လူမနေတော့တဲ့ ပစိဖိတ်ကျွန်းပေါ်မှာလည်း တစ်ညတာနေထိုင်ခဲ့ရပါတယ်။ တကိုယ်တော်ပျံသန်းခြင်းအတွက် ယခင်ကစံချိန်တင်ထားခဲ့သူမှာ ဗြိတိန်ဆယ်ကျော်သက် ထရာဗစ်လဒ်လိုဖြစ်ပြီး ရက်ပေါင်း ၁၅၀ ကြာမြင့်တဲ့ သူ့ရဲ့ခရီးစဉ်ပြီးဆုံးချိန်မှာ အသက် ၁၈ နှစ်သာရှိပါသေးတယ်။ မက်ခ်ရုသာဖို့ဒ်ရဲ့ အစ်မဖြစ်သူ ဇာရာဟာလည်း လေယာဉ်ငယ်နဲ့ ကမ္ဘာပတ်ပြီး တကိုယ်တော်ပျံသန်းခဲ့တဲ့ အသက်အငယ်ဆုံးအမျိုးသမီးဖြစ်ပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #ဆိုဖီယာ

Read More

ယူကရိန်းရှိ ရထားဘူတာကို ရုရှားကဒုံးကျည်နဲ့တိုက်ခိုက်မှု လူ ၂၂ ဦးသေဆုံး ၊ ၅၀ ကျော်ဒဏ်ရာရ

ကိယက်ဗ်၊ သြဂုတ်-၂၅-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှု ခြောက်လမြောက်နေ့မှာ ယူကရိန်းရှိ ရထားဘူတာရုံကို ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် ၂၂ ဦးသေဆုံးသွားပါတယ်။ နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ Chaplyne မြို့မှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း လူငါးဦးဟာ ကားတစီးထဲမှာတင် မီးလောင်သေဆုံးခဲ့ပြီး ၁၁ နှစ်အရွယ် ကလေးငယ်တဦးလည်းပါ၀င်ပါတယ်။ တိုက်ခိုက်မှုကြောင့် ခရီးသည်တင်ရထားတွဲလေးတွဲ မီးလောင်ကျွမ်းခဲ့ပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ယူကရိန်းဘက်ကပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ထုတ်ဖော်ပြောကြားခဲ့ပြီး လူ ၅၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမရှိသေးပါဘူး။ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တယ်ဆိုတဲ့ကိစ္စကိုလည်း ရုရှားဘက်က ကြိမ်ဖန်များစွာ ငြင်းဆိုထားပါတယ်။ ဧပြီလအတွင်းကလည်း ယူကရိန်းရှိ ရထားဘူတာရုံတခုကို ရုရှားက တိုက်ခိုက်မှုကြောင့် လူ ၅၀ ကျော်သေဆုံးခဲ့ပါတယ်။ Ref: BBC Photo: Reuters #voiceofmyanmar #VOM…

Read More

ဒက္ခိဏခရိုင်တရားရုံးမှာ ဗုံးပေါက်မှုဖြစ်ပွားခဲ့ပြီး ရဲဒုတပ်ကြပ်နဲ့ တရားရုံးလုံခြုံရေးအစောင့် ဒဏ်ရာရ

သြဂုတ် ၂၅-၂၀၂၂ KT(VOM) နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးမှာ မနေ့ သြဂုတ် ၂၄ရက် ည၈နာရီ၀န်းကျင်က ဗုံး၄လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကနေ သိရပါတယ်။ တရားရုံးရှေ့ကို ကားတစီးပေါ်က အမျိုးသား၁ဦးဆင်းလာပြီး လက်လုပ်ဗုံး ၄ လုံးကို ပစ်ပေါက်ခဲ့ကာ နေပြည်တော်ကောင်စီလမ်းအတိုင်း ရာဇဌာနီလမ်းမကြီးဘက်ကို မောင်းပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် တရားရုံးတာ၀န်ကျ ရဲဒုတပ်ကြပ် ၁ဦး နူတ်ခမ်းပေါက်ပြဲ၊ ညာပေါင် ပေါက်ပြဲဒဏ်ရာ နဲ့ တရားရုံးလုပ်ခြုံရေး၀န်ထမ်းအစောင့် ၁ ဦးကတော့ ၀မ်းဗိုက် မိုင်းစထိမှန်ဒဏ်ရာတို့ ရရှိခဲ့ပြီး တရားရုံး အုတ်နံရံ နဲ့ ပလက်ဖောင်းတို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဒဏ်ရာရသူ ၂ ဦးကို ခုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ကုသနေပြီး ဗုံးလာရောက်ပစ်ပေါက်သူတွေကို စုံစမ်းနေတယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် #ပေါက်ကွဲမှု

Read More
VOM News

FREE
VIEW