ကျိုက်လတ် မြန်မာ့စီးပွားရေးဘဏ် ဓားပြတိုက်ရာမှာပါဝင်တယ်ဆိုသူ ၂ ဦး ဖမ်းဆီးရမိ

သြဂုတ်၊ ၂၅-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့မှာရှိတဲ့မြန်မာ့စီးပွားရေး ဘဏ်ကို မနေ့ သြဂုတ် ၂၄ ရက် နေ့လယ်ပိုင်းက ဓားပြတိုက်ချိန် ပါဝင်ခဲ့သူဆိုတဲ့ အမျိုးသား ၂ ဦးကို ဒီကနေ့ မနက်အစောပိုင်းက ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

“ဒီနေ့ မနက်ရဲ့ အစောပိုင်းကဖမ်းမိတာလို့ပဲသိရပါ
ရယ် ၊ဖမ်းမိတဲ့ ဘဏ်ဓားပြတိုက်သူဆိုတဲ့သူ ၂ ဦးက လူငယ်တွေပါ ၊ အသက် ၂၀ ကျော်လောက်ပဲရှိမယ်၊
ဖျာပုံမြို့နယ်ဘက်ကလို့ သိရတယ်၊ သူတို့ ဘဏ်ကို ဓားပြလာတိုက်တုန်းက ပါတဲ့ သေနတ်တွေက ကော်စေ့ထည့်ပစ်ရတဲ့ သေနတ်တွေလို့သိရတယ် ၊ပိုက်ဆံငွေလည်း ပြန်ရတယ်လို့ သိရတယ် ၊ ဆက်ပြေးတာ မလွတ်တော့လို့ မိတာလို့သိရတယ် ၊အဲ့ဒီလောက်ပဲသိရသေးတယ်။”လို့ ဘဏ်နဲ့နီးစပ်သူတဦးကပြောပါတယ်။

မနေ့ သြဂုတ် ၂၄ ရက် နေ့လယ်ပိုင်းက ဘဏ်ထဲကို မျက်နှာဖုံးတွေစွပ်ထားတဲ့ အမည်မသိလူတွေက ဝင်ရောက်လာပြီး ဘဏ်ဝန်ထမ်းတွေကို သေနတ်ထောက်ကာ ပိုက်ဆံတွေထည့်ခိုင်းပြီးတော့ ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် ကျိုက်လတ်မြို့ပေါ်နဲ့ မြို့အဝင်၊အထွက်ဂိတ်တွေကို လုံခြုံရေးတွေကပိတ်ဆို့ စစ်ဆေးတာတွေလုပ်နေရာ ဓါးပြတိုက်တုန်းက ပါဝင်သူ အမျိုးသား ၂ ဦးကို ဖျာပုံ-ကျိုက်လတ်လမ်းရဲ့ဂုံညှင်းတန်း တံတားအနီးမှာဖမ်းဆီးရမိခဲ့တာလို့သိရပြီး သူတို့ဆီပါသွားတဲ့ ငွေတွေကိုလည်း ဂုံညှင်းတန်းတံတားအောက်ကနေ ပြန်လည်သိမ်းရမိခဲ့တယ်လို့ သိရပါတယ်။

ဘဏ်ကို ဓားပြတိုက်သွားတဲ့သူ ၂ ဦးဖမ်းမိခဲ့ပေမယ့် ပိုက်ဆံတွေဘယ်လောက်ပြန်ရလဲ ၊ဘဏ်ကို ဓားပြတိုက်တဲ့သူက ၂ ယောက်ထဲလားဆိုတာကို သိရှိစေဖို့ သက်ဆိုင်ရာကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

တခြား မြို့တွေမှာတော့ ဘဏ်ဓားပြတိုက်ခံရတာတွေ မကြာခဏဖြစ်ပေါ်နေပေမယ့် ကျိုက်လတ်မြို့မှာ တော့၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ကနေ ၂၀၂၂ခုနှစ် သြဂုတ် ၂၄ ရက်အထိ ဒီလိုဘဏ်ဓားပြမှုဖြစ်ပွားတာဟာ ပထမဆုံးဖြစ်စဉ်ဖြစ်ပွားတာလို့လည်းသိရပါတယ်။

#voiceofmyanmar #VOM #ကျိုက်လတ် #ဘဏ်ဓားပြမှု

Related posts

Leave a Comment

VOM News

FREE
VIEW