၁၇ နှစ်အရွယ်လူငယ်တဦး အသေးစားလေယာဉ်နဲ့ တကိုယ်တော် ကမ္ဘာပတ်ပြီး စံချိန်တင်

ဆိုဖီယာ၊ သြဂုတ်-၂၅-၂၀၂၂
မျိုးဆက်(VOM)

ဆယ်ကျော်သက် လေယာဉ်မှူးတစ်ဦးဟာ လေယာဉ်ငယ်တစင်းနဲ့ ကမ္ဘာပတ် ပျံသန်းနိုင်တဲ့ အသက်အငယ်ဆုံးသူဖြစ်လာပါတယ်။

အသက် ၁၇ နှစ်အရွယ် မက်ခ်ရုသာဖို့ဒ်ဟာ နိုင်ငံပေါင်း ၅၂ နိုင်ငံကိုဖြတ်ကာ ငါးလကြာပျံသန်းခဲ့ပြီးနောက် သြဂုတ် ၂၄ ရက်မှာတော့ ဘူလ်ဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့မှာ ဆင်းသက်ခဲ့ပါတယ်။

ဗြိတိန်မိဘနှစ်ဦးမှ မွေးဖွားခဲ့ပေမယ့် ဘူလ်ဂေးရီးယားတွင် ကြီးပြင်းခဲ့သူ မက်ခ်ဟာ သူ့ရဲ့ခရီးစဉ်အတွင်း ဆူဒန်မှာ သဲမုန်တိုင်းနဲ့ကြုံတွေ့ခဲ့ရပြီး လူမနေတော့တဲ့ ပစိဖိတ်ကျွန်းပေါ်မှာလည်း တစ်ညတာနေထိုင်ခဲ့ရပါတယ်။

တကိုယ်တော်ပျံသန်းခြင်းအတွက် ယခင်ကစံချိန်တင်ထားခဲ့သူမှာ ဗြိတိန်ဆယ်ကျော်သက် ထရာဗစ်လဒ်လိုဖြစ်ပြီး ရက်ပေါင်း ၁၅၀ ကြာမြင့်တဲ့ သူ့ရဲ့ခရီးစဉ်ပြီးဆုံးချိန်မှာ အသက် ၁၈ နှစ်သာရှိပါသေးတယ်။

မက်ခ်ရုသာဖို့ဒ်ရဲ့ အစ်မဖြစ်သူ ဇာရာဟာလည်း လေယာဉ်ငယ်နဲ့ ကမ္ဘာပတ်ပြီး တကိုယ်တော်ပျံသန်းခဲ့တဲ့ အသက်အငယ်ဆုံးအမျိုးသမီးဖြစ်ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဆိုဖီယာ

Related posts

VOM News

FREE
VIEW